.

မိုးခေါ်မန္တန် နှင့် မိုးတိတ်မန္တန်

 


အခု ရာသီကာလသည် အလွန်ကိုပူပြင်းသော အချိန်ဖြစ်သည်။ ထိုကြောင့် ရာသီဥတု ပူသောအခါ မိုးရွာဖို့ တမ်းတကြတာ လူတိုင်းရဲ့ဓမ္မတာ ဖြစ်ပေသည်။ ဒီလိုပဲ ကျွန်တော်တို့ မှော်ပညာမှာလည်း အလုပ်ဖြစ်သော မိုးရွာစေတဲ့မန္တန် ရှိပါသည်။ မိမိ မိုးရွာစေချင်တယ်ဆိုရင် နည်းလမ်းရှိပါသည်။

ပထမဦးစွာ အရင်ဆုံး အိမ်ပြင်ထွက်လိုက်ပါ။ ကောင်းကင်ကို မော့ကြည့်ပြီး ကောင်းကင်တွင်ရှိသောတိမ်များကို ကြည့်၍ အောက်ပါအတိုင်း ကျယ်လောင်စွာအော်ပါ။

"Ancient Gods and Goddesses,
I invoke thee.
Waters from the sky,
Let it be."

"I command thee now,
to thee all.
Listen to my desire,
Rain fall!"အင်္ဂလိပ်လို အော်ပြီး ရွတ်ဆိုရပါမည်။ မြန်မာဘာသာပြန်လိုက်လို့ မရပါ။ သို့ပေမယ့် လူရဲ့စိတ်သည် အမျိုးမျိုးပြောင်းလဲကြတယ်။ မိုးအများကြီး ရွာလိုက်ပြန်တော့လည်း မိုးကိုတိတ်စေချင်ပြန်တယ်။ အဲဒီအတွက်လည်း မခက်ပါဘူး..။ မိုးတိတ်စေတဲ့မန္တန်လည်း ရှိပါသေးတယ်။ မိုးတိတ်စေတဲ့မန္တန်က အောက်တွင် ဖော်ပြထားပါသည်။

"Gods of power, Gods of might,
I bid you now, stop this plight,
Stop the rain, we need no more,
Let it fall, nevermore."
ဒီမန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုရပါမည်။ မိမိရဲ့စိတ်ထဲတွင် ကောင်းကင်မှ မိုးစက်များ ရွာမလာတော့ဘဲ မိုးတိတ်သွားသည်ဟု အာရုံပြုနေရပါမယ်။ ဒီမန္တ်ကို ရွတ်ဆိုရင်လည်း မိုးတိတ်စေရန် မိမိရဲ့စိတ်ဆန္ဒ ပြင်းပြနေရပါမည်။ ရာသီဥတုကို အမျိုးမျိုးလုပ်နိုင်သောအခါ ရတိုင်းမလုပ်သင့်ပါဟု အကြံပြုပြောကြားလိုက်ပါသည်။ အားလုံးပဲ မိုးစက်များနှင့်အတူတူ အေးအေးချမ်းချမ်း အိပ်စက်နိုင်ပါစေ။

မိုးကြယ်စင်
Tag : spell
0 Komentar untuk "မိုးခေါ်မန္တန် နှင့် မိုးတိတ်မန္တန်"

MM-Search. Powered by Blogger.
Back To Top