.

နတ်ဆိုးဗေဒနှင့်ဆက်စပ်သော နတ်ဆိုးများ (၁)

ရိုးရာယုံကြည်မှုများ ရှေးဟောင်းအယူဝါဒများ နှင့် ဒဏ္ဍာရီသမိုင်းကြောင်းများအရ နတ်ဆိုး(ခ)ဒေ၀တာ သည် လုံးဝကို သဘာဝလွန်ဖြစ်ရပ်များဖြင့် ဖွဲ့စည်းထားသော သက်ရှိသတ္တ၀ါတစ်မျိုးသာ ဖြစ်ပါသည်။ နတ်ဆိုးတွေဟာ အထိန်းအကွပ်မရှိတဲ့ အားတွေနဲ့ ပါဝင်ပေါင်းစပ်ထားပြီး မှားရင် တောင်းပန်လို့ မရတဲ့ ထိန်းချုပ်မှုကို အကာအကွယ်မဲ့ပြုလုပ်နိုင်တဲ့ ဒဏ္ဍာရီလာသတ္တ၀ါတစ်မျိုး ဖြစ်ပါသည်။             အီရာနီးယန်း ၊ အေဗီစတန် ၊ ဗီဒစ် ယုံကြည်မှုတို့ နှင့် ဥရောပအလယ်ပိုင်းဒဏ္ဍာရီ 
အပိုင်းအခွဲများတွင် နတ်ဆိုးတွေအပေါ်ထားရှိသော သဘောတရားသည် ရာစုနှစ်ပေါင်းများစွာအထိ ရှင်သန်ခဲ့ကြသည်။ ရှေးဟောင်းအီဂျစ်လူမျိုးများရဲ့ ယုံကြည်မှုများကတော့ လူသားဝိညာဉ်တွေကို ဖမ်းစားတတ်တဲ့ ထူးဆန်းသောကြောက်စရာသတ္တ၀ါ (မွန်းစတား) ကဲ့သို့ နတ်ဆိုးများကို တန်းတူထားရှိထားပါတယ်။ ဂရိယဉ်ကျေးမှုအရတော့ Daemon ဆိုသည့် နတ်ဆိုးသည် ပလေတိုနှင့်အခြားသော ရှေးဟောင်းစာရေးဆရာကြီးတွေရဲ့ စာများမှ ထွက်ပေါ်လာခဲ့သည်။ အလယ်ပိုင်းခေတ်နှင့်

အလယ်ပိုင်းခေတ်သစ်မှာတော့ နတ်ဆိုးဟုသည်စကားလုံးသည် ထင်ရှားကျော်စောသည့် ရောမယဉ်ကျေးမှုဟောင်းတို့ရဲ့ ပတ်ဝန်းကျင်များမှ ပေါ်ပေါက်လာခဲ့သည်။ ယနေ့ခေတ် ယဉ်ကျေးမှုပိုင်းမှာတော့ ကျိုးကြောင်းမဆင်မခြင် အယူသည်းမှုများဖြင့် နတ်ဆိုးများကို ကြောက်ရွံ့နေကြသည်။ တော်တော်များများက နတ်ဆိုးတွေက လူသားရဲ့ခန္ဓာကိုယ်အတွင်းကို ၀င်ရောက်ပြီး လူသားများရဲ့ခန္ဓာကိုယ်ကို ဖျက်စီးမှုများ ပြုလုပ်ကြသည်ဟူသော အယူသည်းမှုများလည်း ရှိကြလေသည်။ နတ်ဆိုးတွေက ခေတ်သစ်ယုံကြည်မှုတွေနဲ့ မှော်ဆိုင်ရာယုံကြည်မှုတွေမှာတော
့ အရေးကြီးသော ကွင်းဆက်တစ်ခုဖြစ်ပေသည်။ မြောက်ပိုင်းမှော်ဝင်ယုံကြည်မှုနှင့်ခေတ်ပြိုင်ဖြစ်သော အသူတစ်ရာချောက်မှာနေထိုင်တဲ့ နတ်ဆိုး ချိုရန်ဇွန်းကဲ့သို့သော နတ်ဆိုးတွေက အတွင်းစိတ်ပိုင်းဆိုင်ရာ လက္ခဏာထဲမှာ အရမ်းအသုံးဝင်သော ဥပစာတစ်ခုဖြစ်သည်။ ဒေ၀တာတွေရဲ့ရည်ရွယ်ချက်တွေက သူ့ဘာသာတည်ရှိနေပြီး အိုဟောင်းနေတဲ့ ယဉ်ကျေးမှုတစ်ခုသာသာပါပဲ။ နတ်ဆိုးလို့ခေါ်တဲ့ Demon ဆိုသည့် စကားလုံးသည် ရှေးဟောင်းဗဟိုဌာနလို့ သတ်မှတ်ထားလို့ ရပါသည်။ Merriam-Webster အဘိဓာန်မှာတော့ ပိုင်းခြားထားခြင်း ခွဲခြားထားခြင်းလို့ အဓိပ္ပာယ်ရရှိသော ဂရိစကားလုံး Daimon မှ ဆင်းသက်လာသည်ဟု ပြဆိုထားပါသည်။ Indo-European ဘာသာစကားနှင့်ယဉ်ကျေးမှုများတွင် ကောင်းကင်ဘုံနှင့်သက်ဆိုင်သော ၊ လင်းလက်တောက်ပနေသောလို့ အဓိပ္ပာယ်ရတဲ့ သန့်စင်တဲ့နတ်ဘုရားဆိုပြီး Deiwos လို့ ဖော်ပြထားပြန်တယ်။ မော်ဒန်ဂရိနှင့် ပါရှားရှေးဟောင်းစကားများတွင်လည်း ထိုနည်းလည်းကောင်း ဖော်ပြထားကြသည်။  ဒါပေမယ့် ရှေးဟောင်းဂရိဘာသာစကားမှာတော့ ၀ိညာဉ်တော်(သို့) ကိုယ်တိုင်နားလည်မှုမြင့်မားသူလို့ အဓိပ္ပာယ်ရတယ်။ လက်တင်ဘာသာစကားမှာတော့ နာနာဘာဝ(အံ့ဖွယ်သရဲ)လို့ အဓိပ္ပာယ်ရတဲ့ ဂျီးနီးယမ်ဆိုပြီး သုံးနှုန်းကြတယ်။
ရဟူဒီလူမျိုးစုတွေအရ အာဏာဖြင့်အုပ်ချုပ်သော ဒိုမီနီယံနိုင်ငံတော် ဘုရင်မင်းဖြစ်သူ အက်မိုဒီရပ်စ် ရဲ့လက်အောက်မှာ နတ်ဆိုးများရှိသည် ယုံကြည်မှုလည်း ရှိကြပါသည်။ နောက်တစ်မျိုးကတော့ သေဆုံးခြင်းတမန်တော်ဖြစ်သူ ဆင်မြူရယ်က သူ့ရဲ့သေဆေးရည်များကို တိုက်ကျွေးလိုက်သောသူများသည် နတ်ဆိုးများ ဖြစ်သွားကြသည်ဟု ယုံကြည်ကြပြန်သည်။
တစ်ခါတစ်လေကျတော့လည်း ဆေတန်လို့ ခေါ်ဆိုကြသည်။ ယုံကြည်မှုအတွေးအခေါ်ပညာရပ်အရ နတ်ဆိုးတွေရဲ့ ဘုရင်မက လက်တစ်ဖြစ်သည်။ သူမရဲ့ပုံစံမှာ အမြီးပါပြီး ရှည်လျားသောဆံပင်တွေရှိတဲ့ အာရီမာန်မိခင်တော်ဖြစ်သည်။

(၁) အေမွန်နတ်ဒေ၀တာ (Amon) အကြောင်း


နတ်ဆိုးဗေဒ (ခ) ဒေ၀တာဗေဒတွင် အေမွန်ဆိုသော နတ်ဆိုးသည် ငရဲပြည်၏မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ငရဲပြည်ရဲ့နေရာလေးဆယ်ကို အုပ်ချုပ်စီမံခန့်ခွဲသော ရှေးဟောင်းနတ်ဒေ၀တာ (၇၂)ပါးအနက်မှ နံပါတ်စဉ်(၇)ဖြစ်သည်။ ဒါကို The Lesser Key of Solomon ၏ နံပါတ်(၇)တွင် ကြည့်ရှုနိုင်ပါသည်။ သူရဲ့ ပုံသဏ္ဍာန်ကတော့ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါ
အေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပြီး လူ့လောကက လာရောက်ပါသည်။ သူက အတိတ် နှင့် အနာဂတ်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အတိတ် နှင့် အနာဂတ်တို့၏မှတ်ဥာဏ်ဟု ခေါ်ဆိုနိုင်ပါသည်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးချစ်ခင် မြတ်နိုးရန်အတွက် ပြုလုပ်ပေးနိုင်စွမ်းရှိပါသည်။ အေမွန်ကို အချို့နတ်ဆိုးဗေဒပညာရှင်တွေကတော့ အီဂျစ်နတ်ဘုရား အေမန်ဆိုသည့်နာမည်မှ ဆင်းသက်လာသည် ဆိုကြပါသည်။

The Lesser Key of Solomon ကျမ်းမှာ ဖော်ပြထားသည်မှာ......။


“နံပါတ်(၇)ဖြစ်တဲ့ ဒေ၀တာကတော့ အေမွန်ဖြစ်ပါတယ်။ တန်ခိုးအာဏာမှာတော့ စွမ်းအားပြင်းထန်လှပြီး ခက်ထန်သောပုံစံရှိသည်။ သူ့၏ပုံသဏ္ဍာန်မှာ မြွေပွေးအမြီးနဲ့ ၀ံပုလွေပုံစံဖြစ်ပြီး ပါးစပ်မှ မီးတောက်များထွက်လျက်ရှိပါသည်။ အထက်ပုဂ္ဂိုလ်များက အမိန့်ပေးစေခိုင်းသည့်အခါအေမွန်ဒေ၀တာသည် ခွေးသွားများပါဝင်သော ကျီးကန်းခေါင်းဖြင့်လူပုံစံ ဖန်ဆင်းနိုင်ပါတယ်။ အလွယ်ခေါ်မယ်ဆိုရင် ကျီးခေါင်းလူသားဟု ခေါ်ဆိုနိုင်ပါသည်။ အတိတ်တွင်ဖြစ်ပွားခဲ့သော ကိစ္စအားလုံး နှင့် အနာဂတ်တွင် ဖြစ်လာမည့်အကြောင်းအရာများကို ပြောပြနိုင်သူ ဖြစ်ပါတယ်။ မိတ်ဆွေ နှင့် ရန်သူအကြား မသင့်မြတ်မှုများကို ပြန်လည်သင့်မြတ်စေရန်နှင့် တစ်ဦးနှင့် တစ်ဦးချစ်ခင် မြတ်နိုးရန် စွမ်းဆောင်နိုင်စွမ်း ရှိပါတယ်။ စစ်တပ်တစ်တပ်တွင် ၀ိညာဉ်တော်ပေါင်း  3000 မှ 6000 အထိပါဝင်တဲ့ ဒေ၀တာစစ်တပ်လေးဆယ်ကို အုပ်ချုပ်ထားပါတယ်။ ဘေးနားက တံဆိပ်ကတော့ အေမွန်ဒေ၀တာနဲ့ ဆက်သွယ်နိုင်သော တံဆိပ်ဖြစ်ပါသည်။”
အေမွန်ဒေ၀တာရဲ့သင်္ကေတမှာ
 
   ရာထူး: မြင့်မြတ်သောပုဂ္ဂိုလ်
   ရာသီ: 1° - 10° Gemini (May 21 - 31)
   အချန်: နေ့
   ဂြိုဟ်t: လမင်း
   သတ္တူ: ငွေ
   တဲရော့: ဓားရှစ်ချောင်း

မိုးကြယ်စင်
Tag : demon
0 Komentar untuk "နတ်ဆိုးဗေဒနှင့်ဆက်စပ်သော နတ်ဆိုးများ (၁)"

MM-Search. Powered by Blogger.
Back To Top