.

သိဒ္ဓိရှင်ဝိဇ္ဇာဓိုရ်၊ မိစ္ဇျိမဇော်ဂျီတို့ အမြဲရွတ်ပွားလေ့ရှိသော အမလံမန္တရာ

သြောင်း အမလံ သိဒ္ဓိကမဉ္စ မာလာလ ဘတ္တိ သေဌတ္ထိ သဗ္ဗလာဘံ လဘိဿတိ သက္ကရောန္တိ ဘဝန္တုမေ အာဓိတျာ စန္ဒာ အင်္ဂါရံ ဘောမ ဗုဒ္ဓ ဂုရု သောကြဿ ဂြဟပတ္တိ သောရီ ရာဟု ကိတဉ္စ ပူဇာလော နဟန္တုမေ။
အာရက္ခာ သတ္တ သဗ္ဗေ မေတ္တ စိတ္တေန သဗ္ဗဒါ ဝဏ္ဏိ ဝဏ္ဏာ ပတ္တိ ပတ္တာ ပမတ္တော ဒေဝသာ ကာရောယ နတာ မယာ သတ္ထျိတ္တျာ သတ္တာကာ ပတ္တိစိတ္တာ နစိတ္တာ ပတိဌာနေ နမ္ဖုသျှာ မယှာသော ဟတ္တေ ဧတေန စတုရော လောပေါ မကတ္တာ ကန္တု မုတ္တမံ၊ အဂ္ဂိရာသိ ဂုရုပေတံ တဏ္ဏာ တမိဂြဟာ ပတ္တိ ဒုသုပိနံ ဒုပဘာစိ သုဂတော တေန သန္တံ သန္တံ တန္တု မန္တု မုဿွဟ။
(အ,မလံ = အ ၊ မရှိခြင်း၊ မလ = အညစ်အကြေး)


မန္တရားကို ရွတ်ပွားကျင့်ကြံလိုက မိုးသောက်ယံမှ နေမထွက်မှီကာလအတွင်း မြောက်ဖက်သို့ မျက်နှာမူကာ ဆောင့်ကြောင့်ထိုင်၍ အနန္တော အနန္တငါးပါးကို ရိုသေစွာ ကန်တော့ပါ။ခင်ပွန်းကြီး ဆယ်ပါးကို အပြစ်ရှိခဲ့သော် ဝန်ချတောင်းပန်ပါ။(ကြွေးရှင်းမှ ဘေးကင်းမည်။)ဝိဇ္ဇာဓိုရ်သူတော်စင်များကို တိုင်တည်၍ အနည်းဆုံး (၇)ကြိမ်ရွတ်ပါ။ သဒ္ဓါရှိက ကာလအတွင်း များများ ရွတ်လေကောင်းသည်။
သို့သော် တစ်ရက်နှင့် တစ်ရက် ရွတ်သည့်ကြိမ်ရေ တူညီရမည်။မိမိပြုခဲ့ဖူးသမျှသော ကောင်းမှုတို့ကို ဆင်ခြင်၍ မှန်ကန်စွာ တိုင်တည်သစ္စာပြုပြီး ယုံကြည်မှုသဒ္ဓါအားကောင်းလာပါက သူတော်စင် ပုဂ္ဂိုလ်ထူးများ ကိုယ်တိုင်ကြွလာ၍ ပညာထူးများ ပေးအပ်မည်။ရွတ်ဖတ်သရဇ္ဈာယ်သူ ထံသို့ ဇော်ဂျီတို့လာတတ်၏။ သတိပညာနှင့် ဆင်ခြင်၍ အပ်သည် မအပ်သည်ကို ချင့်ချိန်အပ်၏။အမြဲ သရဇ္ဈာယ်သူတို့ သည် တသ်သိအပ်သောပညာတို့ ပြီးစီး အောင်မြင် ခရီးပေါက်၏။လုပ်ကိုင်ကြံစည်သမျှ အောင်မြင်လွယ်၏။ မဟေသရ နတ်မင်းစောင့်သော မန္တရားဖြစ်သည်။အကျိုးအဆုံးစွန် ညွှန်းရသော် ဇရာကို ဆန့်နိုင်စေ၏။ပညာလိုလားသူတို့ ဥာဏ်ရှိသလို သုံးနိုင်၏။
Tag : Myanmar, spell
0 Komentar untuk "သိဒ္ဓိရှင်ဝိဇ္ဇာဓိုရ်၊ မိစ္ဇျိမဇော်ဂျီတို့ အမြဲရွတ်ပွားလေ့ရှိသော အမလံမန္တရာ"

MM-Search. Powered by Blogger.
Back To Top