.

အခြေအနေမပေးတဲ့ အချစ်ရေးကိစ္စ အဆင်ပြေစေနိုင်ဖို့

                       ကိုယ့်အနေနဲ့ ချစ်ခွင့်ပန်ဖို့၊ ဒါမှမဟုတ် သူနဲ့ပတ်သတ်ဖို့တောင်အခြေအနေမပေးပေမယ့် ကိုယ့်ဘက်က သူ့ကိုအရမ်းချစ်နေပြီးတော့ ချစ်စကားဖွင့်ပြောလို့ရမယ့် အခွင့်အရေးအပါအဝင် အခြားကိစ္စများကိုပါ အခြေအနေပေးလာစေဖို့အတွက် ဒါမှမဟုတ် မထင်မှတ်ပဲ ရုတ်တရက် မြင်မြင်ချင်းအချစ်တွေအတွက် အခွင့်အရေးရလာစေဖို့အသုံးချနိုင်ပါတယ်။ အခွင့်အရေးရစေဖို့အတွက်သာဖြစ်ပြီးတော့ ကြိုးစားဖို့ကတော့ သင့်တာဝန်ပါ။
                          ဘယ်လမှာမဆို လပြည့်ညအချိန်မှာ မေတ္တတရားကိုကိုယ်စားပြုတဲ့ အဖြူရောင်ဖယောင်းတိုင်၊ ပျော်ရွှင်လန်းဆန်းမှုကို ကိုယ်စားပြုတဲ့ ပန်းရောင်ဖယောင်းတိုင်နဲ့ အနက်ရောင်ဖယောင်းတိုင်တစ်တိုင်
တို့ကို သင့်ရဲ့ မှော်စားပွဲ (alter) ဒါမှမဟုတ် သန့်စင်တဲ့ စားပွဲတစ်လုံးကို အစီအရင်ပြုလုပ်ရာ စားပွဲတစ်ခုအဖြစ်သတ်မှတ်ပြီး  သင့်ကိုပျော်ရွှ့င်စေမယ့် ကံတရားကိုကျေးဇူးတင်ကြောင်းပြောပါ။ ပြီးနောက် လမင်းကိုကြည့်ကာ ဖယောင်းတိုင်များကိုမီးထွန်းညှိပါ။ မီးထွန်းညှိနေချိန်မှာလည်း အောက်ပါ မန္တန်လေးကိုရွတ်ဆိုပေးရမှာပါ ...။


"The kind Fates have blessed my home,
The kind Fates have blessed my heart,
The kind Fates have blesed my loved ones,
I offer thanks with a humble heart.
I thank the Goddess for my life,
I thank the Goddess for my love.
I thank the Goddess for continued blessings
already on their way.
Blessed be."

အဓိပ္ပာယ်ကတော့ "ကံတရားဟာ ကျွန်ုပ်အိမ်ကို ကောင်းချီးပေးခဲ့ပြီ .. ၊ ကံတရားဟာ ကျွန်ုပ်နှလုံးသားကို ကောင်းချီးပေးခဲ့ပြီ၊ ကံတရားဟာ ကျွန်ုပ်ချစ်သူသူကို ကောင်းချီးပေးခဲ့ပြီ ...ကျွန်ုပ်သည် ဖြူစင်သောနှလုံးသားနှင့် မိမိကိုယ်ကို နှိမ့်ချပြီး ကံတရားကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ...။ ကျွန်ုပ်ရဲ့ ကံကောင်းခြင်းတွေပြည့်နှက်လာတော့မယ့်ဘဝအတွက် နတ်ဘုရားများကိုကျေးဇူးတင်ပါတယ် ... ချစ်ခြင်းတရားတွေအတွက်လည်း နတ်ဘုရားများကိုကျေးဇူးတင်ပါတယ် ... ဒီလိုကျွန်ုပ်ကို ကောင်းချီးမေတ္တာဓာတ်များ ပို့သပေးတတ်သော နတ်ဘုရားများကိုလည်းကျေးဇူးတင်ပါတယ် .... ဒီအတိုင်း ဆက်လက်တည်တံ့နေနိုင်ပါစေ ..."
လို့အဓိပ္ပာယ်ရပါတယ် ...။ မန္တန်ရွတ်ဖတ်ပြီးချိန်မှာ သင်ဆန္ဒရှိမယ်ဆိုရင် အမွေးတိုင်များကိုလည်း ထွန်းထားလို့ရပါတယ်။ လတိုင်းရဲ့လပြည့်ညများမှာ လုပ်ခြင်းအားဖြင့် သင့်ရဲ့ကံကိုကောင်းစေနိုင်သလို အခြေအနေမပေးတဲ့ချစ်ခြင်းများအတွက်လည်း အဓိကထားအသုံးပြုနိုင်ကာ သီးသန့် တစ်လတည်းလုပ်လို့လည်းရပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ အခြေအနေမပေးသေးတဲ့အချစ်ရေးအခွင့်အလမ်းတွေ ရောက်လာမှာဖြစ်ပြီး ကြိုးစားရမှာကတော့ သင့်တာဝန်သာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
http://www.kcb-center.com/2015/02/blog-post_11.html
Tag : love
2 Komentar untuk "အခြေအနေမပေးတဲ့ အချစ်ရေးကိစ္စ အဆင်ပြေစေနိုင်ဖို့"

ကျေးဇူးတင်ပါတယ်မိတ်ဆွေ
ကူးယူခွင့်ပြုပါခင် ဗျာ

Las Vegas casinos - Dr.MCD
Las Vegas 이천 출장마사지 casinos · Golden Nugget Casino and the MGM 김제 출장마사지 Grand · The Cromwell Hotel Casino · The 구미 출장샵 Venetian and Resort · Bellagio · 구리 출장마사지 Mirage Hotel & Casino · The Mirage 거제 출장안마

MM-Search. Powered by Blogger.
Back To Top