စုန်းနာရီအချိန်ဆိုသည် လပြည့်ညသန်းခေါင်ယံအချိန်ကို ဆိုလိုတာဖြစ်ပါသည်။ ဒီအချိန်မှာ မန္တန်များကို ရွတ်ဆိုဖတ်ကြားတဲ့အခါမှာ စွမ်းအားအပြည့်ဆုံးအချိန် ဖြစ်ပါသည်။ ပြောင်းလဲမှုများ နှင့် အသွင်ပြောင်းမှုများကို ဖန်တီးချိန်လို့လည်း ပြောစမှတ်ပြုကြပါသည်။ စုန်းနာရီ၏အသမိုင်းကြောင်းကတော့ ကလေးမွေးဖွားမှုကိုစောင့်ရှောက်ပေးတဲ့ လနတ်သမီးကို ၀တ်ပြုကိုးကွယ်ခြင်းကနေ ခြေရာခံပါသည်။ လနတ်သမီး၏ဆုတောင်းခြင်းဖြစ်ရာ လဆန်းအချိန်တွေမှာ စွမ်းအားများကို သိုလှောင်ပေးပြီး လပြည့်အချိန်တွင် စွမ်းအားအကြီးဆုံးအချိန်အဖြစ် သတ်မှတ်ထားကြသည်။ ဥရောပမှာတော့ စုန်းနာရီကဲ့သို့သော အချိန်သည် စုန်း ၊ နတ်ဆိုးများ ၊ သရဲတစ္ဆေများ နှင့် သဘာဝလွန်သတ္တ၀ါအားလုံးတို့၏ အင်အားအကြီးဆုံးအချိန်ဖြစ်သည်ဟု ဆိုကြသည်။
စုန်းနာရီသည် ညသန်းခေါင်အချိန်ကျော်ဖြစ်ပြီး 12 နာရီအချိန်ကိုပဲ စုန်းနာရီဟု ယူဆရန်မလိုဘဲ သန်းခေါင်မှ မနက်သုံးနာရီအထိကို ရည်ညွန်းကြပါသည်။ ထို့ကြောင့် 3 AM အချိန်သည် စွမ်းအားသိမ်းအချိန်ဖြစ်တာကြောင့် သရဲတစ္ဆေများ၏ နောက်ဆုံးလုပ်ရပ်များကို ကမ္ဘာအနှံ့တွင် တွေ့မြင်ရပါသည်။
(ဆက်ရန်ရှိပါသေးသည်) မအားလို့ အလျင်အမြန်ရေးရလို့ပါ.။
Tag :
myths,
worldcraft
0 Komentar untuk "မှော်ဆရာတို့၏အချိန်နာရီ (ခ) စုန်းနာရီ (Witching Hour)"