.

သန့်စင်သော ရေစင်ပြုလုပ်နည်း

သန့်စင်သော ရေပြုလုပ်နည်းဆိုလို့ မိမိတို့ သောက်သုံးနေသည့် ရေ မသန့်ရှင်းဘူး ဆိုလိုသည်မဟုတ်ပါ။ မိမိမှော်ကျင့်စဉ်များ ပြီးမြောက်ဖို့အတွက် သန့်စင်သော ရေစင်ကို မဖြစ်မနေ ပြုလုပ်ထားသင့်ပါသည်။ ပြုလုပ်ကို ပြုလုပ်ရပါမည်။ ဒီစာကိုလည်း အီးမေးလ်ကနေလည်း ပေးပို့ပေးမည် ဖြစ်ပီး ကျောင်းသားတိုင်း ဆောင်ထားရမည် ဖြစ်ပါသည်။ ရေစင်ပြုလုပ်ဖို့အတွက် အရင်ဆုံး ပစ္စည်းတွေ ရှာထားရပါမည်။

လိုအပ်သောပစ္စည်းများမှာ--

(၁) နှင်းဆီအရည် လက်ဖက်ဇွန်းတစ်ဇွန်း

                           နှင်းဆီအရည်ပြုလုပ်နည်းတွေ ရှိပါသည်။ အလွယ်ဆုံးနည်းလမ်းမှာ နှင်းဆီပန်းအနီ အပွင့်ငါးပွင့်လောက်ကို ပွင့်ဖတ်တွေ ခြွေပါ။ ပွင့်ဖတ်များကို နှစ်ပွင့်ကို သပ်သပ်ဖယ်ထားပါ။ ကျန်သည့် ပွင့်ဖတ်များကို ငရုတ်ဆုံတွင် ထည့်ကာ ထောင်းပါ။ ဖြစ်နိုင်ရင် နှင်းဆီအရည်ပြုလုပ်ဖို့အတွက် ငရုတ်ဆုံသီးသန့် ၀ယ်ထားသင့်ပါသည်။ (မှတ်ချက်။       ။ မှော်အစီအရင်များ ပြုလုပ်သည့်အခါ ငရုတ်ဆုံများ ဓားများ (Alter ဓားမဟုတ် ၊ ဆေးရွက်များလှီးမဲ့ဓား) ပန်းကန်များကို သီးသန့် ဆောင်ထားသင့်ပါသည်။ ) ငရုတ်ဆုံဖြင့် ထောင်းလိုက်ပြီး ကြေညက်သွားသည့်အခါ လက်ဖြင့်ဖျစ်နှစ်ပြီး အရည်ကို ထုတ်ပါ။ ပန်းကန်လုံးတစ်လုံး သပ်သပ်ဖြင့် ထည့်ပါ။ ရရှိလာသောအရည်ဖြင့် ကျန်သည် နှင်းဆီပွင့်ဖတ်များကို ရောနှောလိုက်ပါ။ နှင်းဆီအရည်များထဲတွင် နှင်းဆီပွင့်ဖတ်များကို ပန်းကန်လုံးဖြင့် 24 နာရီ စိမ်ထားပါ။ 24 နာရီပြည့်သည့်အခါ အိုးတစ်လုံးထဲကို ရေအနည်းငယ် (ရေဗူးအဖုံးဖြင့် ဆယ့်ခြောက်ဖုံးလောက်) ထည့်ပြီး နှင်းဆီပွင့်ဖတ်များကို မီးဖြင့်ဆူစေပါ။ ဆူလာပြီး အငွေ့များထွက်လာသည့်အခါ အအေးခံပြီး အဖတ်များကို စစ်ပီး လွှတ်ပစ်လိုက်ပါ။ အရည်ကို အအေးခံပြီး ပုလင်းလေးတစ်လုံးထဲကို ထည့်ပါ။ အဲဒါကို နှင်းဆီအရည်အဖြစ် အသုံးပြုနိုင်ပါသည်။


(၂) ပင်လယ်ဆား စားပွဲတင်ဇွန်း (၃)ဇွန်း

                            ပင်လယ်ဆားဆိုသည်မှာ ကျွန်တော်တို့ စားသုံးနေသော ဟင်းချက်ဆားကို ဆိုလိုခြင်းမဟုတ်ပါ။ ပင်လယ်မှရသော ရေကို အခြောက်ခံပြီး ကျိုလိုက်သည့်အခါ ရေခန်းသွားသည့်နှင့် အိုးတွင်ကျန်ခဲ့သော ဆားကို ယူရပါတယ်။ ပင်လယ်ဆားရဖို့ အခက်အခဲရှိပါက ရိုးရိုးဆားနဲ့ပဲ ပြုလုပ်လိုက်ပါ။ ရိုးရိုးဆားကိုလည်း ရေဖျော်ပါ။ ရေဖျော်ပီး ပြန်ကျိုပါ။ ပြီးက ရေထပ်ဖျော်ပါ။ ဖျော်လိုက် ကျိုလိုက် သုံးခါလောက်လုပ်ပေးပါ။

(၃) နွေဦးရေခဲ (သို့)  {မိုးရေကို ရေခဲလုပ်} တစ်တုံး (တစ်တုံးဆိုသည်မှာ နည်းနည်းတော့ ကြီးပါသည်။ ဆားပျော်နိုင်ခြေရှိရမည်)

(၄) ဖန်ခွက်ကြီးတစ်ခွက်

(၅) လက်ကိုင်ပါသောမှန်တစ်ချပ်

 (၆) ဖလားခွက်တစ်ခွက်

ရေခဲတုံးသည် သန့်ရှင်းနေပါစေ..။ ထိုရေခဲတုံးကို ဖန်ခွက်ကြီးတစ်ခွက်ထဲမှာ ထည့်ပြီး အရည်ပျော်စေပါ။ ထိုနောက် အဲဒီဖန်ခွက်ကြီးကို ယူပြီး လပြည့်ညသန်းခေါင်မှာ အောက်ပါမန္တန်ကို ရွတ်ဆိုပါ။ မိမိသည် အိမ်ပြင်ထွက်လို့မရပါက လရောင်ကျသော ပြတင်းပေါက်အနားတွင် သွားရောက်လုပ်နိုင်ပါသည်။ မိမိသည် လရောင်ကျသောနေရာတွင် ထိုင်ချလိုက်ပါ။ မိမိ၏အ၀တ်အစားများသည်လည်း အသစ်မဖြစ်ရင်တောင် သန့်ရှင်းနေသော အ၀တ်အစားများ ဖြစ်နေရမယ်.။ ဖြစ်နိုင်ရင် အဖြူရောင်ဝတ်စုံများ ၀တ်ဆင်ထားသင့်သည်။ မိမိသည် တင်ပလွေခွေထိုင်ချလိုက်ပြီး ဖန်ခွက်ကို မိမိလက်နှစ်ဖက် ရင်ဘတ်နှစ်ခုအကြားတွင် ကိုင်ထားပါ။ ထိုနောက် မန္တန်ရွတ်ဆိုနေစဉ်အတွင်း ဖန်ခွက်ကို အပေါ်ကို ဖြေညှင်းစွာ သုံးကြိမ်မြောက်ပါ။ နောက်ဆုံးတစ်ကြိမ်တွင် မိမိ၏လက်သည် ဆန့်ထုတ်ပြီးသား ဖြစ်နေရမည်။ ရွတ်ဆိုရမည့် မန္တန်မှာ -

In the cloak of midnight hour
I call upon the ancient power
I seek the presence of the Lady and Lord
To bless this water that I will pour.

မိမိရဲ့ခေါင်းကနေ ခြေထောက်အထိ ရွေ့လျားသွားနေသော မိခင်ဓာတ် နှင့် ဖခင်ဓာတ်များကို ခံစားပါ။ မိမိ၏ကိုယ်ပိုင်စွမ်းအင်များသည်လည်း ရေခွက်ထဲကို ရောက်ရှိသွားပီဟုလည်း အာရုံပြုနေပါ။ လရောင်ဓာတ်ရော မိမိတွင်ရှိသော စွမ်းအင်များကို ဖန်ခွက်ထဲမှ ရေထဲကို ထည့်ပါ။ ပါးစပ်ကလည်း ရွတ်ဆိုနေပါ။ မိမိလုပ်ဆောင်ချိန်ကို ကန့်သတ်မထားပါ။ ဖန်ခွက်ထဲတွင် ရေထဲကို စွမ်းအင်များ ပြည့်နေပီဟု မိမိစိတ်က ထင်လိုက်သည့်အခါ နှင်းဆီအရည်ကို ထည့်လိုက်ပါ။ ရေကို ခလောက်လိုက်ပါ။ လရောင်ရဲ့အလင်းရောင်အောက်မှာ ဖန်ခွက်ကို ထားရင်း အောက်ပါ မန္တန်ကို ထပ်မံ ရွတ်ဆိုပါ။

In my hands, I hold the essence of the Gods,
I hereby cleanse and consecrate this water to Divinity
That it may be used for positive acts only
And may aid me in my magical work.

ရေထဲတွင် လနတ်ဘုရားမရဲ့မေတ္တာတော်တွေ ၊ စွမ်းအားတွေရောက်ရှိနေပီ စွမ်းအားရှိစော ရေဖြစ်နေပီဟု အာရုံပြုပါ။ အာရုံပြုပီးပါက ဆားတွေကို ထပ်မံထပ်လိုက်ပါ။ လက်ဖြင့်လှုပ်ခါလိုက်ပြီး ရေအတွင်းမှ စွမ်းအင်များကို ခံစားပါ။ ဆားသည် လနတ်သမီး၏စွမ်းအင်များ ပြည့်နှက်နေသည်ဖြစ်နေသည်ဟုလည်း အာရုံပြုထားပြီး အောက်ပါမန္တန်ကို ရွတ်ဆိုပါ။

In my hands I hold the essence of Earth Mother,
She whose bounty sustains all living creatures.
I hereby consecrate this salt to divinity,
That it be used for positive acts only
And may aid me in my magical work.

ရေထဲမှာ ပျော်ဝင်နေတဲ့ ဆားတွေနဲ့ ရေတွေထဲမှာ လနတ်ဘုရားမရဲ့စွမ်းအင်များသည် လရောင်နဲ့အတူ ကျရောက်နေပီဟု အာရုံပြုကာ ဖန်ခွက်ထဲမှာ ဆားတွေပိုမို အရည်ပျော်အောင် လက်ဖြင့်နာရီလက်တံအတိုင်း သုံးကြိမ် မွှေပေးပါ။ ပြီးနောက် ဖန်ခွက်ထဲကရေတွေကို ဖလားခွက်ထဲကို လောင်းထည့် ၊ ဖလားခွက်ထဲမှ ရေကို ဖန်ခွက်ထဲလောင်းထည့် ဒီလိုနဲ့ အပြန်အလှန် လောင်းထည့်ပါ။ ဘယ်လောက်အထိဆိုတာတော့ မိမိစိတ်ကြိုက်ပေါ့။ လောင်းထည့်နေရင်းနဲ့ မမှောက်စေနဲ့ပေါ့။ နောက်ဆုံးမှာ ဖလားခွက်ထဲမှာ ရေတွေ ရောက်ရှိသွားပီ။ ဖန်ခွက်ကို ဖယ်ထားလိုက်ပါ။ ဖလားခွက်ကို ဘယ်ဘက်လက်တွင်ကိုင် ၊ ညာဘက်လက်တွင် လက်ကိုင်ပါတဲ့မှန်ကို ကိုင်ပြီး လရောင်ကို မှန်ကနေ တစ်ဆင့်ခံယူပြီး ဖလားခွက်ထဲကို အလင်းပို့ပါ။ ထိုအချိန်မှာ မိမိပါးစပ်ကနေ တစ်မိနစ်လောက် အောက်ပါမန္တန်ကို ရွတ်ဆိုပေးပါ။

This liquid is now pure
And dedicated to the Lord and Lady.
It is free from all negativityIn any time and any space.

ပြီးပါက မှန်ကို အောက်ကိုချပြီး ရေထည့်ထားသောဖလားခွက်ကို မှန်ပေါ်မှာ တင်ပါ။ မိမိ၏လက်နှစ်ဘက်ကို ဖလားခွက်အပေါ်မှာ တင်လိုက်ပါ။ ဖလားခွက်နဲ့တော့ ထိလို့မရပါဘူး။ မိမိရဲ့လက်ထဲမှာကနေ သံလိုက်စွမ်းအင်များသည် တုန်ခါလာပြီး ရေထဲကို ၀င်သွားတယ်လို့ အာရုံပြုပေးပါ။ တတိယမျက်လုံးကို အသုံးချပြီး လက်ထဲကနေ ပန်းနုရောင်လှိုင်းများ ထွက်လာပြီး ရေထဲကို ၀င်နေသည်ဟု စိတ်ထဲမှာ ပုံဖော်နေပါ။ မိမိရဲ့လက်ချောင်းကို တြိဂံပုံစံပြုလုပ်ပါ။ ဘယ်ဘက်လက်ညှိုး နဲ့ ညာဘက်လက်ညှိုးခြင်း ထိ ၊ လက်မချင်းထိဆိုရင် သုံးထောင့်တြိဂံပုံစံ ပေါ်နေမှာပါ။ အဲဒီ တြိဂံထဲကနေ ပန်းနုရောင်လှိုင်းတွေရော လမင်းရဲ့အလင်းရောင်ပါ တြိဂံအပေါက်ထဲကနေ ၀င်သွားသည်ဟု အာရုံပြုနေပေးပါအုန်း။ စိတ်ထဲမှာတော့ ရေသည် ရေပုံစံမဟုတ်တော့ဘဲ လှိုင်းထနေသလိုလို အရောင်တွေရောနေသလိုလို ဖြစ်နေသည်အထိ ပြုလုပ်ပေးရမယ်။ မိမိတွင်ရှိသော စွမ်းအင်များကို လက်မောင်းကနေ လက်နှစ်ချောင်းလုံးမှာ ရောက်ရှိနေသည်ဟု ခံစားပြီး ရေထဲကနေ ဓာတ်တွေနဲ့ သယဇာတဖြစ်အောင် ပြုလုပ်ဆောင်ရွက်ပါ။ မိမိလက်ထဲရှိစွမ်းအင် နှင့် ရေထဲက စွမ်းအင် နှစ်ခုပေါင်းပြီး လှပလှသော စွမ်းအင်များ ရေနဲ့လက်အကြားမှာ ဖြစ်ပေါ်နေသည်ဟု အာရုံပြုနေရင်း အောက်ပါ မန္တန်ကို ရွတ်ဆိုပါ။

As I will
So mote it be
With the free will of all
And harm to none
This formula is done!

အားလုံး ပြီးဆုံးသွားပါက ရေကို လရောင်အောက်မှာ ဆယ်မိနစ်လောက်ထားပြီး ပုလင်းတစ်ခုထဲမှာ ထည့်ကာ ကာကွယ်ခြင်း ၊ တိုက်ခိုက်ခြင်း ၊ အစီအရင်ပေါင်းများစွာတွင် စွယ်စုံအသုံးပြုနိုင်သော ရေစင်ရပါပီ။ လပြည့်ညတိုင်းမှာ လရောင်ဖြင့် အားသွင်းပေးရပါမည်။ အားသွင်းနည်းကို ပြောပြပေးပါမယ်။ ဖြစ်နိုင်ရင် မဟူရာကျောက်ဖြစ်ဖြစ် သလင်းကျောက်ဖြစ်ဖြစ် တစ်ခုခုကို ရေစင်ထဲမှာ ထည့်ပေးပါက ပိုကောင်းပါသည်။ ကျောက်ကိုတော့ ဆားရည်နဲ့ဆေးပြီး သန့်ထားပေါ့။ နောက်လပြည့်အချိန်တွေမှာ အားသွင်းသည့်အခါ ဖလားခွက်ထဲကို ပုလင်းထဲမှာ ရေထည့်ပြီး မှန်ဖြင့် ရေခွက်ထဲရှိ ရေကို အလင်းပို့ပါ။ မိမိရဲ့စိတ်သည် ဒီရေထဲတွင် စွမ်းအင်များသည် ပိုမိုများပြားလာသည်ဟု အာရုံပြုရင်း အောက်ပါမန္တန်ကို ရွတ်ဆိုပါ။


Silver light Of full moon bright,
Silent power Of the witching hour,
Down come thee
As be my wish;
Fill the water of this dish.

ဒီရေစင်စီရင်နည်းသည် မိမိ၏စိတ်ကို အဓိက ပြောထားခြင်းကြောင့် မိမိစိတ်သည် စိတ်ဆိုးနေခြင်း ၊ ပူလောင်နေခြင်းဖြစ်နေပါက အဆင်ပြေမည်မဟုတ်ပါ။ မိမိရဲ့စိတ်သည် တည်ငြိမ်နေမှသာလျှင် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ အရာအားလုံးကို ပြီးဆုံးပါက သန့်စင်သော ရေစင်ကို ရပါပြီ။ မိမိအိပ်ယာနှင့် ပတ်ဝန်းကျင်ကို ပတ်ထားခြင်းဖြင့် အကာအကွယ်များ ပြုလုပ်နိုင်ပါတယ်။ ကာကွယ်နည်းမှာ ရေစင်ထဲမှာ ရေအနည်းငယ်ကို ဖလားခွက်ထဲကို ထည့်ပါ။ မိမိတို့ အိမ်မှ သောက်ရေကို ယူပါ။ ဘယ်လောက် ပတ်မှာသလဲအပေါ်မူတည်ပြီး ရေအနည်းအများ ချင့်ချိန်ပါ။ လက်ဖြင့်မွှေလိုက်ပြီး အောက်ပါမန္တန်ကို ကျယ်ကျယ်လောင်လောင်ဖြင့် ရွတ်ပါ။

Water of love and water of feeling,
provide me with spectacular healing.
Protect me from harm and evil to come,
encircle me with light and love from the sun.
As I drink to the lord, our one mighty father,
I ask of you now, do not let evil bother.
I wish to be touched by the angel of protection,
so protect me now from evil infection

ထိုရေကို မိမိအိမ်ပတ်ဝန်းကျင် နှင့် မိမိအိမ်ယာအနားတွင် ပတ်ဖျန်းထားလိုက်ပါ။ ဒီမန္တန်၏အစွမ်းသည် တစ်ရက်တာပဲ ကာကွယ်ပေးနိုင်သော်လည်း ရေစင်ဖြင့် ရောလိုက်သည့်အတွက် တစ်ပတ်လောက် အစွမ်းထက်ပါသည်။ အိမ်မက်ဆိုးတွေ မမက်စေရအောင်အသုံးချလို့ပါက ဖန်ခွက်ထဲကို ရေစင်အနည်းငယ်ထည့်ပါ။ သောက်ရေးအနည်းငယ်ထည့်ပါ။ ထိုနောက် အောက်ပါမန္တန်ကို ရွတ်ဆိုပြီး ရေများကို မိမိအိပ်သော ခေါင်းအုံးကို ရေနဲ့ပတ်ပါ။ ခေါင်းကိုလည်း ရေစွတ်ပါ။


Bring me quiet
Bring me peace
Ease my dreams
Nightmares cease

ငွေကြေးအစီအရင်များ အဆင်ပြေစေဖို့အတွက် ရေစင်ကို လက်နှစ်ဘက်မှာ စွတ်ပါ။ လက်ခုပ်တီးပြီး အောက်ပါမန္တန်ကို (၉)ကြိမ် ရွတ်ဆိုပါ။

Money comes and money goes but lack of money brings me woes
This unpaid bill
Is not my will shower of money with coins to spare to waste a cent
I do not dare
Please bring to me enough to last as this spell in earnest
I do cast So as I burn this list of need
I know my wallet is completely freed my bank balance has grown so
I see with this I ask so mote it be.

ကျန်တာတွေ ရှိပါသေးတယ်။ မရေးပြတော့ပါ။ ဥာဏ်ရှိသလို သုံးကြပါ.။



မိုးကြယ်စင်
0 Komentar untuk "သန့်စင်သော ရေစင်ပြုလုပ်နည်း"

MM-Search. Powered by Blogger.
Back To Top