.

----ဆန်တော်(Centaurs)----

ဆန်တော်(Centaurs)ဆိုသည်မှာ မှော်လောကဒဏ္ဍာရီလာ မြင်းတပိုင်း လူတပိုင်းသတ္တ၀ါတစ်ကောင်ဖြစ်ပါသည်။ ကျွန်တော်တို့တွေ ကြည့်ရှုနေကြဖြစ်တဲ့ မှော်ဇာတ်ကားတွေထဲမှာလည်း ဆန်တော်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ သူတို့တွေကို ကြောက်မက်ဖွယ်သတ္တ၀ါတစ်ကောင်လို့ ဖော်ပြကြပြီး ဂရိနိုင်ငံသပ်(စ်)စလေ (Thessaly) ဒေသနဲ့အာကေးဒီးယား (Arcadia)ဒေသမှာ ရှိတဲ့ တောင်တန်းတွေပေါ်မှာ နေထိုင်ကြ တယ်လို့ယုံကြည်ကြတယ်။သူရဲ့ ပုံသဏ္ဍာန်က ခေါင်းကနေစပြီး ခါးအလယ်ပိုင်းအထိက လူတစ်ယောက် ရဲ့ ပုံစံရှိပြီးတော့ ခါးအောက်ပိုင်းမှာတော့ မြင်းရဲ့ခန္ဓာကိုယ်နဲ့ခြေထောက်တွေပါရှိတယ်။

သူတို့ရဲ့ အကျင့်စရိုက် အမူအကျင့်က ရိုင်းစိုင်းရက်စက် ပြီးတော့ပြင်းပြင်းထန်ထန်နဲ့ အကြမ်း ပတမ်း နိုင်ကြတယ်လို့ ဆိုလေ့ရှိတယ်။ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက အရက်ကို အလွန်အ ကျွံသောက်သုံး နိုင်ကြပြီးတော့ အာသာရမ္မက် ပြင်းထန်ကြလို့ဖြစ်တြယ်။ တစ်ခါတစ်ရံမှာ သူတို့တွေက ဂရိနတ်ဘုရားတစ်ဦး ဖြစ်တဲ့ ယမကာနတ်မင်း ( God of Wine)  ဒိုင်ယွန်နိုင်ဆက် (Dionysus) ရဲ့ နောက်လိုက်တွေလို့တောင် ဖော်ပြကြတယ်။

ဒဏ္ဍာရီတွေထဲမှာ ဆန်တော်တွေက သူတို့နေထိုင်ရာ သပ်(စ်)စလေ ဒေသက လပ်(ဖ်)တစ် (Lapith) လူမျိုးစုတွေရဲ့ဘုရင် မင်္ဂလာဆောင် အခမ်းအနားကိုတတ်ရောက်ကြပြီးတော့ မင်္ဂလာပွဲမှာ အရက်တွေ မူးရူးပြီး ဘုရင့်ရဲ့ သတို့သမီးနဲ့ တခြားမိန်းကလေးတွေကို လုယူ ထွက်ပြေးသွားကြတယ် လို့ဖော်ပြကြတယ်။ ဆန်တော် တွေနဲ့ လက်(ဖ်)တစ်တွေက အရင်တုန်းက ရင်းနှီးခင်မင်ကြပေမယ့် ဆန်တော်တွေရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေ ကြောင့် သူတို့ မျိုးနွယ်စုနှစ်ခုကြားမှာ စစ်ပွဲတွေ ဖြစ်ပွား လာတော့တယ်။နောက်ပိုင်းမှာ ဆန်တော်တွေ တိုက်ပွဲမှာရှုံးနိမ့်သွားပြီး သပ်(စ်)စလေဒေသ ကနေ မောင်းထုတ်ခြင်းခံခဲ့ရတယ်။ သူတို့ရဲ့ စစ်ပွဲတွေအကြောင်းကို ဂရိဂန္တ၀င်စာပေတွေ မှာရေးသားဖော်ပြထားကြပါတယ်။

ခြွင်းချက်အနေနဲ့ သူတို့ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေလည်းရှိပါတယ်။အဲဒါကတော့ ဆန်တော် ကိုင်ရွန်(Chiron)ဖြစ်ပါတယ်။သူကို ဆန်တော်တွေထဲမှာ ပညာအရှိဆုံးနဲ့ စိတ်ကောင်းအရှိ ဆုံးဆန်တော် အဖြစ် သတ်မှတ်ကြတယ်။သူက ဂရိသူရဲကောင်းအမြောက်အမြားကို ပညာတွေ သင်ပေးခဲ့တယ်။ ထင်ရှားတဲ့ဂရိ သူရဲကောင်းတွေဖြစ်တဲ့ အာခီးလီး(Achilles) ၊ဟာကြူလီ (Herculie) ၊ဂျေဆင် (Jason) တို့ကလည်း သူ့ဆီမှာ ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။

လင်းညို့တာရာ

Tag : myths
0 Komentar untuk "----ဆန်တော်(Centaurs)----"

MM-Search. Powered by Blogger.
Back To Top