.

စိတ်ထိုင်းမှိုင်းခြင်းများ ပြေဖျောက်ခြင်းမန္တန်

မနက်စောစောပိုင်းလောက် အပြင်ကို ထွက်ပြီး သစ်ပင်ကြီးတစ်ပင်ရှာပါ။ ၀က်သစ်ချပင်ဆိုရင် ပိုကောင်းပါတယ်။ မြန်မာမှာတော့ ရှားပါတယ်။ ဒါကြောင့် အပင်ကြီးကြီး ညောင်ပင်တို့ ကုက္ကိုပင်တို့ စသဖြင့်ကို ရှာပါ။ အပင်ကြီးတွေကိုပဲ ရှာရမှာပါ။ တွေ့ပါက ပင်စည်ကို သင့်ရဲ့ စွမ်းအားရှိတဲ့လက်နဲ့ ကိုင်လိုက်ပါ။ စွမ်းအားရှိတဲ့လက်ဆိုသည်မှာ လက်နှစ်ဘက်ကို ရှေ့ကိုချ ငါလက်နှစ်ဘက်မှ စွမ်းအားတွေ ထွက်သွားပြီလို့ အာရုံယူ ညာဘက် သို့ ဘယ်ဘက် လက်တစ်ဘက်မှ ပူရှိန်းရှိန်း အရသာမျိုးခံစားရပြီဆိုရင် အဲဒီလက်က စွမ်းအားရှိတဲ့လက်ပဲ ဖြစ်ပါတယ်။ အဲဒီ စွမ်းအားရှိတဲ့လက်နဲ့ ပင်စည်ကို ထိပြီး အောက်ပါ အတိုင်း ပြောရပါမည်။

"Blessed tree,
my brother (or sister) of wood,
I am in great need of your healing.
I feel hollow inside, as my depression grips at my very heart.
I ask that you aid me, assist me in healing myself of this.
Please assist me to feel strong and solid inside,
assist me in being happy again."

ကဲ ရွတ်ဆိုပြီးစီးပါက ထိုင်ချလိုက်ပါ။ မျက်နှာကို နေကိုမျက်နှာမူပါ နောက်ကျောတွင် သစ်ပင်ပင်စည်ရှိရမည်။ ပြီးရင် သစ်ပင်ရဲ့ပင်စည်အတွင်းမှာ အရည်ပျော်ကြသွားပြီလို့ အာရုံပြုပါ။ ငါသစ်ပင်ကြီးနဲ့ တစ်သားတည်း ဖြစ်သွားပြီ။ ငါ့မှာ စိမ်းလန်းနေတဲ့ သစ်ရွက်စိမ်းကလေး ရှိနေပြီ။ စိုစွတ်လှတဲ့ အကိုင်းအခတ်လေးတွေနဲ့ ဝေဖြာနေပြီလို့ အာရုံပြုပါ။ နေရောင်ခြည်မှ စွမ်းအင်များကို ငါစုပ်ယူနေပြီ။ အရှင်နေမင်းရဲ့ ၀မ်းသာမှုတွေကို ငါရရှိပြီ။ စိတ်ညစ်မှု ထိုင်းမှိုင်းမှုများကို အရှင်နေမင်း သစ်ပင်ကနေတစ်ဆင့် တွန်းထုတ်လိုက်ပြီ။ နေမင်းကြီးရဲ့ စွမ်းအင်တွေ ပြည့်နေပြီ။ စွမ်းအင်တွေ အတိုင်းအဆမရှိ ၀င်ရောက်ဖို့ ငါခွင့်ပြုတယ်။

အဲဒီအချိန်မှာ သင်သည် သစ်ပင်တစ်ပင်ဖြစ်သည်။ အကိုင်းအခက်တွေ သစ်ရွက်တွေ ရှိနေပြီဖြစ်သည်။ အထက်ပါအတိုင်း စိတ်ထဲမှ လှိုက်လှဲ အာရုံပြုပြီးပါက မျက်လုံးကို ဖွင့်လိုက်ပါ။ နောက်ကို လှည့်ပြီးတော့ သစ်ပင်ကြီးကို ကျွန်တော်/မ ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်ကို စိတ်ချမ်းသာမှုတွေ အေးမြမှုတွေကို ပေးအပ်လိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သစ်ပင်များနှင့်သင်သည် အဲဒီနောက်ပိုင်း တစ်သားတည်း ဖြစ်သွားပါပြီ။

လင်းညို့တာရာ

Tag : spell
0 Komentar untuk "စိတ်ထိုင်းမှိုင်းခြင်းများ ပြေဖျောက်ခြင်းမန္တန်"

MM-Search. Powered by Blogger.
Back To Top