.

ရေကိုထိန်းချုပ်နည်း

မှော်ပညာကဲ့သို့ ထူးဆန်းသောအစွမ်းများကို ထုတ်ပြနိုင်သော သဘာဝလွန်ဖြစ်ရပ်အခြေအနေတွေ အများကြီးတည်ရှိပါသည်။ ထိုအရာများဖြင့် မှော်ပညာသည် ထူးဆန်းသောဖြစ်ရပ်အခြေအနေတစ်ခုအဖြစ် သိပ္ပံပညာကို အသုံးပြုပြီး တိုင်းတာလို့
မရနိုင်ခြင်း ဖြစ်ပေသည်။

*(က) စိတ်တန်ခိုး (ခေါ်) ချီကိုနစ်*


အခြေခံအကျဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့အရာသည် အက်တမ်တစ်လုံးကို အဲလထရွန် ၊ နျူထရွန် ၊ ပရိုတွန်စတဲ့ သေးငယ်တဲ့ပစ္စည်းလေးတွေနဲ့ ဖွဲ့စည်းထားသလိုမျိုးပဲ
ဘာမှကွာခြားမှုမရှိပါဘူး။ ထိုကြောင့် အဲလထရွန်ရဲ့ပြောင်းလဲမှုအပေါ် မူတည်ပြီး အရာအားလုံး သက်ရောက်မှုတွေ ဖြစ်ပေါ်လာကြသည်။ ဓာတ်လိုက်သည့်အခါ
ကျွန်တော်တို့၏ဆံပင်များထောင်သွားသလိုမျိုးပေါ့။ လူသားတွေနဲ့ သတ္တ၀ါတိုင်းတို့၏တွေးထင်မှုများသည် ဦးနှောက်မှ လျှပ်စစ်လှိုင်းများကို ထုတ်လွှတ်ပေးသည်။ ထိုကြောင့် ဦးနှောက်သည် အာရုံကြောအဖွဲ့အစည်း နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်လေသည်။ ဦးနှောက်မှ လျှပ်စစ်သံလိုက်လှိုင်းတွေကို ကျွန်တော်တို့၏ခန္ဓာကိုယ်ကြီး ထူးဆန်းသော သက်ရောက်မှုတွေ ဖြစ်ပေါ်စေဖို့အတွက် အာရုံကြောအဖွဲ့အစည်းတစ်လျှောက် ပို့ဆောင်ပေးသည်။ စိတ်စုစည်းခြင်း နှင့် ကြွက်သားတွေကို
ဖြေလျော့ခြင်းများကဲ့သို့ ဖြစ်ပေသည်။ ယခုအချိန်တွင် ဦးနှောက်သည် အာရုံကြောအဖွဲ့အစည်းတစ်လျှောက် လျှပ်စစ်လှိုင်းတွေမပါဘဲ တစ်စုံတစ်ခုကို
ဖြစ်စေနိုင်သည် တွေးတောလိုက်ပါ။ စိတ်ထဲမှာ ဖြစ်နိုင်တယ်လို့များ ထင်မိလား။ ဖြစ်နိုင်စွမ်းရှိပါသည်။ ဘာလို့လဲဆိုတော့ ဦးနှောက်သည် လျှပ်စစ်လှိုင်းတွေကိုလည်း အာရုံကြောအဖွဲ့အစည်းမှတစ်ဆင့် ပေးပို့နိုင်သလို
လေကနေလည်း ပို့လွှတ်နိုင်ပါသည်။ စိတ်ထဲမှာအမြဲတမ်း မှတ်ထားဖို့က အရာအားလုံးသည် အဲလထရွန် ၊ နျူထရွန် ၊ ပရိုတွန်နဲ့ ဖွဲ့စည်းထားပါသည်။ ကျွန်တော်တို့
အသံရှုသွင်း ရှုထုတ်နေတဲ့ လေလည်းပဲ အဲလထရွန် ၊ နျူထရွန် ၊ ပရိုတွန်တွေနဲ့ ဖွဲ့စည်းထားတာပဲလေ။ ဒီအကြောင်းအရာသည် ရိုးရှင်းသော အာရုံပြောင်းလဲမှု အခြေအနေကြားမှာ တိုက်ရိုက်ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမပါဝင်ဘဲ
အမှန်တကယ်တည်ရှိနေသော ရုပ်ပိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခုအတွင်း ပြောင်းလဲမှုတစ်ခုကို သက်ရောက်မှုတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲပေးနိုင်သော အစွမ်းဖြစ်သည့် ချီကိုနစ်ရဲ့အခြေခံစနစ်တစ်ခုဖြစ်ပေသည်။ မနောစိတ်ပညာရှင်များသည်
အတွေးများ နှင့် ဦးနှောက်မှဖြစ်သော လျှပ်စစ်လှိုင်းများမှ ဖြစ်ပေါ်သက်ရောက်သွားတဲ့ ပတ်ဝန်းကျင်၏ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေနဲ့အတူ ထိုလှိုင်းများကြောင့် ပြောင်းလဲသွားသော လေထုထဲတွင်ရှိသော အက်တမ်လေးများအထိပါ လေ့လာနိုင်ပါသည်။

*(၁) ချီကိုနစ်မှာ နှစ်ခုရှိသည်။*
*(က) ရုပ်ပိုင်းဆိုင်ရာနည်းလမ်း*

ဒီနည်းလမ်းသည် အရာဝတ္ထု ၊ ပစ္စည်းတစ်ခု၏ရွေ့လျားစွမ်းအင်ကို အသုံးချမှုအပေါ်ကို ဦးတည်ထားသည်။ ရွေ့လျားစွမ်းအင် မြှင့်တက်လာလေလေ (သို့) လျော့ပါးလာလေလေ ချီကိုနစ်သည် မီးလောင်စေရန် ၊ ရေကိုခဲသွားစေရန်စတဲ့ ကြီးမားသောသက်ရောက်မှုပြင်းပြင်းကို ထုတ်လုပ်ပေးနိုင်ပေသည်။ ရွေ့ လျားစွမ်းအားတွင် စွမ်းအင်ခြားနားမှု နှင့် အဲဒီစွမ်းအင်များကို အသုံးချတတ်မှုအပေါ်တွင် မူတည်ပီး ပုံစံများ မြောက်မြားစွာရှိသည်။

အောက်တွင် စွမ်းအင်များအပေါ်အသုံးချမှုအပေါ်မူတည်ပီး ကျင့်နည်းပုံစံများ ဖြစ်ပါသည်။

(၁) တယ်လီကေနက်စစ် - စိတ်ဖြင့်အရာဝတ္ထုကို ရွေ့လျားစေနိုင်သောပညာရပ်
(၂) ဟိုက်ဒြိုကေနက်စစ်  - ရေကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၃) ခရိုင်ရိုကေနက်စစ် - အပူချိန်ကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၄) ပိုင်ရိုကေနက်စစ်   - မီးကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၅) ဂျီအိုကေနက်စစ်    - မြေကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၆) ဖိုတိုကေနက်စစ်    - အလင်းရောင်ကို ထိန်းချုပ်နိုင်သောစွမ်းရည်
(၇) မက္ကနက်တိုကေနက်စစ် - သံလိုက်စက်ကွင်းကို ထိန်းချုပ်နိုင်သော စွမ်းရည်
(ဂ) ဂိုင်ရိုကေနက်စစ်   -  ဆွဲငင်အားများကို ထိန်းချုပ်နိုင်သော စွမ်းရည်
(၉) အဲရိုကေနက်စစ်   - လေကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၁၀) ဘိုင်အိုကေနက်စစ် - မိမိ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထိန်းချုပ်နိုင်သောစွမ်းရည်
(၁၁) ခရိုနိုကေနက်စစ်  - အချိန်ကိုထိန်းချုပ်နိုင်သောစွမ်းရည်
(၁၂) အဲလက်ထရိုကေနက်စစ် - လျှပ်စစ်ကိုထိန်းချုပ်နိုင် ၊ ထုတ်လုပ်နိုင်သောစွမ်းရည်
(အပေါ်ကစွမ်းရည်တွေ ပေါင်းစပ်မှု - ဟိုက်ဒြိုကေနက်စစ် နှင့် ခရိုင်ရိုကေနက်စစ်တို့ ပေါင်းစပ်သောအခါ ရေခဲကိုထိန်းချုပ်နိုင်သော စွမ်းရည်)
စသဖြင့် စွမ်းရည်များစွာ ပါဝင်ပါသည်။ စွမ်းရည်များသည် အမြောက်အမြားရှိပါသည်။ အသုံးအများဆုံးစွမ်းရည်များကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ စွမ်းရည်စုစုပေါင်းမှာ အခု(160)ကျော်ပါသည်။ ထိုစွမ်းရည်များကို ဆောင်းပါးအဖြစ် ရေးသားပီး ဗဟုသုတပေးပါမည်။ အရင်ပညာရပ်တွေမှာ တယ်လီကေနက်စစ်အကြောင်းကို ရေးသားခဲ့ပီး ဖြစ်ပါသည်။

(ခ) စိတ်ပိုင်းဆိုင်ရာနည်းလမ်း

ဒီနည်းလမ်းမျိုးသည် အတွေး နှင့် မသိစိတ်အပေါ်ကို အခြေခံထားသည်။ အချို့မနောပညာရှင်တွေသည် သူတစ်ပါး၏ဦးနှောက်မှ ထွက်ရှိလာသော လျှပ်စစ်ကူးပြောင်းမှု လုပ်ဆောင်ချက်များကို သိသိသာသာကြီး ဖတ်ရှုနိုင်ခြင်း ဖြစ်ပေသည်။ အချို့ကတော့ ဦးနှောက်လှိုင်းမှထွက်ပေါ်လာသော အတွေးများ နှင့် လျှပ်စစ်ကူးပြောင်းမှု လုပ်ငန်းစဉ်များကို စကားလုံးများအသွင် ၊ လှုပ်ရှားမှုအသွင်အဖြစ် ပြောင်းလဲပီး နားလည်နိုင်ခြင် ဖြစ်ပေသည်။ လုံးဝကို အစွမ်းထက်လှသော ပညာရှင်တွေကတော့ လျှပ်စစ်လှိုင်းတွေကို ထိန်းချုပ်နိုင်ပီး အဲဒီလူကို စိတ်ကိုကောင်းအောင် (သို့) ဆိုးအောင်ပြုလုပ်နိုင်စွမ်းရှိပေသည်။ တစ်နည်းအားဖြင့် စိတ်ညှို့ပညာရပ်ကဲ့သို့ ပညာရပ်ကို တတ်မြောက်ထားသူမျိုး ဖြစ်ပေသည်။ ဒီနည်းလမ်းသည် မိမိ၏စိတ်ကို အသုံးချပီး ထိန်းချုပ်ခြင်း ဖြစ်သည်။

ရေ၊ ဆီ၊ အရက် စတဲ့အရည်တွေကို စိတ်နဲ့ထိန်းချုပ်ပြေ­ာင်းလဲနိုင်ဖို့ဆိုတာ­ ရေ၏ဓာတ်သဘောကို သွားရောက် ထိန်းချုပ်ေ­ပြာင်းလဲဖို့မလိုပါဘူ­း။ အဓိကလိုအပ်တာကတော့ မိမိဦးနှောက်
စွမ်းဆေ­ာင်ရည်၏(၆ဝ)ရာနှုန်းကိုသာ အသုံ­းချဖို့လိုအပ်ပါတယ်။ အရာဝတ္ထုတွေ၏အရည်အဆင­့် ဖွဲ့စည်းမှုမှာပါဝင်­သော အမှုန်အစုအဝေးထဲက အမှုန်လေးတွေ တစ်ခုချင်­းစီကို သြဇာလွှမ်းမိုးနိုင်ခြ­င်းသည် မီးကိုစိတ်နဲ့ထိန်း­ချုပ်ပြီး ခံနိုင်ရည်ရှိအောင် လု­ပ်ဆောင်ခြင်းစွမ်းရည် (ပိုင်ရိုကေနက်စစ်) ကဲ့သို့သေ­ာ အရာမျိုးနဲ့မတူညီပါဘူ­း။ အရည်များရဲ့ အက်တမ်များကို သြဇာလွှမ်းမိုးမှုနဲ့ ထိ­န်းချုပ်နိုင်ရုံဖြင့်
 ပြီးတယ်­ဆိုပေမယ့်လည်း အပူ၊ အအေးပေးခြင်းနည်းနဲ့ ထ­ိန်းချုပ်နိုင်မှာတော­့မဟုတ်ပါဘူး။ ဒီနည်းလမ်းကတော့ စိတ်ပိုင်းဆိုင်ရာဖြင­့် အရာဝတ္ထုများကို သြဇာလွှမ်းမိုးခြင်းနဲ­့ အတော်လေးကိုတူပါတယ်။

ပိုင်ရိုကေနက်စစ်လိုပဲ ကျင့်ရတာတော့ ခက်ခဲမှုတော့ မရှိလှပါဘူး။ နောက်တစ်ပတ်တွင် ပိုင်ရိုကေနက်စစ်လေ့ကျင့်နည်း ပါဝင်ပါမည်။ တစ်ခုပြောချင်တာကတော့ ရေကိုထိန်းချုပ်ဖို့ ကျင့်တဲ့အခါ ပိတ်ဆို့ထားတဲ့အရာတွေကို ဖွင့်ဖို့ကြိုးစားရမှာ မဟုတ်ပါဘူး။ ရေကိုပဲ ထိန်းချုပ်လို့ရအောင်လုပ်ဆောင်ရမှာပဲ ဖြစ်ပါသည်။ ပိတ်ဆို့ထားသည့်အရာဆိုတာကလည်း ရေထဲမှာ ရွေ့လျားခြင်းကို ညွှန်ပြနေသည့်ပုံစံမျိုး ဖြစ်ပေသည်။

သင်သာရေပေါ် ရေကိုထိန်းချုပ်နိုင်တဲ့အစွမ်းကို အမှန်တကယ် လိုချင်ရင်တော့ သင့်မှာရေနဲ့ချိတ်ဆက်ဖြန့်ကျက်နိုင်တဲ့ ဆက်သွယ်နိုင်စွမ်းရှိနေရမှာဖြစ်ပြီး ဒါကိုကြည့်ခြင်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာကိစ္စတစ်ခုတည်း သက်သက်နဲ့ လုပ်ဆောင်နိုင်မှာ မဟုတ်ဘဲ ရုပ်ဝတ္ထုကိုယ်တိုင် အသွင်အပြင်ပြောင်းလဲ လျှောက်လှမ်းနိုင်အောင် ဖန်တီးသွားတာလို့ သင်သိထားသင့်ပါတယ်။ အကယ်၍ သင့်၏သဘာဝဓာတ်ခံဟာ ရေဓာတ်ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဓာတ်ခံပါရမီအထုံကြောင့် သင့်ရဲ့ရေကိုထိန်းချူပ်နိုင်အာင် လုပ်ဆောင်နိုင်မှုကြီးဟာ အောင်မြင်နိုင်ခြေပိုများပါတယ်။ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ အာရုံစူးစိုက်နိုင်မှုတို့အတွက် အချိန်ပေးပြီးလေ့ကျင့်ယူပါ။(အရင်အပတ်တွေတုန်းက ရေးသားခဲ့တဲ့ တယ်လီကေနက်စစ်ကျင့်စဉ်နဲ့ အရင်အပတ်တွေက ပါဝင်ထားတဲ့ ပညာရပ်တွေကို အရင်ဆုံးကျင့်ကြံထားပါက ပိုမိုအောင်မြင်နိုင်ခြေများပါလိမ့်မယ်။) မိမိရေကို ထိန်းချုပ်နိုင်မယ်ဆိုတဲ့ လိုအပ်ချက်တွေ နဲ့ ရေအပေါ်ခံစားချက်များမှအပ အရာအားလုံးကို အတွေးထဲကနေ ဖယ်ထုတ်ထားပါ။ တကယ်လို့ လိုအပ်ရင်တောင် မိမိခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီအလိုက် ဘာကိုဘယ်လိုပြောင်းရင် အလုပ်ဖြစ်ဖို့အဆင်ပြေသလဲဆိုတာကိုတောင် ကိုယ်တိုင်လေ့လာသုံးသပ်သင့်ပါတယ်။ ရေနဲ့ပတ်သတ်တဲ့အရာတွေမှန်သမျှကို သင့်ရဲ့စိတ်၊ သင့်ရဲ့ဘဝထဲကို သင်ဆွဲခေါ်နိုင်ပြီဆိုရင်တော့ သင်ဟာရေရဲ့အရှင်သခင်ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆက်လက် လုပ်ဆောင်ပြီးနောက်များမကြာမီမှာတော့ သင်ကိုယ်တိုင်ဟာ ရေကဲ့သို့ဖြစ်လာပြီး ရေနဲ့တစ်သားတည်းကျသလိုဖြစ်သွားပါလိမ့်မယ်။ တကယ်လို့သင်ဟာ ရေကိုထိန်းချုပ်ရာမှာ အခက်အခဲအချို့ရှိပြီး စမ်းသပ်ထိန်းချုပ်ကြည့်ရာမှာ မအောင်မြင်ဘူးဆိုရင်တော့ အောက်ပါအတိုင်းလေ့ကျင့်ကြည့်သင့်ပါတယ်။

လေ့ကျင့်နည်း

(၁) ပုံမှန်အရွယ်အစားရှိတဲ့ ရေဖလားတစ်ခုကိုယူကာ ရေဖြည့်လိုက်ပါ။ တကယ်လို့ဖလားက ဖန်ဖြစ်ရင်ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်ဖြစ်တဲ့အခါ သင်ဟာဖလားထဲမှာရှိတဲ့ ရေတွေအားလုံးကို တိုးလျိုပေါက်မြင်နိုင်မှာမို့လို့ပါပဲ။
(၂) အခု ရေမှာပေါ်နိုင်တဲ့ ပေါ့ပါးတဲ့အရာဝတ္ထုတစ်ခုကို ဖလားထဲမှာထည့်ပါမယ်။ ထည့်ပြီးရင်ဘာမှမလုပ်သေးပါနဲ့ဦး။ ငြိမ်လာတဲ့အထိစောင့်ပါ။
(၃) အဲ့ဒီအရာဝတ္ထုငြိမ်လာတဲ့အခါမှာ သင့်မျက်လုံးများကိုမှိတ်လိုက်ပါမယ်။ ပြီးရင် သင့်ရှေ့မှာရှိနေတဲ့ရေကိုအာရုံခံစားကာ ရေနဲ့သင် တစ်သားတည်းဖြစ်သွားပြီလို့မှတ်ယူပါ။ သင့်အတွေးအာရုံထဲမှာ ရေနဲ့သင့်ကြားမှာ လှိုင်းတစ်ခုဆက်သွယ်ထားတယ်လို့မြင်ယောင်ပြီး အဲ့ဒီအမြင်ကိုယုံကြည်ချက်ရှိရှိနဲ့ဆက်လက်လုပ်ဆောင်ပါ။ ရေရဲ့နူးညံ့မှု၊ အေးမြစွာငြိမ်းချမ်းမှုဂုဏ်တို့ကို ခံစားကြည့်ပါ။ အခုအဲ့ဒီခံစားမှုတွေဟာ သင့်ရဲ့ကိုယ်ပိုင်စွမ်းအင်တွေဖြစ်ကုန်တယ်လို့ ကိုယ့်ကိုယ်ကိုအသွင်ဆောင်လိုက်ပါ။ သင်နဲ့ရေဟာတစ်သားတည်းဖြစ်သွားပါပြိ။ ရေရဲ့စွမ်းအင်ဟာ သင့်စွမ်းအင်ဖြစ်သွားတာကြောင့် သင့်ရဲ့ကိုယ်ပိုင်စွမ်းအင်ကို သင်ထိန်းချုပ်နိုင်သလို ရေကိုလည်း သင်ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။
(၄) ပြီးနောက်မှာ ရေပေါ်ကို မိမိလက်ကိုညင်သာစွာဝှေ့ယမ်းကာ ထိန်းချုပ်ကြည့်ပါ။ ပြီးနောက်သင့်မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး ရေပေါ်ကပစ္စည်းကိုအာရုံစူးစိုက်ကြည့်လိုက်ပါ။ သင်ဟာရေ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသလို ရေဟာလည်း သင့်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့ပြီ။
(၅) သင့်စိတ်ထဲမှာ ရေနဲ့သင့်ကြားကဆက်သွယ်မှုကိုပဲ ထားပါ။ တခြားမည်သည့်အတွေးမှ မ၀င်ပါစေနဲ့။ ရေကိုသင့်စိတ်နဲ့ရွေ့ကြည့်ပါ။ ဘယ်လိုရွှေ့ရမလဲမသိရင် မျက်လုံးနဲ့စူးစိုက်ကြည့်ပြီး "ရွေ့နေပြီ ...ရွေ့နေပြီ" လို့ စိတ်ထဲကနေ ဆက်တိုက်ရွတ်ဆိုပါ။ ရေကတကယ်ရွေ့လာမယ်ဆိုရင် ဖြည်းဖြည်းကနေ မြန်မြန် ပိုမိုအားပြင်းလာအောင် ရေဖလားထဲမှာ လှိုင်းထန်လောက်တဲ့အထိ လုပ်ကြည့်လိုက်ပါ။ သင့်ကိုယ်သင်ရေကိုအောင်မြင်စွာထိန်းချုပ်နိုင်ပြီလို့ ခံစားရပြီးမှ ဒါမှမဟုတ် သင်ဟာအရမ်းပင်ပမ်းလာပြီဆိုမှရပ်နားပါ။ တစ်ကြိမ်ထဲမအောင်မြင်လို့ စိတ်ဓာတ်မကျပါနဲ့၊ ထပ်ကာထပ်ကာကြိုးစားပါ။ ဒါပေမယ့် လုပ်ဆောင်နေတဲ့အချိန်မှာလဲ စိတ်တည်ငြိမ်နေဖို့နဲ့ ကိုယ်အာရုံပြုတဲ့အရာမှာပဲစိတ်ရောက်နေပါစေ။ မိမိသည် ရေကိုထိန်းချုပ်နိုင်ပီဆိုပါက ရေနှင့်မိမိတစ်သားတည်း ဖြစ်နေသည်ဟု တွေးတောကာ ရေပေါ်တွင် လမ်းလျှောက်နိုင် ၊ အိပ်နိုင် ၊ ထိုင်နိုင်ပါလိမ့်မယ်။ မိမိသွေးထွက်သည့်အခါလည်း ရေကို ဆေးတစ်ခု ဖြစ်သည်ဟု အာရုံပြုကာ ရေနှစ်လိုက်ရုံဖြင့် မိမိဒဏ်ရာများ ပျောက်ကွယ်သွားပါလိမ့်မယ်.။ ရေကို ထိန်းချုပ်နိုင်ပီ ဖြစ်သောကြောင့် ရေဖြင့်ပတ်သက်ရာကို ခိုင်းစေနိုင်ပါသည်။ မိမိရေကို ခိုင်းစေတာ မရတော့ဘူးဆိုရင်တော့ စိတ်ထဲတွင် ရေအသွင်မပြောင်းနိုင်သောကြောင့်ဖြစ်ပီး အာရုံပျံ့လွှင့်နေပီဖြစ်ကြောင်းကိုလည်း သိထားသင့်ပါသည်။ ထိုအခါ မိမိ၏စိတ်ကို သန့်ရှင်းအောင်လုပ်ပီး ပြန်လည်လေ့ကျင့်ယူရပါမည်.။

မှတ်ချက်။          ။ အထက်ပါ ဖြစ်ရပ်များကို လေ့ကျင့်မည်ဆိုပါက အရင်အပတ်များတွင် ရေးသားထားခဲ့သော စိတ်ညို့နည်း နှင့် အခြားစိတ်စွမ်းအင်ကျင့်စဉ်များကို လေ့ကျင့်ဖို့ လိုအပ်ပါသည်။
Tag : Craft
0 Komentar untuk "ရေကိုထိန်းချုပ်နည်း"

MM-Search. Powered by Blogger.
Back To Top