.

ကိုးမားဟု ခေါ်သောနတ်သူငယ်လေးများ


ယခုပုံတွင်မြင်တွေရသောအရာမှာ (ကိုးမား) ဟုခေါ်၍ ဈေးရောင်းဈေးဝယ်ကောင်းသည်ဟုယုံကြည်ကြလေ၏


ပုံတွင်မြင်ရသောအရာမှာ  သက်တမ်းအားဖြင့်(၇၀)ကျော်ပြီ ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းမှာ ဆိုရင်ဖြစ် (ကိုးမား)ခေါ်  နတ်ရုပ်များအား  ကလေးနတ်များဟု  သက်ဝင်ယုံကြည်ကြလေ၏  ယုံကြည်၍  မွေးမြူကိုးကွယ်  သူအများစုမှာထူးခြာစွာအကျိုးရှိကြောင်းနှင့်တကွ  ဘေးအန္တရယ်များအား  ကာကွယ်ပေးသည်ဟု  ယုံကြည်ကြလေသည်။  အဘယ်ကြောင့်ဆိုသော်  ယုံကြည်ထိုက်စရာ  သက်သေအထောက်ထားများစွာရှိလေသည်။ ထူးခြားစွာ  အိမ်မက်ပေး ဂဏန်းများ ပြောပြ၍  မွေးမြူကိုးကွယ်သော  မိသားစုအား  ကူညီပေးတာမျိုး  ဈေးရောင်းလျှင် သိသိသာသာ ဈေးရောင်း၍  ကောင်းတာမျိုး စသည်ဖြစ်  ကူညီဆောင်ရွက်ပေးသည်ဟု  ယုံကြည်ကြလေ၏။  ဈေးရောင်းဈေးဝယ်  လုပ်ကိုင်လျှက်ရှိသော  ထိုင်းနိုင်ငံအတွင်း  ဈေးဆိုင်  တော်တော်များများ၌  ယုံကြည်စွာ  မွေးမြူကိုးကွယ်၍  စီးပွားရေးလုပ်ငန်းများ အောင်မြင်သည်ထက် အောင်မြင်  တိုးတက်ကြီးပွားလျှက်ရှိကြပေသည်။


  ဘုန်းတော်ကြီး(တီး)ဟု  ဘွဲအမည်ရှိ၍ (ကိုးမား)ခေါ်  နတ်ကလေးများအား စတင်အသက်သွင်းခဲ့သော ဘုန်းတော်ကြီး၏  ဓါတ်ပုံ(ကွယ်လွန်)

(ကိုးမား)ခေါ်  နတ်ကလေးများသည်  နာမ်လောကသားများဖြစ်၍  မတွေ့ရမမြင်ရသောလည်း  ကျွန်ုပ်တို့လူသားတွေလိုပင်  စားသောက်နေထိုင်သွားလာနေသည်ဟု့  သက်ဝင်ယုံကြည်ကြလေသည်။  ၎င်း (ကိုးမား)ခေါ်  နတ်ကလေးများသည်  မြေ မီးဖုတ်  အရုပ်များမှန်သောလည်း  မြေ  များမှာ  ရိုးရိုးမြေများ  မဟုတ်ပါဘူး။  ၎င်း  မြေများမှာ  ကြမ်းပါသည်ဆိုသော  သင်္ချိုင်းမြေ  လေးမျိုး   လူများဖြတ်သွာဖြတ်လားများသော  ချောင်းရေ  လေးမျိုး   တောတောင်များတွင်သာတွေ့မြင်နိုင်သော   မြေ   လေးမျိုး  သေဆုံးသွာသော  ကလေးများ၏  အရိုးများ   ပါဝင်ကြောင်းသိရသည်။ ထိုနောက်  အရုပ်လုပ်  မီးဖုတ်စေ၏  ကလေး(နတ်)အရုပ်တစ်းပါးအား  စတင်အသက်သွင်း၍  အထမြောက်အောင်မြင်ပါမှ  ကလေး(နတ်) အပါး (၄၀)သော်  ၎င်း  (၅၀)သော် ၎င်း  အသက်သွင်းစီမံလေသည်။ အသက်သွင်းသည့်ဆိုတာနှင့်ပက်သက်၍  ယနေ့  သိပ္ပံခေတ်ကြီး၌  လက်ခံရန်မှာ  ခက်တော့ခက်လေ၏  သို့လင့်တစေ  (ကိုရီးယား)  (ဟောင်ကောင်)  (ထိုင်ဝမ်)  (ဂျပန်)  စသော  နိုင်ငံများမှ  စီးပွားရေးလုပ်ငန်းရှင်များ  ယုံကြည်စွာ  မွေးမြူကိုးကွယ်ကြသည်။
 
ထူးခြားချက်များမှာ  မွေးမြူကိုးကွယ်သော  အိမ်များ၌  တိတ်ဆိတ်သောအချိန်များတွင်  သွားလာလှုပ်ရှားသံများသော်၎င်း  သူတို့လိုချင်သောအရာများအား  အိမ်မက်ပေး၍  တောင်းဆိုခြင်းသော၎င်း   စီးပွားလမ်းများ  သိသိသာသာ  ကောင်းမွန်လာခြင်းသော၎င်း  သိရလေ၏  မွေးမြူကိုးကွယ်သော  မိသာစုအား  မိရင်းဖရင်း  သဖွယ်ခင်တွယ်၍  မွေးမြူကိုးကွယ်သော  မိသားစုများကလည်း  သားသမီး  သဖွယ်ကျွေးမွေးရလေ၏ မကျွေးမမွေးနိုင်လျှင်လည်  ဘာအန္တယ်မှမပေးပဲ  သူအလိုလိုပျောက်သွားသည်ဟုသိရလေ၏  မွေးမြူကိုးကွယ်သူများမှာလည်း  ဂရုတစိုက်မွေးမြူကိုးကွယ်လျှင်  သိသိသာသာ  အကျိုးဖြစ်ထွန်းကြောင်း  ရေးသာတင်ပြလိုက်ရပါလေ၏။   (မှတ်ချက်)  ယခုရေးသာတင်ပြသော  အကြောင်းအရာမှာ  အထက်လမ်း  (ကိုးမား)များဖြစ်၍  အောက်လမ်း  (ကိုးမား)မျုားလည်း  ရှိပါသည်။  
Kumaree - Female Kumarn Tong Bucha Statue (Green) - stuffed with Nam Man Prai - Luang Por Dam - Wat Pra Puttabat Radtana Kiree
ကိုးမား  ခေါ် နတ်ကလေးမှာ  ရှားပါး၍  စွမ်း  ကြမ်းလေ၏  ကိုးမား  ခေါ် နတ်ကလေးများမှာ  ခေတ်ကာလ  ပြောင်းလာသည်နှင်အမျှ  ပြုလုပ် အသက်သွင်းဖန်တီးပုံမာလည်း  ပြောင်းလည်းလာသည်။  ရှေးယခင်က  ကိုးမားများမှာ  ကိုယ်ဝန်ဆောင်ဇနီးအားသတ်၍  ဝမ်းအတွင်းမှ  ကလေးအား ကိုးမား  ခေါ်  နတ်ကလေးပြုလုပ်သည်ဟုသိရသည်။ 
 
တရားဥပဒေစိုးမိုးလာချိန်တွင်  ကိုးမား  ခေါ် နတ်ကလေးအား  သေဆုံးသွားသော  ကလေးငယ်များ၏  အရိုးများဖြင့်  ပြုလုပ်ကြပြန်သည်။ ယနေ့ခေတ်  ကိုးမား  ခေါ် နတ်ကလေးများမှာတော့   နာမည်ပဲကျန်တော့သည်ဟု  သိရလေ၏  ယခုကျွန်ုပ်   ဓါတ်ပုံနှင့်တကွတင်ပြရသော  ကိုးမား ခေါ် နတ်ကလေးသည် တန်ဖိုးအားဖြင့် ထိုင်း (ဘတ်) ငွေ  (၁၀၀၀၀၀)ကျော်ဖြင့် နိုင်ငံခြားသားများ  လာရောက်တောင်းယူသော  ကိုးမား ခေါ်  နတ်ကလေးပင်ဖြစ်လေသည်။

မိုးကြယ်စင်
Tag : myths, worldcraft
1 Komentar untuk "ကိုးမားဟု ခေါ်သောနတ်သူငယ်လေးများ"

ဒီလို အံ့ဖွယ်အမှုတွေ တစ်သက်လုံး တစ်ခါမှ မတွေ့ဖူးဘူး။
ကျွန်မခင်ပွန်းက ကျွန်မနဲ့ အသက် ၅ နှစ်သားလေးကို ထားခဲ့ပြီး ၉ လကျော်၊
ကျွန်မ အရမ်းစိတ်ထိခိုက်ပြီး စိတ်ပျက်မိတယ်၊ ကျွန်မခင်ပွန်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့် သူ့ကို ကျွန်မဆီပြန်ပို့ဖို့ နေရာအမျိုးမျိုးက အကူအညီတောင်းခဲ့ပေမယ့် ကွာခြားမှုမရှိပါဘူး။ ကျွန်မအမေက ကျွန်မကို (DR DAWN) နဲ့ မိတ်ဆက်ပေးမချင်း ဒီဆရာဝန်က ကျွန်မကို ပြောပြပြီး ၄၈ နာရီအတွင်း ကျွန်မခင်ပွန်းက ကျွန်မဆီပြန်လာမယ်လို့ ကတိပေးခဲ့ပြီး ၄၈ နာရီအကြာမှာ ကျွန်မခင်ပွန်းက ကျွန်မကို ဖုန်းဆက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ပါတယ်။ သူက ကျွန်မကို ဘယ်တော့မှ ထားသွားတော့မှာ မဟုတ်ပါဘူး၊ ဒေါက်တာ DAWN ကို ကျေးဇူးအများကြီးတင်ပါတယ် ဘာလို့လဲဆိုတော့ အခုဆို ကျွန်မခင်ပွန်းနဲ့ ပျော်နေတာ 3 နှစ်ကျော်ပြီ၊ သူက ကျွန်မကို ဘုရင်မလို ဆက်ဆံတယ်၊
ပြဿနာတစ်စုံတစ်ရာရှိပါက DR DAWN သို့ ဆက်သွယ်ပါ။

*မင်းရဲ့ချစ်သူကို ပြန်ရဖို့။
* ပြန်လည်ညှိနှိုင်းရန်
*ကိုယ်ဝန်ဆောင်ရန်
*ကင်ဆာကို ကုသရန်
*လက်စားချေရန်
*စီးပွားရေးကိုမြှင့်တင်ရန်
* သင့်ငွေ/ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်
*HIV/AIDS သို့မဟုတ် အခြားရောဂါများကို ကုသရန်။
သူ့ကို ဆက်သွယ်ပါ: dawnacuna314@gmail.com
Whatsapp- +2349046229159

MM-Search. Powered by Blogger.
Back To Top