.

မည်သူမဆို လာဘ်ပွင့်လိုပါက....

ပထမနည်း - မည်သူမဆို လာဘ်ပိတ်နေပါက မိမိ၏ မွေးနေ့နံက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် မြတ်စွာဘုရားအား  ပေါက်ပေါက်ဆွမ်း (၅)ပွဲ လှူဒါန်း ဆုတောင်းပါ။ မိမိအသက်စေ့ ရက်ပြည့်သည့်အထိ လှူဒါန်းရမည်။ ဥပမာ အသက်(၃၀) ရှိသူ ဖြစ်ပါက ရက်သုံးဆယ် ဆက်တိုက် ကပ်လှူ ဆုတောင်းရန် ဖြစ်ပါသည်။ ပေါက်ပေါက်ဆွမ်းကို နေ့တိုင်း အသစ်လဲ ကပ်လှူရမည် ဖြစ်ပါသည်။ မည်မျှ လာဘ်ပိတ်နေပါမူ  မုချ လာဘ်ပွင့်သွားပါလိမ့်မည်။

ဒုတိယနည်း - တနင်္လာနေ့ နံက် ကိုးနာရီ လေးဆယ့်ငါးမိနစ်တွင် မြတ်စွာဘုရားအား လင်ဗန်းတစ်ချပ်ထဲတွင် လိမ္မော်သီး ကိုးလုံးထည့်ပြီး ကပ်လှူ ပူဇော် ဆုတောင်းရန် ဖြစ်ပါသည်။ ထိုလင်ဗန်းကို ဘုရားစင်တွင် ကိုးရက်တိတိ ထား၍ နေ့စဉ်နေ့တိုင်းလဲ ထိုလင်ဗန်းကို ကိုင်၍ လာဘ်ရွှင်စေကြောင်း ဆုတောင်းရပါမည်။ (၉)ရက်ပြည့်ပြီးနောက် လမ်းဘေးတစ်နေရာတွင် စွန့်ပစ်လိုက်ပါရန်။
Tag : money, Myanmar, myths

Related Post:

0 Komentar untuk "မည်သူမဆို လာဘ်ပွင့်လိုပါက...."

MM-Search. Powered by Blogger.
Back To Top