.

တစ်ယောက်သောသူထံမှ အချစ်ရရှိစေရန်



ည အချိန်မှာ လုပ်ရပါမယ်။ မင်းရဲ့ ဒယ်အိုး ( ငွေဝင် အစီအရင်လုပ်တုန်းက ဒယ်အိုး ) ထဲမှာ အရက်ပျံ သို့ မဟုတ် ဓာတ်ဆီ ထည့်ပြီး မီးတောက်စေလိုက်ပါ။ ဒယ်အိုးနဲ့ မလုပ်ချင်ရင် ဆီမီးခွက်နဲ့ လုပ်ရင်လည်း ရပါတယ်။ ဆီမီးခွက်ထဲမှာ အရက်ပျံ သို့မဟုတ် ဓာတ်ဆီ သို့မဟုတ် ဖယောင်းအရည် သို့မဟုတ် ပဲဆီ တစ်ခုခု ထည့်ပြီး မီးတောက်စေလိုက်ပါ။ ဖယောင်းရည်နဲ့ ပဲဆီဆိုရင်တော့ မီးစာ လိုမယ်နော်။

အလျား ၃လက်မ အနံ ၃ လက်မ ( ၃ x ၃ ) အရွယ်အစားရှိတဲ့ စာရွက်တစ်ရွက်ရအောင် ဖြတ်ပါ။ အဲဒီပေါ်မှာ မင်္ဂလာဖောင်တိန် အနီနဲ့ အသည်းပုံတစ်ခုဆွဲပါ။ အသည်းပုံအတွင်းထဲမှာ အနီရောင် အပြည့်ခြယ်ပါ။ မင်းချစ်တဲ့သူရဲ့ အမည် မင်းကို ချစ်စေလိုတဲ့သူရဲ့အမည်ကို အသည်းပုံပေါ်မှာ မင်္ဂလာဖောင်တိန်အပြာနဲ့ရေးပါ။ ဒီလို ရေးဖို့ အသည်းရဲ့ အလည်ခေါင်မှာ အဖြူကွက်ကလေး နေရာ ချန်ထားပြီးမှ အနီရောင် အပြည့်ခြယ်သင့်ပါတယ်။ ကျွန်တော် ပြောဖူးပါတယ်။ အချစ်အစီအရင် လုပ်နေတာ ဖြစ်တဲ့ အတွက် ဒါတွေ လုပ်နေစဉ်မှာ သူ့ကို စိတ်ကူးထဲမှာ အပြည့်ရှိနေရပါမယ်။ သူက မင်းကို ချစ်နေပြီ သူ မငြင်းဆန်နိုင်တော့ဘူး ဆိုတဲ့ စိတ်အား ထက်သန်စွာနဲ့ လုပ်ရမှာပါ။ ဒီမီးလျှံတွေ တောက်လောင်နေသလိုမျိုးပဲ သူ့ရဲ့ နှလုံးသားဟာ မင်းအတွက် တောက်လောင်နေတယ်လို့ တွေးထင်ရမယ်။ ဒီ့နောက် စောစောက အသည်းပုံပေါ်က သူ့နာမည်လေးကို သုံးကြိမ်တိတိ နမ်းရမယ်။ အခုပြောမယ့် ဂါထာကို သုံးခေါက် ရွတ်ဆိုပြီး အဲဒီ အသည်းပုံကို မီးထဲ ထည့်လိုက်ပါ။



"Fire come from below,

bring me love that I do know,

make my heart blaze and shine,

to bring the love that will be mine!"

Soon my love will come a day,

three times strong and here to stay!"

"SO MOTE IT BE!"

ဒါတွေအားလုံးကို တကယ့် ယုံကြည်မှု နဲ့ ပြုလုပ်ပါ။

အသည်းပုံလေး မီးလောင်သွားရင် ချက်ခြင်း ထ မသွားပါနဲ့ဦး။ ဆက်ထိုင်နေပါ။ မင်းနဲ့ သူနဲ့ ချစ်သူတွေ ဖြစ်သွားပြီလို့ စိတ်ကူးကြည့်ပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်မယ်ဆိုရင်တော့ မေတ္တသုတ်ရရင် မေတ္တသုတ်ရွတ်ပါ။ မရရင်တော့ သူ့ကို ရိုးရှင်းစွာ မေတ္တာပို့ပါ။ အခြားဘာသာဝင်ဆိုရင်လည်း မေတ္တာပို့တာတော့ လုပ်လို့ရပါတယ်။

၅ မိနစ်ခန့် ထိုင်ပြီး မေတ္တာပို့ စိတ်ကူးယဉ် ပြီးရင် မီးကို ငြှိမ်းလို့ ရပါပြီ။ မကြာခင်မှာပဲ သူနဲ့ မင်းဟာ ချစ်သူ တွေ ဖြစ်သွားကြပါလိမ့်မယ်…..
1 Komentar untuk "တစ်ယောက်သောသူထံမှ အချစ်ရရှိစေရန်"

ဒယ်အိုး ( ငွေဝင် အစီအရင်လုပ်တုန်းက ဒယ်အိုး )ဘယ်လိုလုပ်ရတာလဲ

MM-Search. Powered by Blogger.
Back To Top