.

ဗေဒင်အဟောမှန်၍ ကြိုတင်သိမြင်နိုင်သောဂါထာ

ဗုဒ္ဓေါ မေ သတ္တပါကာရော ၊

ဓမ္မော မေ သတ္တပါကာရော ၊

သံဃော မေ သတ္တပါကာရော ၊

မယှံ ဇယောဇယတု

မယှံ သိဒ္ဓိ ကာမံ

အဟံ သာမံ သာမိ သဗ္ဗသတ္တရု ၀ိနဿန္တု။   ။

=======================================
အနက်။ ။
ဗုဒ္ဓေါ ၊ မြတ်စွာဘုရားသည် ၊ မေ ၊ ကျွန်ုပ်၏ ၊ သတ္တပါကာရော ၊ ဘေးရန်အဖြာဖြာ မရောက်လာအောင် ၀န်းကာပတ်ဝိုင်း တံတိုင်းကြီး ခုနှစ်ထပ် ဖြစ်ပါပေ၏။
ဓမ္မော ၊ တရားတော်မြတ်သည် ၊ မေ ၊ ကျွန်ုပ်၏ ၊ သတ္တပါကာရော ၊ ဘေးရန်အဖြာဖြာ မရောက်လာအောင် ၀န်းကာပတ်ဝိုင်း တံတိုင်းကြီး ခုနှစ်ထပ် ဖြစ်ပါပေ၏။
ဗုဒ္ဓေါ ၊ အရိယာသံဃာတော်သည် ၊ မေ ၊ ကျွန်ုပ်၏ ၊ သတ္တပါကာရော ၊ ဘေးရန်အဖြာဖြာ မရောက်လာအောင် ၀န်းကာပတ်ဝိုင်း တံတိုင်းကြီး ခုနှစ်ထပ် ဖြစ်ပါပေ၏။
မယှံ ၊ အကျွန်ုပ်သည် ၊ ဇယော ဇယတု ၊ အောင်မြင်စရာ အဖြာဖြာကို မှန်စွာမသွေ အောင်မြင်ပါစေသတည်း။
မယှံ ၊ အကျွန်ုပ်၏ ၊ ကာမံ ၊ အလိုဆန္ဒဟူသမျှုတို့သည် သိဒ္ဓိပြီးစီးပါစေသတည်း။
=========================================
ကေဲ ဗေဒင်ဟောကြားတော်မူကြကုန်သော ရှေးရှေးတုန်းက ဆရာသခင်များသည် ဒီဂါထာအား အဓိဋ္ဌာန်ပုတီးစိပ်ပြီး အမြင်ဓာတ် အကြားဓာတ် အောင်ဓာတ်များရအောင် ဆောင်ရွက်ခဲ့ကြတော်မူခဲ့သည်။
ဗေဒင်ဟောကြားရာ နေရာတွင်လည်း ကိုးခေါက်ရွတ်ဆိုကြပေသည်။ ဗေဒင်ဆရာများအတွက်ရော လောကီပညာရှင်များအတွက် အသုံးတည်သော ဂါထာမြတ်လေးတစ်ခု ဖြစ်တာကြောင်း ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

မိုးကြယ်စင်
Tag : Myanmar, spell
0 Komentar untuk "ဗေဒင်အဟောမှန်၍ ကြိုတင်သိမြင်နိုင်သောဂါထာ"

MM-Search. Powered by Blogger.
Back To Top