.

မေတ္တာမှော်ဝင်ကျင့်စဉ်(ထမင်းမှော်သွင်းနည်း)


အသံကြားးရုံ၊ မျက်နှာကိုမြင်ရုံမျှနှင့် အထက်လူအောက်လူ မည်သူမဆို မိမိအားချစ်ခင်ကြည်ညို စေနိုင်ရုံမျှမကဆေးကုခြင်း၊ဓါတ်ရိုက်ခြင်း စသောကိစ္စများကိုပါပြီးစီးစေ နိုင်သော မေတ္တာမှော် ထမင်းမှော်သွင်းနည်းဖြစ်ပါသည်။ ဤကျင့်စဉ်ကို နေ့ ကောင်းရက်သာရွှေး၍ စတင်ကျင့်နိုင်လျှင် ပိုမိုကောင်းမွန်မည်။ ရေမိုးချိုးသန့် ပြန့် စွာဝတ်ဆင်လျှက် ငါးပါးသီလခံယူပါ။ (မြတ်စွာဘုရား၊တပည်တော် (-----)နေ့ သား မောင်(----)သည်ယနေ့ မှစ၍မ မိဘ၊ဆရာသမားတို့ အား ကိုယ်နှုတ်စိတ်သုံးပါး တို့ တွင် တစ်ပါးပါးနှင့်  မျှမပြစ်မှားပါ။ မဟုတ်မတရားသောအကြံ အစည်အမူကိစ္စတို့ တွင်ဤပညာကိုသုံး၍ ကူညီအားပေးခြင်း မပြုပါဘုရား ) ဟု ဘုရားရှေ့ တွင်သစ္စာခံရပါမည်။နေ့ စဉ်မေတ္တာသုတ်ကို နံနက်၊နေလည်၊ည ၇ကြိမ်စီရွတ်ဖတ် ပူဇော်ရပါမည်။
မိမိထမင်းစားမည့် ပန်းကန်ကိုမေတ္တသုတ်၇ခေါက်ရွတ်မန်း ပီးစားရမည်။မိမိ စာမည့်နေရာသို့ ယူဆောင်ကာမည်သူနှင့်မျှစကားမပြောပဲအပြီးစားရပါမည်။စားသောဟင်မှာသက်သက်လွတ် ဖြစ်ရမည်။
ထမင်းမစားခင်မိမိစားမည်ထမင်းဟင်းများကိုဘုရားကပ်လှူပူဇော်ပါ။ပီးမှမေတ္တသုတ်ရွတ်၍စားပါ။ကုန်လျှင်ထပ်မထည်၇ ။ထမင်း၁ပွဲတည်းကိုသာ ပတ္ထပိုဏ်သဘောမျိုးစားပါ။ထမင်းစားနေစဉ် မိမိအားခေါ်ခြင်း စကားပြောခြင်းများ အားပြန်လည်ပြောဆိုခြင်းမပြုမိရန်လို သည်။ရေကိုလဲမေတ္တသုတ်ရွတ်ပီးသောက်၇မည်။မိမိသောက်လိုသောရေဘူးကြီး၁လုံးကို မေတ္တာသုတ်၇ွတ်ဖတ်ထားပီး။ရေစာလျှင်၎င်းရေကိုသာသောက်သုံးလျှင်လဲ၇ပါသည်။ အဓိဌန်းကျင့် စဉ်ကို ၄၅ ရက်ကျင့်ရမည်။
ရက်ပျက်၍ဖြစ်စေ ။ထမင်းစားတုန်းစကားပြောမိလျှင်၊ အစမှ ပြန်လုပ်ရပါမည်။ကျင့်စဉ် အဓိဌန်းဝင်နေစဉ်၇က်အတွင်း မေတ္တာသုတ်ကို ရွတ်ဖတ်နေခြင်။မေတ္တာပို့  နေခြင်များပြုပေးပါ။ကော်ဖီ နှင့်အအေး များသောက်လျှင်လဲ မေတ္တာသုတ်၇ခေါက်၇ွတ်ရမည်။ကျင့်စဉ် ၇က်အတွင်း သားငါးလုံးဝမစားရပါ။ ၄၅ရက်ပြည့်လျှင်မေတ္တာမှော်အောင်မည်ဖြစ်သည်။ မေတ္တာမှော်အကျိုးကျေးဇူး
လူချစ်လူခင်များလာမည်။စိတ်နှလုံးအေးချမ်းမည်။သူတစ်ပါးမကောင်မကြံနိုင် စုန်း၊နတ်၊ကဝေ၊တစ္ဆေ၊မြေဘုတ်မှစ၍ အလုံးစုံသော နာနာဘ၀တို့ ချစ်ခင်ကြ၏။ကြည်ညိုလေးစားကြမည်။
သာသနာတော်စောင့် နတ်မင်းကြီးများ ကပေးအပ်သော အစောင့်ကို အလိုလိုရမည်။ ဗေဒင်အဟောအပြောလွန်စွာမှန်ကန်မည်၊ဓါတ်ဆင်ဓါတ်ရိုက်လဲပိုမိုထိရောက်လိမ့်မည်။
မိမိအားမကောင်ကြံလျှင်တန်ပြန်မည်။မည်သည့်စုန်းတိုက်၊နတ်တိုက်၊အမှောင့်ပယောဂဝေဒနာမဆို ၊မေတ္တာသုတ်ရွတ်ထားသောထမင်း၊ရေတိုက်ကျွေးရုံဖြင့်ပျောက်ကင်လိမ့်မည်။
ပီယဆေးတောင်းလာပါက ရေမွှေးဆီကိုမေတ္တာသုတ်မန်းပေးလိုက်ခြင်းဖြင့်ပင်ပီယဆေးဖြစ်၏။စီပွားတိုးတက်စေရန်ကုန်ပစ္စည်းရောင်ထွက်စေရန် ဆီမန်း၊ရေမန်းများလဲမေတ္တာသုတ်ရွတ်ပေ၇ုံဖြင့်ပီးသည်။
မိမိသွားလေရာရောက်လေရာအရပ်၌သြဇာအာဏာရှိသူ၊ဥစ္စာကြွယ်ဝသူတို့ ကမိမိအားချစ်ခင် ကြည်ညိုလျက် မိမိအလိုဆန္ဒတို့ ကိုကူညီဖြည့်ဆီးပေးမည်။ ဤမှော်အောင်မြင်ပါက ဆန့် ကျင်ဘက်ဣတ္တိရတို့ အလိုလို ချစ်ခင် လာကြမည်ကို ကားအထူးပြောရန်မလို ။
လွတ်လပ်သူဖြစ်ပါကနှစ်သက်ရာရွေးချယ်၍အတည်တကျပေါင်းသင်းနိုင်သည်။ကာမေသုနှင့်သူရာမေရယကိုေ၇ှာင်ပါ စည်းဖေါက်လျှင်တန်ခိုးသိဒ္ဓိကွယ်မည်။အကျင့်စရဏကောင်းပီးသီလမြဲပါကထွက်ရပ်ပေါက်သိဒ္ဓိရှင်ကြီးများချစ်ခင်မူရပီးပညာများလာပေးတတ်သည်။မိမိတို့ ဘ၀တိုးတက်ရေးအတွက်များစွာအထောက်အကူပြုသောကျင့်စဉ်တခုဖြစ်ပါသည်။
Tag : logy, Myanmar
1 Komentar untuk "မေတ္တာမှော်ဝင်ကျင့်စဉ်(ထမင်းမှော်သွင်းနည်း)"

MM-Search. Powered by Blogger.
Back To Top