.

အလယ်မီးထွန်းစမ

။ဆန္ဒပြည့် သောမဂြိုလ် အလယ်မီးထွန်းစမ။


အနံ (၇)လက်မ အလျှား (၈)လက်မ (ဘေးဘောင်)ကော်ပီကူးယူပါ။ မြတ်စွာဘုရားအား ပန်း ရေချမ်းအလင်းနံ့သာတိုင်များကပ်လျှူ  ပူဇော်ပြီး သီလခံယူကန်တော့ပါ။ စမပုံ ဠကြီး အောက် 
သ ခ အောက်နား မိမိအမည်ခဲတန်ဖြင့် ရေးသွင်းပါ။မှန်ဘောင်သွင်းပြီး ဘုရားစင်ရှေ့
(ဘုရားကျောင်းဆောင်)ဘုရားဘေး တတန်းတည်းတညီတည်းမဖြစ်အောင် ထောင်၍ထားပါ။
၎င်း ရှေ့တွင် အလင်းနံ့သာတိုင်ထွန်း မြတ်စွာဘုရားအားလျှု၍ဆုမွန်ကောင်းများတောင်း
ပြီး နမောတေ ဂါထာကို သက်စေ့ရွတ်ပါ၊ ပိုရွတ်လည်းရပါသည်။ တနင်္လာနေ့ ဗုဒ္ဓဟူးနေ့

 ကြာသာပတေးနေ့ သောကြာနေ့ တွင် မနက် ညနှစ်ကြိမ်ပြုလုပ်ပါ။ အခြေနေမပေးက အနည်းဆုးံ 
တကြိမ်ပြုလုပ်ပါ။ သောမနေ့များအတွက်ဖြစ်သည်။

။ဆန္ဒပြည့် ပါပဂြိုလ် မီးထွန်းစမ။


သောမဂြိုလ် မီးထွန်းစမတွင် ပြောခဲ့သည့် နည်းအတိုင်း ဤစမကိုပြုလုပ် မှန်ဘောင်သွင်းပြီး သောမဂြိုလ်စမနှင့် ဘေးခြင်းယှဉ်၍ ထောင်ထားပါ။ တနင်္ဂနွေနေ့ အင်္ဂါနေ့
စနေနေ့ ဗုဒ္ဓဟူးနေ့ (မနက်ပိုင်းမထွန်းရပါ)ညနေပိုင်း တွင် အလင်းနံ့သာတိုင်ထွန်း ဘုရားလျှူပြီးဆုမွန်ကောင်းများတောင်းပါ။ သောမဂြိုလ်မီးထွန်းစမတွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းမထွန်းရပါ။ နမောတေ ဂါထာကို သက်စေ့ရွတ်ဖတ်ပူဇော်ပါ ပိုရွတ်လျှင်လည်းရပါသည်။

နမောတေဂါထာ(အချို့ကုဂတောဂါထာပြန်ဟု ခေါ်ကြသည်၊ အမည်ကွဲများစွာရှိသည်၊ ဂါထာအမည်နှင့်ပတ်သက်၍ အငြင်းမပွားပါနှင့် နှစ်သက်ရာ အမည်ယူကြကုန်)

သုဂတော သုဂတဌာနံ
သုဂတော သုန္ဒရံပိစ
သုဂတော နိဗ္ဗာနံ ယာတိ
သုဂတော တေ နမော နမာ။


သုဂတော သုဂတဓာနံ၊သုဂတောသုန်ဒရံပိစ
သုဂတော နိတ်ဗာနံ ယာတိ(မြန်မာသံထွက်)

အနက်။ ။ကောင်းသောကြွသွားခြင်းရှိသော မြတ်စွာဘုရားသည် ကောင်းသောသူတော်ကောင်းတရား၌ တည်တော်မူပါပေ၏။ ကောင်းမကောင်း မိန့်ခွန်းခြောက်တန်တွင် နှစ်တန်သောစကားကိုသာ ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် သူတော်ကောင်းတို့စက်ဆုပ်ဖွယ်မှကင်းသော ကာယိနြေ္ဒ မနိနြေ္ဒ ရှိတော်မူသဖြင့် ကောင်းလည်းကောင်းမြတ်လည်း မြတ်တော်မူပါပေ၏။ ကောင်းသောစကားကို
ဆိုတော်မူ သော မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ကြွသွားတော်မူပါပေ၏။
 ကောင်းသောကြွသွားတော်မူသောမြတ်စွာဘုရားအား ဦးညွှတ်ကိုင်းရှိုင်းလျှက်ရှိခိုးတော်မူပါ၏ မြတ်စွာဘုရား။ ။

ရန်အန္တရာယ်ဆိုး အတိုက်အခံများ လာဘ်ပိတ်နေခြင်းများ ကြမ္မာဆိုး ဂြိုလ်ဆိုးဝင်ခြင်းများ
စီးပွားပျက်ခြင်းများ ဆေးမတိုးဖြစ်နေခြင်းများ လုပ်ကိုင်ကြံစည်သမျှ မအောင်မြင်ခြင်းများ ကင်းစင်ပပျောက်၍
စီးပွား လုပ်ငန်း ရောင်းဝယ် နှင့် ကြံစည်သမျှ အောင်မြင်တိုးတက်ပါလိမ့်မည်။ အိမ်တွင်းရေး
အိမ်ပူခြင်းများ တကျက်ကျက်ဖြစ်နေသော အိမ်ထောင်ရေးများ အစဉ်ပြေသွာပါလိမ့်မည်။

ဆရာငယ်ဆူး 
Tag : Myanmar, myimm
0 Komentar untuk "အလယ်မီးထွန်းစမ"

MM-Search. Powered by Blogger.
Back To Top