.

စိတ်ညှို့ပညာ (သို့) အိပ်မွေ့ချခြင်း

စိတ်ညှို့ပညာသမိုင်းကြောင်း

စိတ်ညှို့ပညာကို ရှေးပဝေဿဏီအခါတုန်းက အိမ်မွေ့ပညာ (ခ)
အိမ်မွေ့ချခြင်းပညာရပ်ဟု သုံးနှုန်းခဲ့ကြသည်။ ဒီပညာရပ်သည် အိန္ဒိယ ၊ အီဂျစ်
၊ဂရိ နှင့် ရောမ အစရှိသော စိတ်ပညာများထွန်းကားရာ တိုင်းပြည်ကြီးမှာ
ဆင်းသက်လာကြဟု အဆိုပြုချက်များ ရှိခဲ့ကြသည်။ ဒီပညာရပ်ကို လက်တွေ့စနစ်တကျ
သိပ္ပံနည်းအရ သုတေသနပြုလုပ်ခဲ့သူမှာ လွန်ခဲ့သော အနှစ်နှစ်ရာလောက်က
ဂျာမန်လူမျိုးဆရာကြီး " မက်စ်မား " ပဲ ဖြစ်ပါသည်။ သူ၏အမည်အရှည်ကောက်မှာ
Franz Anton Mesmer(1734–1815) ဖြစ်ပါသည်။ 1734 မှာ မွေးဖွားခဲ့ပါသည်။
ဆရာကြီးသည် လျှပ်စစ် နှင့် နက္ခတ်တာရာများအကြောင့် ၀ါသနာထုံသူဖြစ်သဖြင့်
သေသေချာချာလည်း လေ့လားတတ်မြောက်ခဲ့ပြီး လူများနှင့်နက္ခတ်တာရာ
ဂြိုဟ်များသည် အပြန်အလှန်လွှမ်းမိုးကြောင်းကို နားလည်ထားလေသည်။
လူနာများကို ဆေးကုသသည့်အခါတွင်လည်း သံလိုက်ဓာတ်ပါဝင်သော
သံလိုက်ကျောက်ဖြင့် ရောဂါဝေဒနာများကို ကုသလေသည်။ သံလိုက်ကျောက်ဖြင့်
ကုသရာတွင်လည်း ရောဂါများပျောက်ကင်းချမ်းသာသွား
သည်ကို တွေ့မြင်ရသည်သာ
ဖြစ်သည်။ တစ်နေ့တွင် လူနာတစ်ယောက်၏သွေးသည်းထန်စွာ ထွက်နေသည့်
ဒဏ်ရာတစ်ခုကို လက်ဖြင့် အမှတ်တမဲ့သပ်လိုက်မိသည့်အခါ သွေးတိတ်ထားသည်ကို
တွေ့လိုက်ရသဖြင့် လူ၏လက်တွင်းလည်း သံလိုက်ဓာတ်ရှိလားဟု သိုလောသိုလောဖြင့်
တွေးတောအံသြနေပြီးနောက်ပိုင်းတွင် ဘရင်ဂျီဘုန်းတော်ကြီး " ဂါးစနား "
ဖြင့် တွေ့ဆုံပြီးသည့် အချိန်မှစ၍ သံလိုက်ကျောက်မပါဝင်တော့ဘဲ လက်ဖြင့်သာ
ကုသလေတော့သည်။ ထိုအချိန်မှ စတင်ပြီး ထိုပညာရပ်သည် အလွန်တစ်ရာ
ကြီးကျယ်လာခဲ့ပါတော့သည်။ သို့ရာတွင် သူ၏အယူအဆတို့ကို
ပြင်သစ်နိုင်ငံအစိုးရက ဖွဲ့စည်းသည့် သိပ္ပံပညာရှင်နှင့် သမား တော်များ၏
ကော်မရှင်အဖွဲ့က လက်မခံခဲ့ကြချေ။ နောက်ပိုင်း 1841 လောက်တွင်
ပေါ်ပေါက်ခဲ့သော အင်္ဂလိပ်လူမျိုး ဆရာဝန် ဒေါက်တာဘရိတ် မှ လူနာများကို
စိတ်ညို့ရာတွင် လက်ဖြင့်သပ်စရာမလိုဘဲ လူနာ၏စိတ်စူးစိုက်မှုသာလျှင်
အဓိကဖြစ်သည်ကို သုတေသနလုပ်ရင်း တွေ့ရှိခဲ့ပြီး ထိုပညာရပ်ကို
အိပ်မွေ့ချပညာရပ် ဟု အမည်တပ်ထားသော စာအုပ်တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။
(စိတ်ညှို့ပညာသမိုင်းကြောင်းသည် လွန်စွာရှည်လျားလှသဖြင့်
အချို့အကြောင်းအရာများကို ဆောင်းပါးတစ်ခုအနေနဲ့ The Sixth Sense
မဂ္ဂဇင်းတွင် ပြန်လည်တင်ပြပါမည်။ စာရေးသူ)


စိတ်ညှို့ပညာဆိုတာဘာလဲ

စိတ်ညှို့ပညာဆိုတာ ကျွန်တော်တို့ မျက်လှည့်ပွဲတွေကို
လူတိုင်းကြည့်ရှုကြပါလိမ့်မည်။ ထိုမျက်လှည့်ပွဲများတွင်
မျက်လှည့်ပြသနေသော မျက်လှည့်ဆရာကြီးက လူကိုအိပ်မွေ့ချပြီး
အကြောင်းအရာတစ်ခုခုကို ပြုလုပ်စေခိုင်းသည်ကို မြင်ဖူးကြမယ်လို့
ထင်မိပါသည်။ အိပ်မွေ့ချခြင်းဆိုတာသည်လည်း လူကိုအလိုရှိရာ ပြုမူစေရန်အတွက်
စိတ်ညှို့နည်းပင် ဖြစ်ပါသည်။ အမိန့်ပေးသည်၏စကားကို လိုက်ပြီး
စကားပြောဆိုနိုင်သည် သွားလာလှုပ်ရှားနိုင်သည်။ အိပ်မွေ့ချခြင်းခံရသူသည်
အပ်ဖြင့်ထိုးခြင်းခံရသည်တိုင် နာကျင်ရမှန်းမသိတော့သဖြင့်
အထိအတွေ့အာရုံကို မခံစားနိုင်တော့ပါဘူး.။ နှလုံးကို မြန်အောင် တိုးအောင်
ပြုလုပ်နိုင်ပါသည်။ သာမန်အဆင့်လောက်သာ အိပ်မွေ့ချထားသူသည်
အိပ်မွေ့ချခံရခြင်းမှာ လွတ်မြောက်သည့်အခါ မိမိအိပ်မွေ့ချခြင်း ခံရစဉ်က
ပြုလုပ်ခဲ့သော လုပ်ငန်းဆောင်တာကို ပြန်လည်သိရှိနိုင်ပေသည်။ သို့ပေမယ့်
ပြင်းပြင်းထန်ထန် အိပ်မွေ့ချခြင်းခံရသောအခါ ဘာအရာကို
ပြန်လည်မှတ်မိနိုင်ခြင်း မရှိတော့ပါ။ ဦးနှောက်သည် နဗ်ကြောများ အဆုံးရာ
ဗဟိုဌာနကြီးဖြစ်၍ ကိုယ်နှင့်စိတ်သည် နဗ်ကြောခေါ် အာရုံကြောများဖြင့်
တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိပေသည်။ အိပ်ပျော်နေသောအခါ ဦးနှောက်၏
အာရုံအစွမ်းတို့သည် လေးလံထိုင်း မှိုင်းလျက်ရှိပြီး နဗ်ကြောနှင့်
ကိုယ်သည်၎င်း၊ နဗ်ကြော အချင်းချင်းသည်၎င်း ယာယီအားဖြင့် အဆက်ပြတ်၍ နေတတ် သည်။
သို့သော် ထိုနဗ်ကြောဖြင့် ခံစား၍ရသော အာရုံတို့ကို နိုးတစ်ဝက်မနိုးတစ်ဝက်
ရနိုင်သည်ဟု စိတ်ပညာဆရာတို့က ယူဆကြသည်။

ပမာဆိုသော် နံနက်အရုဏ်တက်အချိန်တွင် နိုးအောင်သတိထားပြီး
အိပ်လေ့ရှိသူတို့သည် အခြား အသံများကြောင့် အိပ်ရာမှ မနိုးသော်လည်း
အရုဏ်ကြက်တွန်သံ သို့မဟုတ် ဘုန်းကြီးကျောင်းမှ တုံးခေါက်သံကြားသည်နှင့်
တစ်ပြိုင်နက် အလိုအလျောက် နိုးတတ်ပုံကိုထောက်လျှင်၊ ဦးနှောက်ကခံယူသော
အာရုံအချို့ကိုတစ်ဝက်တစ်ပျက်နှိုးထားနိုင်ကြောင်း ထင်ရှားလေသည်။
ထိုအတိုင်းပင် အိပ်မွေ့ချ၍ အိပ်ပျော်နေသူတစ်ဦးတွင်လည်း
သာမန်အိပ်ပျော်နေသူကဲ့သို့ လုံးလုံးလျားလျား အိပ်ပျော် နေခြင်းမရှိဘဲ၊
စိတ်ညှို့ဆရာခိုင်းစေသည့်အတိုင်း၊ သွားလာပြောဆို လှုပ်ရှားနိုင်သော
အာရုံအစွမ်း သတ္တိများသည် နိုးလျက်ရှိပေသည်။ အိပ်မွေ့ ချထားသည့်အခါ
အိပ်မွေ့ချခံရသူ၏ စိတ်ဆန္ဒသည် အမိန့်ပေး သူ၏ စိတ်ဆန္ဒအတိုင်းသာလျှင် လိုက်၍
တည်နေရသည်။ အိပ်မွေ့ချခံရသူက အမိန့်ပေးသည့်အတိုင်း မလိုက်နာဘဲ
ငြင်းဆန်လိုသည့်စိတ်တို့သည် 'အိပ်ပျော်'လျက်ရှိသောကြောင့်
'နိုးကြား'လျက်ရှိသော ခန္ဓာကိုယ် သည် စိတ်ညှို့ဆရာ၏ အမိန့်ပေးရာကို
နာယူလေသည်။

စိတ်ညှို့မည့်သူသည် လူတစ်ယောက်ကို အိပ်မွေ့ချမည် ဆိုပါက ထိုသူအား
အရာဝတ္ထုတစ်ခုခုကို စိုက်၍ကြည့်ခိုင်းသည်။ အညှို့ခံရသူသည် မိမိ၏စိတ်တွင်
မည်သည့်အာရုံကိုမျှ မစွဲရဘဲ၊ စိတ်အားကို လျော့၍ထားရသည်။ ထို့နောက်
စိတ်ညှို့ ဆရာသည် စကားကို သာယာညှင်းပျောင်းပြော၍၊ အိပ်အောင် 'သိပ်'
ပေးသည်။ တစ်ခါတစ်ရံ ဦးခေါင်းကို လက်ဖြင့်ညင်သာ စွာ သပ်ပေးသည်။ တစ်ခါတစ်ရံ
မျက်နှာကို သပ်ပေးရသည်။ ထိုအခါ စိတ်ညှို့ခံရသူ၌ အိပ်ပျော်နေသူ၏ လက္ခဏာများ
ပေါ် ပေါက်လာလေသည်။ လူအများက ယုံကြည်ကြသည်မှာ စိတ်ညှို့ဆရာသည်
မည်သူကိုမဆို အိပ်မွေ့ချ၍စေခိုင်းနိုင်သည် ဟူ၏။ ဒီစကားသည် မမှန်ကန်ပါ။
စိတ်ခိုင်သူများကို အိပ်မွေ့ ချ၍ ယင်းတို့မလုပ်ချင်သောအရာကို လုပ်အောင်စေ
ခိုင်း၍ မရနိုင်ပါ။ အကြံပေးလွယ်တဲ့ လွယ်ကူစွာသဘောတူတက်သူများ၊
စိတ်ပျော့ပြောင်းသူ၊ နူးညံ့သူ၊ ကြောက်တတ်သူ ထိုသူတွေက အိပ်မွေ့ချဖို့
ပိုလွယ်ကူတဲ့ သူတွေပဲ ဖြစ်ကြပါသည်။ စိတ်ညှို့ပညာသည် မှော်ပညာမဟုတ်ပါ။
စိတ်ညှို့ ပညာဟာလည်းစိတ်ရဲ့  စွမ်းအင်ကို အသုံးချတဲ့ပညာဖြစ်နေတော့
ရှေးခေတ်လူသားတွေလက်ထက်
တည်းကအသုံးချခဲ့ကြတာပါပဲ။ ဂန္ဓာရီပညာ ၊ ရှာမန်ပညာ ၊မှော်ပညာတွေက
အသုံးချခဲ့တဲ့ စွမ်းအင်တွေအများကြီး ရှိခဲ့တဲ့အနက် စိတ်စွမ်းအင်ပညာတစ်ခု
ဖြစ်တဲ့စိတ်ညှို့ ပညာလည်းပါသွားတာပါ။ ဒါကြောင့်စိတ်ညှို့ ပညာကို
ဂန္ဓာရီပညာလိုလို၊ မှော်ပညာလိုလိုမှတ်သွားကြပါသည်။ စိတ်ညှို့ပညာသည်
စိတ်နှင့်သက်ဆိုင်သော စိတ်ပညာရပ်တစ်ခုသာ ဖြစ်ပါသည်။ ဒီပညာရပ်ကို
ဘာသာမရွေး လူတန်းစားမရွေး လူတိုင်းကျင့်ယုနိုင်ပါသည်။

စိတ်ညှို့ပညာကို လေ့လာမည့်သူက အရင်ဆုံး သံလိုက်ဓာတ်သဘောကို သိရှိရပါမည်။
သံလိုက်ဓာတ်ဆိုသည်မှာ ကျွန်တော်တို့ ငယ်စဉ်ကတည်းက သံချောင်းကလေးတွေနဲ့
ဆော့ကစားတတ်တဲ့ သံလိုက်ကျောက်တွင် သံကလေးများကို ဆွဲငင်နိုင်သော
ဓာတ်ရှိသကဲ့သို့ လူတွင်လည်းအခြားသူများကို မိမိ၏အလိုသို့ ဆွဲငင်နိုင်တဲ့
ဓာတ်တစ်ခုရှိပါသည်။ အဲဒီဓာတ်ကို သံလိုက်ဓာတ် ဟုခေါ်ဆိုကြသည်။ သံလိုက်ဓာတ်
ဆိုသည်မှာ လူတစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံ ကြုံကြိုက်သော အခါ
တစ်ယောက်သောသူက တစ်ယောက်သူအား အလိုလို ရိုသေခန့်ညားခြင်း၊
ကြည်ညိုမြတ်နိုးခြင်း၊ ယုံကြည် အားကိုးခြင်း ၊ချစ်ခင်ကြင်နာခြင်း၊
အလိုသို့လိုက်လိုခြင်း စသည်တို့ကို ဖြစ်စေသော ဓာတ်သဘောပင် ဖြစ်ပါသည်။
သံလိုက်ဓာတ်သည် ကျွန်တော်တို့ ခန္ဓာကိုယ်တွင် ကိန်းအောင်းလျက်ရှိပါသည်။
ဒါပေမယ့် အပြင်ကို ထွက်ပေါ်လာအောင်တော့ ကျင့်ကြံမှသာလျှင် ရရှိပေလိမ့်မည်။
သံလိုက်ဓာတ်ရှိသော လူသည် သူများတွေထက် ခေါင်းဆောင်လူကြီးများ ဖြစ်တတ်သည်။
ချစ်သူခင်သူ ပေါကြသည်။ လူအများတွေထဲမှာ ထူး၍ သိသာနေသူဖြစ်သည်။ ထိုကြောင့်
စိတ်ညှို့ပညာကို လေ့လာမည့်သူသည် မိမိကိုယ်ကို သံလိုက်ဓာတ်ရရှိအောင်
အရင်ဆုံး လေ့ကျင့်ထားသင့်ပါသည်။ သံလိုက်တုံးကြီးများကို ခန္ဓာကိုယ်မှာ
ကပ်ထားရမလားဆိုတဲ့ ပုံစံမျိုးမဟုတ်ပါ။ သံလိုက်ဓာတ်သည် ဆွဲငင်သော
သဘောကိုဆောင်သည်။ ဓာတ်အရှိန်ကြီးသောသူသည် ဓာတ်အရှိန်နည်းသောသူ၏အပေါ်၌
လွှမ်းမိုးအုပ်ချုပ်စမြဲပင် ဖြစ်ပေသည်။ သံလိုက်ဓာတ် ရှိသောသူ၏ စိတ်သည်
အခြေခံ ဓာတ်ဖြစ်သည်။ သံလိုက်ဓာတ် မရှိသောသူ၏စိတ်သည် အနေခံဓာတ်ဖြစ်သည်။
အခြေခံဓာတ်သည် အောင်မြင်ခြင်းကို ဖြစ်စေတတ်ပြီး အနေခံဓာတ်သည်
မအောင်မြင်ခြင်း မသေချာခြင်းကို ဖြစ်စေတတ်သည်။ သံလိုက်ဓာတ် ရှိသော
သူ၏စိတ်၌ အောင်မြင်ခြင်း စိတ်ဓာတ် အစဉ်ရှိသည်။ အောင်မြင်ရမည် ဟူသော
အခြေခံ ဓာတ်အစဉ်ရှိသည်။ သံလိုက်ဓာတ် မရှိသော သူ၏ စိတ်၌မူကား မအောင်မြင်
နိုင်ပါဘူး၊ အောင်မြင်မှ အောင်မြင်ပါ့မလား၊ အောင်မြင်မယ်မထင်ပါဘူး ဟူသော
အနေခံ ဓာတ်မျိုးသာရှိတတ်သည်။ ထို့ကြောင့် သံလိုက်ဓာတ်ကို မွေးမြူ
စုဆောင်း၍ သံလိုက်ဓာတ် ၏ ဆန့်ကျင်ဖက် ဖြစ်သော ဓာတ်များကို ရှောင်ကြည်
ကြရမည် ဖြစ်ပေသည်။

စိတ်ညှို့ပညာကို မကျင့်မီ ပြင်ဆင်ရမည့်အချက်များ


စိတ်ညှို့ အိပ်မွေ့ ပညာကို လိုက်စားလေ့လာမည့်သူများတွင် ပထမလိုအပ်သော
အရည်အချင်းတစ်ခုမှာ ကိုယ်လက်ကျန်းမာခြင်း ဖြစ်သည်။ ကိုယ်လက်ကျန်းမာမှ ညှို
့ဓာတ်ထက်မြက်သည်။ ကျန်းမာခြင်းချို့ တဲ့ပါက ညှို့ ဓာတ်လည်း ဆုတ်ယုတ်လေသည်။
ကိုယ်လက်ကျန်းမာသော သူသည် အခြားသူအားအနည်းနှင့် အများညှို
့နိုင်လေသည်။သြဇာတည်စေသည်။ကျန်းမာခြင်းအပြင် စိတ်စူးစိုက်စွဲမြဲခြင်း ၊
ပညာကိုယုံကြည်ခြင်း ၊ မိမိ၏တန်ခိုးကို မိမိယုံကြည်စိတ်ချခြင်း စသည်တို
့သည်လည်းလိုအပ်လေသည်။ ယင်းပြင် သူတစ်ပါး၏စိတ်ကို
လွှမ်းမိုးအုပ်ချုပ်နိုင်ရန်မှာ ပထမဆုံး မိမိ၏စိတ်ကို
မိမိနိုင်နင်းအုပ်ချုပ်နိုင်ရမည်။ မိမိကိုယ်ကို မိမိမအုပ်ချုပ်နိုင်လျှင်
သူတစ်ပါးကိုလည်းအုပ်ချုပ်ရန် မဖြစ်နိုင်ပေ။ထို့ ကြောင့် မိမိသည်
ကိုယ်လက်ကျန်းမာစေရန်နှင့် စိတ်တန်ခိုးကြီးမားရင့်သန်စေရင်ကြိုးစားရမည်။
ကိုယ်လက်ကျန်းမာစေရန်မှာ ကျန်းမာရေးနှင်ညီညွတ်အောင်နေထိုင်စားသောက်ရမည်။
ကိုယ်လက်လှုပ်ရှားခြင်းကိုနေ့ စဉ်ပြုလုပ်ရမည်။ မူးယစ်စေတတ်သော
အစားအသောက်များကိုလည်း ရှောင်ကြဉ်ရမည်။ စိတ်တန်ခိုး
အရှိန်ကြီးမားရင့်သန်စေရန်မှာ မည်သည့်အလုပ်အကိုင်ဖြစ်စေ
ပြုလုပ်ဆောင်ရွက်ရာတွင် မရမနေတစ်ခုတည်းသော စိတ်သာထားပြီး
စိတ်အားထက်သန်စွာ ဆောင်ရွက်ရမည် ဖြစ်ပေသည်။
စိတ်ညှို့ ပညာရှင်တစ်ယောက်ဖြစ်ရန်အတွက် ပထမဦးဆုံးအနေဖြင့် စိတ်တည်ငြိမ်ဖို
့လိုပါတယ်။စိတ်တည်ငြိမ်လျှင် ညှို့ ဓါတ်များတိုးပွား၍ အသုံးချရာမှာ
ပိုမိုထိရောက်စေပါတယ်။
စိတ်ငြိမ်စေဖို့ အတွက် မလိုလားအပ်တဲ့ကိစ္စများဖြစ်သည့် မျက်တောင်ခဏခဏ
ခတ်ခြင်း ၊ လက်သည်းများကို ကိုက်ခြင်း ၊ ဒူးလှုပ် ပေါင်လှုပ်ခြင်း နှင့်
ခေါင်းခဏခဏ ညှိမ့်ခြင်းတို့ ကိုတတ်နိုင်သမျှ ချုပ်တီးထားရမည်။ ထိုကဲ့သို့
ချုပ်တီးခြင်းဖြင့် သင့်ကိုယ်ထဲတွင် အလိုအလျောက်ညှို
့ဓါတ်များပွားများလာပြီး ဆန္ဒဓါတ်အရှိန်ဖြစ်စေနိုင်သည်။
 
လေ့ကျင့်နည်း

စိတ်ညှို့ပညာကို အရင်ဆုံးလေ့ကျင့်မည်ဆိုပါက မိမိမျက်လုံးကို
ညှို့ဓာတ်ကောင်းအောင် လေ့ကျင့်ရပါမည်။ ကျွန်တော်တို့၏မျက်စိသည်
အလွန်တန်ခိုး ကြီးမားပြီး သားရဲ တိရ စ္ဆာန်များသည်
ကျွန်တော်တို့၏မျက်စိကို အလွန် ကြောက်သည်။ လူ၏မျက်စိသည် စိတ်ဝိညာဉ်၏
ပြူတင်းပေါက်များ သဖွယ် ဖြစ်သောကြောင့် မျက်စိမှ ကြည့်လိုက်သောအခါ
အတွင်းစိတ် ၀ိညာဉ်သို့ တိုက်ရိုက် စူးရှ ပေါက်ရောက်နိုင်သည်။ ထို့ကြောင့်
မျက်စိတန်ခိုးဖြင့် လူများကို ညှို့နိုင်လေသည်။ စိတ်ညှို့ရာတွင်
မျက်စိအား ထက်သန်လေလေ အကျိုးရှိ လေလေ ဖြစ်ပေသည်။ ထို့ကြောင့် ထက်မြက်
စူးရှသော မျက်စိများကို ရအောင် လေ့ကျင့်ရာ၏။ မျက်စိတန်ခိုး ကြီးမား
ထက်သန်စေရန် လေ့ကျင့်ရာ၌ နံနက်စောစောနှင့် ညအချိန်တို့သည်
အကောင်းဆုံးဖြစ်ပေသည်။ ထိုအချိန်တွင်လည်း မိမိ၏စိတ်သည်
အိပ်ချင်စိတ်မရှိစေရပါ။ တစ်နေရာရာ၌ ထိုင်လျှက် မိမိရှေ့က မှန်တစ်ချပ်
(သို့) အပြာရောင်စက်ဝိုင်း  ထားရမည်။ မှန်ဖြင့်ကြည့်မည်ဆိုပါက
မှန်တွင်ရှိသော မိမိ၏အရိပ်ပေါ်ရှိ တတိယမျက်လုံးရှိသော
မျက်တောင်နှစ်ခုအကြားကို သေသေချာချာကြည့်ရပါမည်။ အပြာရောင်စက်ဝိုင်းကို
ကြည့်ရှုသည်ဆိုပါက မိမိစိတ်ကို တတိယမျက်လုံးကို ပို့ထားပါ။ မိမိသည်
အပြာရောင်စက်ဝိုင်းကို တတိယမျက်လုံးဖြင့် ကြည့်ရှုနေသည်ဟု စိတ်ထဲတွင်
မှတ်ထင်ကာ ကြည့်ရှုရပါမည်။
မျက်စိပြုးပြီး မကြည့်ရပါ။ မှေးသွားလို့လည်း မရပါ။ ပုံမှန်အနေအထားအတိုင်း
စိုက်ကြည့်နေရမည်။ မျက်တောင်မခတ်ပဲ ကြာကြာ ကြည့်နိုင်သရွေ့ ကြည့်ရမည်။
မျက်တောင် မညောင်းပဲ မျက်တောင် မခတ်ပဲ ၅-မိနစ် ၊ ၁၀-မိနစ် ၊ ၁၅-မိနစ်
စသည်ဖြင့် ကြာကြာ နေနိုင်သည့် တိုင်အောင် ကြိုးစားရမည်။ အချို့မှာ
တစ်နာရီ နှစ်နာရီပင် ကြည့်နိုင်၏။ ကြာကြာကြည့်နိုင်လေလေ မျက်စိတန်ခိုး
ကြီးမားလာလေလေ ဖြစ်ပေသည်။
ထိုကဲ့သို့  မျက်တောင်ညောင်း၍ ခတ်ချင်မှိတ်ချင်လာလျှင် မျက်ခွံကို အသာလေး
မပင့်ပေးနိုင်ပါသည်။ မျက်ရည်များကျ၍ မျက်စိစပ်လာလျှင် ဆက်လက်၍
မကြည့်နိုင်ပုံနိုင်ပါက ရေအေးအေးနှင့် မျက်နှာသစ်ပေးပါ။
နေ့စဉ် ရက်မပျက်ဘဲ အချိန်မှန်မှန် လေ့ကျင့်ရမည်။ ဤကဲ့သို့
စိုက်ကြည့်လျှက် ကျင့်နေစဉ် စိတ်ဇော ထက်သန်စွာဖြင့်

“ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့ ထက်သန်လာပြီ။ ငါသည် တစ်နေ့ထက်
တစ်နေ့ ကြာကြာကြည့်နိုင်လာပြီ။ ငါ၏ မျက်စိများသည် တစ်နေ့ထက် တစ်နေ့
စူးရှထက်မြက်လာပြီး တန်ခိုးအရှိန် ကြီးမားလာပြီ။ ငါသည် မျက်တောင်မခတ်ဘဲ
နာရီပေါင်းများစွာ ကြည့်ရှုနိုင်သည်။ ငါတွင်ရှိသော ထူးရှထက်မြက်သည့်
မျက်စိများ၏အရှိန်ကို မည်သူ တစ်စုံတစ်ဦး တစ်ယောက်မျှ မခံတော့ပြီ။ ငါသည်
လူတိုင်းကို ငါ၏ ထက်မြက်သော မျက်စိဖြင့် ညှို့နိုင်ပြီ…အမိန်ပေးနိုင်ပြီ
" စသည်ဖြင့် စိတ်ထဲ က တွေးထင်ရမည်။ ဒီစိတ်ညှို့နည်းကို 49 ရက်
လုပ်ဆောင်ပြီးသောအခါ မိမိတွင် ထူးခြားမှုများတွေ့ရှိရပါလိမ့်မည်။
နောက်တစ်ခု ညအိပ်ယာဝင်ချိန်တွင်
ပက်လက်အနေအထားဖြင့် အိပ်စက်ပါ။ မိမိစိတ်ကို ဖြေလျှော့ပြီး
ဘာမှမတွေးဘဲနေရပါမည်။ မိမိ၏ စိတ်ကူးထဲတွင် မိမိသည် စကြာဝဋာကြီးတစ်ခုထဲသို
့ရောက်ရှိနေပြီ။ မိမိအနားတွင် ကြယ်များသာရှိသည်ဟု တွေးထင်ရမည်။ ထို့ အတူ
မိမိခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် အဖြူရောင်များ ၊ အ၀ါရောင် ၊
လင်းလက်တောက်ပသောအရောင်များဖြင့် ဖုံးလွှမ်း၍ တောက်ပနေသည်ဟု
အာရုံပြုနေရမည်။ အာရုံပြုနေစဉ် အိပ်ပျော်သွားက အိပ်ပျော်သွားနိုင်သည်။
မိမိစိတ်ကူးကို ထပ်၍ မြှင့်တင်နိုင်ပေသည်။ စုစုပေါင်း နှစ်ခုကို
လေးဆယ့်ကိုးရက် ကျင့်ကြံပြီးပါက မိမိသည် စိတ်ညှို့နည်းကို
တက်လှမ်းနိုင်ပြီ ဖြစ်ပါသည်။ မိမိစိတ်သည် တည်ငြိမ်မှုမရှိတော့သည်အခါ
မိမိတွင်ရှိသော ညို့ဓာတ်ကုန်ခမ်းသွားပြီ မှတ်ထင်ရမည်။ ဒီအတိုင်း
မိမိ၏ညို့ဓာတ်ကို မြင့်တင်လိုက်ပါ။ လူတွေကို
ဘယ်လိုစိတ်ညို့နိုင်မလဲဆိုတာကိုတော့ အထူးတစ်လေ ပြောစရာမလိုတော့ဘူးလို့
ထင်မှတ်မိသည့်အတွက် စိတ်ညို့ပညာရပ်ကို ဒီမှာတင် နိဂုံးချုပ်လိုက်ပါသည်။

မိုးကြယ်စင်
Tag : Craft
1 Komentar untuk "စိတ်ညှို့ပညာ (သို့) အိပ်မွေ့ချခြင်း"

စာတွေဖတ်မရဘူး

MM-Search. Powered by Blogger.
Back To Top