.

** အက္ခရာလေးဆယ့်တစ်လုံးဖြင့် ပြအပ်သော ဂုဏ်တော် လေးဆယ့်တစ်ပါး ဘုရားရှိခိုး ***

အ - အနန္တဉာဏော၊ အတိုင်းမရှိသော သဗ္ဗညုတဉာဏ် ရှိတော်မူသော မြတ်စွာဘုရား။
အာ - အာသဝက္ခယဉာဏော၊ အာသဝေါတရားလေးပါး ကုန်ခန်းစေသော အရဟတ္တမဂ်ဉာဏ်, အရဟတ္တဖိုလ်ဉာဏ် ရှိတော်မူသောမြတ်စွာဘုရား။
ဣ - ဣန္ဒြိယပရောပရိယတ္တိဉာဏံ၊ ဣနြေ္ဒအနု-အရင့်ကို သိစွမ်းနိုင်သော ဉာဏ်ရှိတော်မူသော မြတ်စွာဘုရား။

ဤ - ဤဟာ၊ဝေနေယျ သတ္တဝါတို့ အား ကယ်မတော်မူရာ၌ ကြီးမားလုံ့ လ ဝီရိယရှိတော်မူသော မြတ်စွာဘုရား။

ဥ - ဥဏှီသသီသော၊ပြကတေ့သော သင်းကျစ်တော်ဖြင့် တင့်တယ်သော ဦးခေါင်းရှိတော်မူသော မြတ်စွာဘုရား။
ဦ - ဦရုလက္ခဏသမ္ပန္နော၊ ဆင်နှာမောင်းကဲ့သို့ သွယ်ပြောင်းပြေပြစ်သော ပေါင်တော်လက္ခဏာနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဧ - ဧဏိဇင်္ဂေါ၊ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့  တင့်တယ်သပ္ပါယ်သော သလုံးမြင်းခေါင်းရှိတော်မူသော မြတ်စွာဘုရား။
သြ - သြက္ကာကကုလသမ္ဘဝေါ၊ သြက္ကာက မင်းမျိုးမှ ဖြစ်တော်မူသော မြတ်စွာဘုရား။
က - ကတကိစ္စော၊ ပြုအပ်ပြီးသော မဂ်ကိစ္စရှိတော်မူသော မြတ်စွာဘုရား။
ခ - ခတ္တိယကုလသမ္ဘဝေါ၊ အသမ္ဘိန္န ခတ္တိယမင်းမျိုးမှ ဖြစ်တော်မူသော မြတ်စွာဘုရား။

ဂ - ဂေါတမော၊ဂေါတမအနွယ် ဖြစ် တော်မူသော မြတ်စွာဘုရား။

ဃ - ဃဋိကာရပူဇိတော၊ဃဋိကာရဗြဟ္မာမင်းကြီးသည် ပရိက္ခရာရှစ်ပါးတို့ ဖြင့် ပူဇော်အပ်တော်မူသော မြတ်စွာဘုရား။

င - င ကာရာဒိအသေသတော၊အစ၌ င-အက္ခရာရှိသောပုဒ် ကို ဟောကြားတော်မမူသော မြတ်စွာဘုရား။
စ - စက္ကင်္ကိတပါဒေါ၊ ၁၀၈ ကွက် စက်လက္ခဏာတို့ ဖြင့် တင့်တယ်သော ခြေတော် ရှိတော်မူသော မြတ်စွာဘုရား။

ဆ - ဆဗ္ဗဏ္ဏရံသိကော၊ရောင်ခြည်တော် ခြောက်သွယ်တို့ ဖြင့် တင့်တယ်တော်မူသော မြတ်စွာဘုရား။
ဇ - ဇာဂရိယာနုယောဂေါ၊ ထကြွနိုးကြား ကြီးမားသောလုံလ ဝီရိယ ရှိ တော်မူသော မြတ်စွာဘုရား။

ဈ - ဈာယီ၊စတုတ္ထဈာန် သမာပတ်ကို အထပ်ထပ်ဝင်စားလေ့ ရှိ တော်မူသော မြတ်စွာဘုရား။

ည - ဉာဏပုဗ္ဗင်္ဂမော၊ဉာဏ်တော်ကို ရှေ့ ထား၍ စေစားတော်မူသော မြတ်စွာဘုရား။
ဋ - ဋေမနော၊ နိဗ္ဗာန်ရွှေမြို့ သို့ စေပို့ တော်မူသော မြတ်စွာဘုရား။
ဌ - ဌာနာဌာနကောသလ္လော၊ အကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာတော်မူသော မြတ်စွာဘုရား။
ဍ - ဍမယော၊ တဏှာမင်းဆိုးကို ချိုးဖဲ့ တွန်းလှန် ပုန်ကန်တော်မူသော မြတ်စွာဘုရား။
ဎ - ဎောလသမော၊ တီးမှမြည်ဟီး စည်ကြီးအလား မိန့် ကြားတော်မူသော မြတ်စွာဘုရား။
ဏ - ဏ ကာရာဒိ အဒေသတော၊ အစ၌ ဏအက္ခရာရှိသောပုဒ်ကို ဟောကြားတော်မမူသော မြတ်စွာဘုရား။

တ - တထာဂတော၊ရှေးဘုရားကဲ့ သို့ ကောင်းစွာလာတော်မူခြင်း ရှိတော်မူသော မြတ်စွာဘုရား။

ထ - ထောမနာရဟော၊လူ နတ် ဗြဟ္မာတို့ ၏ ချီးမွမ်းခြင်းကို ခံတော်မူထိုက်သော မြတ်စွာဘုရား။
ဒ - ဒသဗလော၊ ဆယ်ပါးသော အားတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဓ - ဓမ္မရာဇာ၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား။
န - နိဗ္ဗာနဂါမီ၊ နိဗ္ဗာန်နန်းသို့ ကြွမြန်းတော်မူသော မြတ်စွာဘုရား။
ပ - ပုရိသဒမ္မသာရထိ၊ သတ္တဝါတို့ ကို ယဉ်ကျေးအောင် ဆုံးမတော်မူသော မြတ်စွာဘုရား။
ဖ - ဖုလ္လဝဒနော၊ ပွင့်လန်းရွှင်ပြသော မျက်နှာရှိတော်မူသော မြတ်စွာဘုရား။

ဗ - ဗုဒ္ဓေါ၊သစ္စာလေးရပ် တရားမြတ်ကို ကိုယ်တော်တိုင် သိတော်မူခြင်း သူတပါးတို့ ကိုလည်း သိစေတော်မူခြင်းရှိသောမြတ်စွာဘုရား။
ဘ - ဘဂဝါ၊ ဘုန်းတော် ခြောက်စုံ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

မ - မဟေသီ၊သီလက္ခန္ဓ စသည်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူလေ့ရှိသော မြတ်စွာဘုရား။

ယ - ယသဿီ၊များသော အခြံအရံ ရှိတော်မူသော မြတ်စွာဘုရား။

ရ - ရာဇာဓိရာဇာ၊မင်းတကာတို့ ထက် လွန်ကဲသောမင်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား။
လ - လောကဝိဒူ၊ လောကသုံးပါးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။

ဝ - ဝိဇ္ဇာစရဏ သမ္ပန္နော၊ ဝိဇ္ဇာသုံးပါး ဝိဇ္ဇာရှစ်ပါး စရဏ တစ်ဆယ့်ငါးပါးတို့ နှင့် ပြည့်စုံတော်မူသောမြတ်စွာဘုရား။

သ - သုဂတော၊ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။
ဟ - ဟိတာဝဟော၊ လူ နတ် ဗြဟ္မာ သတ္တဝါတို့ ၏ အကျိုးစီးပွားကို ဆောင်တော်မူသော မြတ်စွာဘုရား။

ဠ - ဠီလာဂတော၊တင့်တယ်စမ္ပာယ်စွာ ကြွတော်မူတတ်သော မြတ်စွာဘုရား။

အံ - အံသုမာလိကော၊နေမင်းသဖွယ် တင့်တယ် စမ္ပာယ်တော်မူသော မြတ်စွာဘုရား။

ဣတိ - ဤသို့၊ ဧကစတ္တာလီ သက္ခရ လက္ခဏ ဂုဏေဟိ - လေးဆယ့်တစ်လုံးသော အက္ခရာတို့ ဖြင့် မှတ်အပ်သော လေးဆယ့်တစ်ပါးသောဂုဏ်တော် ကျေးဇူးတော်တို့ နှင့်၊ သမန္နာဂတံ - ပြည့်စုံတော်မူသော၊
သမ္မာသမ္ဗုဒ္ဓံ - သမ္မာသမ္ဗုဒ္ဓ မြတ်စွာဘုရားကို၊အဟံ - ခန္ဓာ နာမ်ရုပ်တို့ ဖြင့် လှူဒါန်းပူဇော် ထားအပ်ပြီးသော ဘုရား တပည့်တော်သည်၊ ဝန္ဒာမိ- ရှိခိုးပူဇော်ပါ၏ ဘုရား။

ဤ အက္ခရာ လေးဆယ့်တစ်လုံးဘုရားရှိခိုးကို နေ့ စဉ်ရွတ်ဆို၍ ရှိခိုးသော သူတို့ မှာ အန္တရာယ်ကင်းခြင်း လူ နတ် ချစ်ခင်ခြင်းဖြစ်၏။နံနက်ထ အစားအစာဦးတစ်ခုခုကို အက္ခရာ တစ်လုံး ဂုဏ်တော်တစ်ပုဒ် ရွတ်ဆိုပြီး စားပါ၊ အက္ခရာစဉ်အတိုင်း ၄၁-ရက် ပြီးမြောက်လျှင် သတိဉာဏ်ကောင်းပြီး ပိဋကတ်သိဒ္ဓိပေါက်သည်ဟု ပိဋကတ်တတ်သည့်ရှေးရှေးဆရာတော်ကြီးများ အမိန့် ရှိဘူးသည်။
Tag : Myanmar, myths, spell
0 Komentar untuk "** အက္ခရာလေးဆယ့်တစ်လုံးဖြင့် ပြအပ်သော ဂုဏ်တော် လေးဆယ့်တစ်ပါး ဘုရားရှိခိုး ***"

MM-Search. Powered by Blogger.
Back To Top