.

သံပရာသီး အဆောင်စမ အစီအရင်



၎င်းစမကိုသံပ၇ာသီးပေါတွင်သံချွန်ဖြင့်အသားပြတ်အောင်ချဆွဲပါ။စမဆွဲသောအခါ၇ွတ်၇မည် ။
ဂါထာမှာ
၈ဆွဲသောအခါ -အဌမဂ္ဂင်ဂါနိ
၃ဆွဲသောအခါ-တိပိဋကတ္တယံ
၇ဆွဲသောအခါ-သတ္တဘောဇ္ဈင်
ဝဆွဲသောအခါ-သုံညံစေ၀(မေ၊တေ)ဘ၀ိဿတိ။ သုံည၀ိုင်းမိသည်နှင့်ဂါထာ၇ွတ်ခြင်းပီရမည်။

ဂါထာတွင်သူတပါးအတွက်စီ၇င်ပေးလျှင်(တေ)မိမိအတွက်ဆိုလျှင်(မေ)ဟု၇ွတ်ပါ။
ပီးလျှင်အောက်ပါဂါထာဖြင့်၃၇ခေါက်မန်းပါ။
ဥုံ အဌမဂ္ဂင်ဂါနိတိပိဋကတ္တယံသတ္တဘောဇ္ဈင်သုံညံစေ၀(မေ၊တေ)ဘ၀ိဿတိ။(၃၇ခေါက်)
၎င်းသံပရာသီးကို ဆောင်သောအခါပွတ်ရှုပေးခြင်းပြုရသည်။ လူချစ်လူခင်များစေသည်။ မိမိစကားအောင်မြင်မည်။ လူအများနှင့်ဆိုင်သောလုပ်ငန်းများ ။ အနုပညာသည်၊ နိင်ငံရေးဟောပြောသူ လူထုစည်းရုံးရေးသမား အများနှင့်လုပ်ရသောလုပ်ငန်းရှင်များအတွက်
သင့်တောသည်။ အချစ်ရေးအတွက်သုံးလိုလျှင် မိမိချစ်သူအားချစ်ရေးဆို၇ာတွင်လည်းသုံးနိုင်သည်။ ၎င်းအဆောင်သည် သူတပါးမပြုစားနိုင် ။ မကောင်းဆိုးဝါးများ ပယောဂ။ နတ်မိစ္စာများကိုလည်း နိုင်သော အန္တရာယ်ကင်းအဆောင်ဖြစ်သည်။

၎င်းစမ အန္တ၇ာယ်ကင်းကာယသိဒ္ဓိအတွက်သုံးလိုလျှင် မိုင်ကိုင်စက္ကူတွင်၇ ခုချ မျိုပါ( မီးမရှိ့ ရ)..
စမ မသောက်ခင်လက်ဖျံကိုတိုင်းထားပါ စမသောက်ပီးပါက မူလလက်ဖျံထက် အနည်းငယ်
တိုသွားမည် သို့ မှသာကာယသိဒ္ဓိအောင်မည်။
Tag : logy, Myanmar
1 Komentar untuk "သံပရာသီး အဆောင်စမ အစီအရင်"

အဆောင်မှာလို့ရလား

MM-Search. Powered by Blogger.
Back To Top