.

ငွေရေးကြေးရေး အစီအရင် (၁၀)နည်း

(၁) ဆပ်ပြာမွှေးပေါ် စံပယ်ပန်းတင်၍ " ငွေများများဝင်ပါစေ ၊ အမြန်ဆုံးဝင်ပါစေ" ဟု ဆုတောင်းပါ။ 

ငွေကြေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမည့် အချိန်ကတော့

(၁) တနင်္ဂနွေနေ့ နံနက် (၁၀)နာရီ (၄၉)မိနစ် မှ နေ့လည် (၁)နာရီ (၁၂)မိနစ်
(၂) တနင်္လာနေ့ နေ့လည် (၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်
(၃) အဂါင်္နေ့ ညနေ (၃)နာရီ (၃၇)မိနစ် မှ ညနေ (၆)နာရီ 
(၄) ဗုဒ္ဓဟူးနေ့ နံနက်(၆)နာရီ မှ နံနက် (၈)နာရီ (၂၄)မိနစ်
(၅) ကြာသပတေးနေ့ နံနက် (၈)နာရီ (၂၅)မိနစ် မှ (၁၀)နာရီ (၄၈)မိနစ်
(၆) သောကြာနေ့ နံနက်(၁၀)နာရီ (၄၉)မိနစ် မှ (၁)နာရီ (၁၂)မိနစ်
(၇) စနေနေ့ နေ့လည်(၁)နာရီ (၁၃)မိနစ် မှ ညနေ (၃)နာရီ (၃၆)မိနစ်

(၂) မကိုဋ်ပါတဲ့ ဘုရားကို စံပယ်ပန်း စလွယ်သိုင်း၍ လှူပြီး ဆုတောင်းပါ။

(၃) ကုလားမ ခြင်းဆွဲ နို့ဆီဘူးအပေါ်တွင် မီးထွန်းဆုတောင်းပါ။ (ဖယောင်းတိုင်အစီမ်း)

(၄) ပန်းကန်တစ်ချပ်ပေါ်တွင် ဇီးယို (၆)ပုံ ၊ (၁)ပုံလျှင် သပြေတစ်ညွှန့်စီတင်ပြီး ဘုရားထံတွင် ဆုပန်ပါ။

(၅) သီလရှင်ကို ဆန်(၃)ပြည် လှူပြီး ဆုတောင်းပါ။

(၆) နိုင်ငံခြား အရက်ပုလင်းအစီမ်းရောင်အလွတ် (အရက်အနည်းငယ်ပါရင် ပိုကောင်းသည်) ပုလင်းထဲတွင် ကျောက်စရစ်ခဲ (၉)ခဲ ထည့်၍ နှင်းဆီ အနီရဲရဲ တစ်ပွင့် အမြဲ ထိုးထားပါ။

(၇) အုန်းသီးစိမ်းတစ်လုံးကို မျက်နှာဝဖွင့် အုန်းရည်တွေ သွန်ပြီး ကြံရည်ထည့် ၊ သပြေ(၁၅) ညွန့် ထည့်ပါ။ အုန်းသီးအောက်တွင် အင်္ကျီတစ်ထည်ထည့် ဘုရားတွင် လှူ၍ ဆုတောင်းပါ။ လာဘ်လာဘ ပွင့်လန်းသည်။ 

(၈) အနီရောင်ပူဖောင်း ၊ အ၀ါရောင်ပူဖောင်း ၊ အစီမ်းရောင်ပူဖောင်း တို့ကို ဖယောင်းတိုင်အခြေမှာ ကြိုးနဲ့စုချည် ။ ဖယောင်းတိုင်အဖျားဘက်ကနေ ကြိုးတစ်ချောင်းနဲ့ချည်ပြီး အိမ် (သို့) ဆိုင်အ၀င်ဝမှာ ချိတ်ဆွဲထားပါ။ လာဘ်ရွှင်ပြီး အိမ်သားများ ကျန်းမာစေသည်။

(၉) တနင်္လာနေ့ နံနက် (၉း၄၅) မှာ မြေအိုးကို ထုံးသုတ် ။ ကန်စွန်းညွန့် (၉)ညွန့်ုထိုး ။ အမြင့်မှာ တင်ထားပါ။ တစ်ပတ်တစ်ခါ လဲပေးပါ။ (၉)ပတ်အတွင်း ငွေဝင်မယ်.။

(၁၀) ငွေအရေးတကြီးလိုအပ်လာပါက နှမ်းများများပါသော ဘိန်းမုန့်ကို သေးပေါက်ချပြီး (ယောကျာင်္းများ) ၊ ရှာလကာရည်ဖြင့် လောင်းပြီး ငွေအလျင်အမြန်လိုအပ်နေကြောင်း ပြောပါ။ ထို့နောက် ငွေရနိုင်မဲ့နေရာများတွင် ငွေထပ်ရှာပါ။ နက်ဖြန်ငွေအသည်းအသန်လိုအပ်နေသူများ ဒီနေ့ ငွေရပေါက်မရှိသည့်အခြေအနေမျိုးတွင် လုပ်သင့်သည်။

Tag : money, Myanmar
0 Komentar untuk "ငွေရေးကြေးရေး အစီအရင် (၁၀)နည်း"

MM-Search. Powered by Blogger.
Back To Top