.

ဝေဒါသာကုဂါထာတော်ကြီး

ဝေဒါသာကု ၊ ကုသာဒါဝေ။ 
ဒါယသာဒ ဒသာယဒါ။ 
သာသာဓိကု ၊ ကုဓိသာသာ၊ 
ကုဒကုဘု ၊ ဘုကုဒကု။

ြ-မြန်မာပြန်။ ။
  ဝေ - ငါ၏ရန်သူ ဟူသမျှတို့သည်။ ဒါ - ဝေးစွာ အရပ်သို့။ သာ - လျှင်စွာ။ ကု - ပြေးစေကုန်သတည်း။ ကု - ငါ့အား မကောင်းသဖြင့် ကြံကုန်သူတို့သည်။ သာ - မိမိအလိုလို။  ဒါ - အကြံအစည် ပျက်သော အားဖြင့်။ ဝေ - ပျောက်စေကုန်သည်။ ဒါ - ငါ၏စေတနာကြောင့်။ ယသာ - အခြံအရံ အကျော် အစောတို့သည်။ - ပွားများပါစေကုန်သတည်း။ ဒသာ - ငါပြုမိသော အကုသိုလ် ဆယ်ပါးတို့သည်။ - ငါပြုမိသမျှသော ကုသိုလ်ဆယ်ပါး၏ တန်ခိုးတော်ကြောင့် ။ ဒါ - ပြေပျောက်စေကုန်သတည်း။  သာ - စက်ဆုပ်ဖွယ်သော သူတို့အားလည်းကောင်း။ သာ - အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း။ ဓိ - ဆုံးမ သြ၀ါဒပေးခြင်းဖြင့်သာလျှင်။ ကု -  အောင်မြင်စေသတည်း။ ကု - ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့် ။ ဓိ - ရှည်မြင့်စွာ။ သာ - မပေါင်းဖော်ရသည်။ သာ - ဖြစ်ပါစေသတည်း။ ကု - ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော။ - သူတော်ကောင်း တို့နှင့်သာလျှင်။ ကု - ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌။ ဘု - တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။ ဘု - အကုသိုလ် စရိုက်ပွားများသူတို့နှင့်။ ကု - ဖြစ်လေရာ ဘ၀သံသရာ အဆက်ဆက်၌။ - အခါခပ်သိမ်း။ ကု - တွေ့ဆုံပေါင်းဖော်ခြင်း မပြုရ သည် ဖြစ်ပါစေသတည်း။
Tag : Myanmar, spell
0 Komentar untuk "ဝေဒါသာကုဂါထာတော်ကြီး "

MM-Search. Powered by Blogger.
Back To Top