.

နှလုံးသားကို နူးညံ့ပျော့ပြောင်းစေရန်အတွက်


ဒီနည်းလေးကတော့ အထူးသဖြင့် ဆယ်ကျော်သက်လေးတွေ ပြုလုပ်လို့ရပါတယ်။ ၂၀ကျော်သက်တွေတို့ ၃၀ ကျော်မမတို့ ၄၀ ကျော်  ၅၀ ကျော်ဘွားဘွားတို့လည်း လုပ်လို့ရပါတယ်။ ဒီအစီအရင်ဟာ မိမိစီရင်လိုသူရဲ့ နှလုံးသားကို ပျော့ပျောင်းစေပါတယ်။ ဆရာကိုဖြစ်စေ ၊ မိဘကို ဖြစ်စေ အလုပ်ရှင်ကို ဖြစ်စေ ပြုလုပ်မှာ ဖြစ်ပါတယ်။ သြော်.. မိဘ ဆရာ အလုပ်ရှင်ကို ပြုလုပ်မှာ ဖြစ်လို့ ငရဲများကြီးလေးမလား ဆိုပြီး လန့်မသွားပါနဲ့ဦး ဒါဟာ အဖြူရောင်ပညာပဲ ဖြစ်ပါတယ်။ ဗမာနည်းနဲ့ လူကြီးမိဘ ဆရာသမားရဲ့ ချစ်ခင်မှုကို ရရှိစေဖို့ ပုတီးစိပ် သလိုများ ဒါဟာလည်း အနောက်တိုင်းနည်းဖြစ်ပါတယ်။

အနီရောင် မင်္ဂလာဖောင်တိန်

အပြာရောင် မင်္ဂလာဖောင်တိန်

10 cm x 10 cm အရွယ်အစားရှိသော စာရွက်ဖြူ

အစိမ်းရောင် သစ်ရွက်များ



လိုအပ်ပါတယ်။

မင်းက နှလုံးသားကို ပျော့ပျောင်းစေလိုသူရဲ့ အမည်ကို စာရွက်မှာ ရေးပါ။ အင်္ဂလိပ်လို ရေးပါ။ စာလုံးကြီးတွေနဲ့ ရေးပါ။ ဥပမာ CHIT WAI YAN ။ မင်္ဂလာဖောင်တိန် အပြာရောင်ကို သုံးပါ။ နာမည်ရဲ့ ဘေးကနေ ကြယ်ပွင့်ပုံကို ဆွဲပါ။ ဘယ်လို ဆွဲရမလဲ ဆိုရင် နာမည်ဟာ ကြယ်ပွင့်ရဲ့ အလယ်ဗဟိုမှာ ရောက်နေအောင် ဆွဲရမယ်။ စာရွက်ရဲ့ အခြားဘက်မှာတော့

COMPASSION MERCY

KINDNESS FORGIVENESS

ဆိုတဲ့စာတွေကို မင်္ဂလာဖောင်တိန် အနီရောင်နဲ့ ရေးပြီး အသည်းပုံလေးနဲ့ ၀န်းရံလိုက်ပါ။ ဆိုလိုတာက အသည်းပုံရဲ့ အလယ်မှာ အဲဒီစာတွေ ရှိနေရမယ်ဆိုတာပါ။ ဒီစာမျက်နှာမှာ (အသည်းပုံရှိသော စာမျက်နှာ) သစ်ရွက်စိမ်းလေးတွေကို ထားပါ။ စာရွက်ကို လေးခေါက် ခေါက်လိုက်ပါ။ သစ်ရွက်များ ထွက်မကျစေရန် အထူးဂရုပြုပါ။ အဲဒီ စာရွက်ခေါက်လေးကို မင်းနှလုံးသား ( ဘယ်ဘက် ရင်အုံ ) မှာ ကပ်ပြီး

MAY THIS GIFTS FILL YOUR HEART (name of person to soften)

AND WHEN YOU ARE GIVEN THE CHANCE

TO SENTENCE SOMEONE, MAY YOU FIND

FORGIVENESS AND MERCY



ဆိုတဲ့ဂါထာကို ရွတ်ဆိုပါ။ name of person to soften ဆိုတဲ့ ကွင်းစ ကွင်းပိတ်နေရာမှာ မင်း က နှလုံးသား ပျော့ပျောင်းစေလိုသူရဲ့ အမည်ကို ထည့်သွင်းရွတ်ဆိုရမှာ ဖြစ်တယ်။

အဲဒီ စာရွက်ခေါက်လေးကို တစ်နေကုန် မင်းနှလုံးသား နားမှာပဲ ထားပါ။ ဘယ်ဘက်ရင်ဘတ်က အိပ်ထောင်ထဲ ထည့်ထားရင် အဆင်ပြေတာပေါ့။ တစ်နေကုန် ထားရမယ်ဆိုတော့ ဒီအစီအရင်ကို မနက်ခင်းဘက်မှာ လုပ်ရင် ကောင်းတာပေါ့။ ညဘက်ကျရင်တော့ ဒီစာရွက်ခေါက်လေးကို ပန်းခြံ တစ်ခုမှာ ဒါမှ မဟုတ် မင်းအိမ်ရဲ့ ဥယျာဉ်ထဲမှာ ထားလိုက်ရုံပါပဲ။
1 Komentar untuk "နှလုံးသားကို နူးညံ့ပျော့ပြောင်းစေရန်အတွက်"

အနီရောင်နှင့် အပြာရောင် မင်္ဂလာ ဖောင်တိန်လုပ်နည်းလေးပြောပြပါ

MM-Search. Powered by Blogger.
Back To Top