သမိုင်းတွေမှာ ကြောက်စရာတွေ အံ့သြစရာတွေနဲ့
လျှို့ဝှက်ဆန်းပြားသော ဒဏ္ဍာရီတွေ ယုံတမ်းတွေကို လူတွေက စိတ်ဝင်စားကြပါသည်။
လက်တွေ့ပြသနိုင်သော သိပ္ပံပညာများ ထွန်းကားလာသော်လည်း
သိပ္ပံပေတံဖြင့်မတိုင်းတာနိုင်ေ သာ ဖြစ်ရပ်ဆန်များကို လူသားများက ယုံကြည်ဆဲ
ယုံကြည်နေကြဆဲပါပဲ။ ဒီလိုပါပဲ သမန်းဝံပုလွေများရဲ့ ဒဏ္ဍာရီသည်လည်း လူသားတို့
ယုံကြည်နေကြတဲ့ ယုံကြည်မှုထဲမှာ ပါဝင်လာခဲ့ပါတယ်.။ သမန်းဝံပုလွေအကြောင်း
အစပြုခဲ့တဲ့အချိန်က 15 ရာစု နှင့် 17 အကြားတွင် ဖြစ်ပါသည်။
ဥရောပတိုက်တစ်ခုလုံးလည်း ထူးခြားဆန်းပြားလှတဲ့
သဘာဝလွန်ဖြစ်ရပ်များစွာရဲ့အေက် မှာ ကြီးစိုးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါသည်။
မြို့တွေကလည်း ယနေ့ခေတ်ကာလလို မဖွံ့ဖြိုး မတိုးတက်သေးသည့်အတွက် လူတွေက
သစ်တောတွေအနီးမှာပဲ သစ်သားအိမ်ကလေးတွေ ဆောက်ပြီးနေကြသည့်အချိန်လည်း
ဖြစ်ပါသည်။ သူတို့ရဲ့ ကြောက်စရာအကောင်းဆုံး အိမ်မက်ဆိုးကတော့
ဝံပုလွေများကို ကြောက်ရွံ့မှုပင် ဖြစ်ကြသည်။ ထိုအချိန်တုန်းကလည်း ၀ံပုလွေတွေ
သောင်းကျန်းခဲ့သည့် အချိန်လည်း ဖြစ်ပါသည်။ ၀ံပုလွေတွေက
အလွန်ဆိုးဝါးရက်စက်တတ်ပြီး လူသားတွေကို မြင်သည်နှင့်တိုက်ခိုက်တတ်သည့် အတွက်
လူတွေက တစ်နေရာနဲ့တစ်နေရာ ခရီးမသွားရဲသလောက်ဖြစ်နေကြပြီး အမြဲတမ်းလိုလို
တောရွာတွေရဲ့လယ်ကွင်းတွေထဲမှာ တစ်ဝက်တစ်ပျက် အစားခံထားရတဲ့လူတွေရဲ့ ခြေတွေ
လက်တွေကို တွေ့ကြုံနေရတော့ ၀ံပုလွေကို ကြောက်ကြတာ မဆန်းပါဘူးဖြစ်နေကြသည်။
သမန်းဝံပုလွေနှင့်ပတ်သက်ပြီး အစောဆုံးတည်ရှိခဲ့တဲ့ မှတ်တမ်းကတော့ 1591 ခုနှစ်တုန်းက ဂျာမန်နိုင်ငံမှာ တည်ရှိသော ကောလုံး နှင့် ဘတ်ဘာ့မြို့တို့မှာ စတင်ခဲ့ပါသည်။ အဲဒီခေတ်က ထုတ်ဝေခဲ့တဲ့ လက်ကမ်းစာစောင်တစ်ခုထဲမှာ တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုက အဲဒီမြို့ကို ပျံ့နှံ့သွားခဲ့ပါတယ်.။ အဲဒါကတော့
တစ်နေ့မှာ
အဲဒီမြို့မှလူတွေက ကြီးမားသောဝံပုလွေကြီးတစ်ကောင် ကို လူအားဖြင့်
ဝိုင်းဝန်းဖမ်းဆီးကြတယ်။ သူတို့မှာပါလာတဲ့ အမဲလိုက်ခွေးတွေနဲ့
အဲဒီဝံပုလွေကို အကိုက်ခိုင်းကြတယ်။ သူတို့က မြားတွေ လှံတွေနဲ့ ၀ံပုလွေကို
ဝိုင်းထိုးကြပေမယ့် အဲဒီဝံပုလွေက ထွက်လည်းမပြေး သူ့ကိုယ်သူကာကွယ်ဖို့လည်း
မကြိုးစားဘဲ မတ်တပ်ရပ်လိုက်လေသည်။ ထိုအခါ
လူတစ်ကောင်ပုံသဏ္ဍာန်ပြောင်းလဲသွားတယ်။ အဲဒီလူကလည်း သူတို့မသိတဲ့သူမဟုတ်ဘဲ
သူတို့ရွာမှာနေထိုင်တဲ့ သူတို့ရွာသားတစ်ဖြစ် ပီတာစတာဘယ်ဆိုတဲ့ လူဖြစ်နေတယ်။
အဲဒီ ပီတာကို ဆက်လက်ပြီး နှိပ်စက်စစ်ဆေးတော့
ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦး အပါအ၀င် ကလေးငယ်ဆယ့်သုံးယောက် စသဖြင့်
လူပေါင်း(၁၆)ယောက်ကို သတ်ခဲ့တယ်ဟု ၀န်ခံခဲ့တယ်။ သူအဖမ်းမခံရင်ခင်က
သူ့ရဲ့ဖြစ်ရပ်တွေက တော်တော်ကို ဆန်းဆန်းပြားပြားနိုင်လှပါတယ်။ အောက်လမ်းပညာ
မှော်ပညာတွေကို အသက်(၁၂)သားကတည်းက စကျင့်ခဲ့တယ်။ အဲဒီပညာတွေကို
ဘယ်လောက်တောင် စွဲလန်းခဲ့သလဲဆိုရင် မကောင်းဆိုးဝါး (Devil) နဲ့
သဘောတူညီမှုတွေကို ပြုလုပ်နိုင်မယ်လို့ ယုံကြည်တဲ့အထိပါပဲ။
လပေါင်းများစွာကြာတဲ့အခါ သူက ၀ံပုလွေအယောင်ဆောင်ပြီး သူ့ရဲ့
မကောင်းဆိုးဝါးအလုပ်တွေကို တိရစ္ဆာန်ဆန်ဆန် ဆက်လုပ်နေခဲ့တယ်။
ဝံပုလွေပုံစံနဲ့ ဖမ်းစီးမိတဲ့ သားကောင်တွေရဲ့လည်ချောင်းတွေကို ဖောက်ပြီး
သွေးတွေကို သောက်သုံးခဲ့တယ်။ တဖြည်းဖြည်း သွေးအရသာကို မျှော်လင့်လာခဲ့ပြီး
သွေးဆာတဲ့ဝေဒနာကို ဖြေဖျောက်ဖို့အလိုငှာ သွေးသောက်ရဖို့အတွက် လယ်ကွင်းတွေကြားမှာ သားကောင်များကို လှည့်လည်ရှာနေတော့တယ်။
သူနဲ့ပတ်သက်ပြီး မှတ်တမ်းတွေ
အမျိုးမျိုး ဖော်ပြထားခဲ့ကြပါတယ်။ တစ်ခါတုန်းက ယောင်္ကျားနှစ်ယောက်နဲ့
မိန်းမနှစ်ယောက်ဟာ သစ်တောထဲကို ဖြတ်တဲ့ လမ်းကလေးအတိုင်း လျှောက်လာခဲ့ကြသည်။
ပီတာက အဲဒီသစ်တောတွေနောက်မှာ ပုန်းနေခဲ့ပြီး ယောင်္ကျားတစ်ယောက်ကို
လှမ်းခေါ်လိုက်တယ်။ အဲဒီလူက အချိန်တော်တော်ကြီးကြာတာတောင် ပြန်မလာတော့
နောက်ယောင်္ကျားတစ်ယောက်ပါ ထပ်လိုက်သွားတယ်။ သူလည်းပဲ တောထဲမှာ
ပျောက်သွားတယ်။ ထိုအခါ ကျန်ခဲ့တဲ့ အမျိုးသမီးနှစ်ယောက်လည်း
ကြောက်ရွံ့လာပြီး ထွက်ပြေးကြတော့တယ်။ အဲဒီနောက်ပိုင်းမှာ
ရုပ်ပျက်ဆင်းပျက်နဲ့ သေနေတဲ့ အမျိုးသားနှစ်ယောက်ရဲ့အလောင်းကို
ပြန်ရှာတွေ့ခဲ့တယ်။ အမျိုးသမီးတွေရဲ့အလောင်းကိုတော့ မတွေ့ခဲ့ကြဘူး။
လူတွေကတော့ ပီတာ စားသောက်ပစ်ကြတယ်လို့ ယုံကြည်ကြတယ်။ လယ်ကွင်းထဲမှာ
နို့ညှစ်နေတဲ့ မိန်းကလေးတွေ လည်း ပီတာရဲ့သားကောင်ဖြစ်ခဲ့ပြီး
အဲဒီမိန်းကလေးများကိုလည်း အမဲလိုက်သလို အတင်းပြေးခိုင်းပြီး
အနှေးဆုံးတစ်ယောက်ကို ဖမ်းလေ့ရှိပါတယ်။ ပြီးတော့ အဲဒီမိန်းကလေးကို
မုဒိမ်းကျင့်ပြီးတော့ သတ်ပစ်လိုက်တယ်။ ပြီးတော့မှပဲ
မိန်းကလေးရဲ့ပူပူနွေးနွေးသွေးေ တွကို သောက်ပြီး အသားတွေကို စားသောက်တော့တာပဲ။ ဒါက သူ့ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်ပါ ပဲ။
ဒါတွေက နောက်တစ်ခုနဲ့ ယှဉ်လိုက်ရင် ကြောက်လန့်စရာမကောင်းပါဘူး။ အဲဒါကတော့
သူကိုယ်တိုင်သူသားကို သတ်ပစ်ပြီး အနီးအနားမှာရှိတဲ့ တောအုပ်တစ်ခုထဲကို
ခေါ်သွားတယ်။ သနားစရာကောင်းတဲ့ကလေးရဲ့ဦးခေါ င်းခွံရိုးကို
ခွဲပစ်လိုက်ပြီး ကလေးရဲ့ဦးနှောက်ကို ဖောက်စားလိုက်တယ်။ အရမ်းကို
ကြောက်လန့်စရာကောင်းပြီး ထိတ်လန့်စရာဖြစ်ရပ်များပင် ဖြစ်ပါသည်။
လူတွေက သူ့ကိုနီရဲ့နေတဲ့
မီးပူသံချွန်တွေနဲ့ ၀ိုင်းထိုးကြတယ်။ သူ့ရဲ့ခြေတွေ လက်တွေကိုလည်း
ဖြတ်ပစ်လိုက်ပြီး နောက်ဆုံးမှာ ခေါင်းဖြတ်သတ်လိုက်ပြီး အလောင်းကို
မီးရှို့ပစ်လိုက်တယ်။ ဘတ်ဘာ့မြို့က လူကြီးတွေကလည်း
ကြောက်မက်ဖွယ်ရာအဖြစ်ဆုံးကြီးရဲသမန်းဝံပုလွေတွေနဲ့ ပတ်သက်ပြီး ဂရိဒဏ္ဍာရီ တစ်ခုရှိခဲ့တယ်။ တစ်နေ့မှာ ဂရိနတ်တွေရဲ့ ဘုရင်ဖြစ်တဲ့ ဇုနတ်ဘုရားဟာ ဂရိအနောက်တောင်ဘက်ပိုင်းမှာရှိ
သမန်းဝံပုလွေများ၏ပုံသဏ္ဍာန်များ
သမန်းဝံပုလွေရဲ့အသွင်အပြင်ပုံ ပန်းသဏ္ဍာန်တွေကို ရာစုနှစ်ပေါင်းများစွာက ပုံပြင်တွေ၊ ဇာတ်လမ်းတွေထဲမှာ
ဖော်ပြထားခဲ့ပါတယ်။ သူတို့တွေမှာနှာတံနဲ့ထိစပ်နေတဲ့ မျက်ခုံးထူထူတွေရှိတယ်။ သူတို့တွေရဲ့မျက်လုံးတွေနဲ့ပါး စပ်တွေက
ရေဆာလောင်နေသလို အမြဲတမ်းခြောက်သွေ့နေတတ်တယ်။ မျက်လုံးတွေက ပန်းရောင်ဒါမှမဟုတ် အစိမ်းရောင်သန်းနေပြီးတော့ ဆံပင်တွေကတော့ အ၀ါရောင်သန်းနေတတ်တယ်။ ရှည်လျားပြီးကျဉ်းမြောင်းလှတဲ့ နားရွက်တွေကသီးခေါင်းရဲ့
နောက်ဘက်ကျကျပိုင်းမှာတည်ရှိတယ် ။ ပြီးတော့
သွေးရောင်လိုနီရဲနေတဲ့ ဘဲဥပုံပုံစံရှိတဲ့ လက်သည်းရှည်တွေရှိတယ်။ အသားအရေတွေကအရမ်းကြမ်းတမ်းပြီး ကုတ်ရာ
ခြစ်ရာတွေရှိတယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေအပြင် စိတ်ပိုင်းဆိုင်ရာထူးခြားတဲ့ အပြုအမူတွေကို
ပြုလုပ်တတ်ကြတယ်။ သူတို့တွေက ညဘက်ပိုင်းကို ပိုနှစ်သက်ကြပြီး သုသာန်တွေကိုလှည်ပတ်သွားလာပြီးေ တာ့ လူသေအလောင်းတွေကိုလည်း တူးဖော်စားသောက်တတ်ကြတယ်။
Tag :
myths
0 Komentar untuk "သမန်းဝံပုလွေတို့၏ဒဏ္ဍာရီ"