ပရာပီတဆိုသည်မှာ မျက်လုံးပိတ်ထားသောဟု အဓိပ္ပာယ်ရပါသည်။ ပရာပီတဘုရားဆိုသည်မှာ မျက်လုံးပိတ်ထားသော ဘုရားဖြစ်ပါသည်။ လောကီပညာရပ်များနှင် စီမံဖန်တီးထား၍ သေနတ် (ကျည်) ပြီးသော (အဆောင်) ပင်ဖြစ်လေသည်။ ထိုင်းနိုင်ငံတွင် ရှေ့နှစ်ပေါင်းများကပင် ယနေ့အချိန်ထိ ယုံကြည်စွာ လက်ဆင့်ကမ်း ထိန်းသိမ်းကိုးကွယ်လျှက်ရှိကြသည်။
ယနေ့ခေတ် လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီး အများစုပင်လျှင် ပရာပီတဘုရားအား ရှေ့အစဉ်အလာမပျက် စီမံဖန်တီးလျက်ရှိကြောင်းလည်း သိရလေသည်။ ထိုင်းနိုင်ငံအတွင်းရှိ ရဲဝန်ထမ်းများ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အရပ် သားများပါ မကျန် ပရာပီတဘုရားအား (ဆောင်) ယူကိုးကွယ်လျှက်ရှိကြသည်။ ပရာပီတဘုရားမှာ သေနတ် (ကျည်) ပြီးသည်ဆိုရာ၌ လောကီပညာရပ်များအား လေ့လာလိုက်စားနေသော ဘုန်းတော်ကြီးများဖြစ်တိုင်း စီမံသမျှ စွမ်းကြသည်ဟု မဆိုလိုပါ။
ဘေးအန္တရယ် ကင်းသလောက်လာဘ်မရွှင်ပါ။ ဈေးရောင်းသူများ ဆောင်ပါက ဈေးအရောင်းထိုင်းပါသည်။
ရဲဝန်ထမ်းများ ၊ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများအတွက် အထူးဆောင်သင့်သော အဆောင်တစ်ခု ဖြစ်ပါသည်။
Tag :
myths,
worldcraft
0 Komentar untuk "ထိုင်းမှ ပရာပီတဘုရား"