.

သင့်ကိုပိုပြီး ဆွဲဆောင်မှု ရှိလာစေမယ့် ရေချိုးနည်း

 
 ရေချိုးကန်ရှိရပါမယ်။ ရေချိုးကန်ထဲကို ရေအပြည့်ဖြည့်ပါ။ ပြီးတော့ နှင်းဆီပန်းပွင့်ဖတ်လေးတွေ အပြည့်ဖြစ်သွားအောင် ထည့်ပါ။ Vanilla ရနံ့ ဖယောင်းတိုင် ဒါမှ မဟုတ် Vanilla ရနံ့ အမွှေးတိုင် အချို့ကို ထွန်းပါ။ ရေထဲမှာ ၀င်စိမ်ပြီး သင့်ကိုယ်သင် သင်ဖြစ်ချင်တဲ့ အရမ်းလှတဲ့ ရုပ်ရည်မျိုးဖြစ်နေပြီလို့ နက်နက်ရှိုင်းရှုင်း (လေးလေးနက်နက်) စိတ်ကူးပါ။ ၅ မိနစ်လောက်ကြာရင် ဒီဂါထာလေးကို ရွတ်ဆိုပါ။

"Earth, Air, Fire, Sea

Let the Goddess' beauty

Shine through me."

ပြီးတော့ မိမိ စိတ်ကြိုက်အတိုင်း ရေချိုးနိုင်ပါပြီ။ နတ်ဘုရားမ များရဲ့ အလှက သင့်အပေါ်မှာ လင်းလက်တောက်ပပြီး သင်ဟာ အရင်ကထက်ပိုပြီး ဆွဲဆောင်မှု ပိုရှိလာပါလိမ့်မယ်။ ဒီနည်းလေးက အရမ်းလွယ်ပြီး အရမ်းလည်း အကျိုးရှိပါတယ်။ ကရိကထလည်း မများဘူး။ ဖြစ်နိုင်မယ်ဆိုရင် စမ်းကြည့်စေချင်တယ်။ ထူးခြားတယ် မထူးခြားဘူးဆိုတာလေး ပြန်သိချင်ပါတယ်။ မယုံကြည်တဲ့သူများက မယုံကြည်ရင် နေပါ။ ယုံတဲ့သူများ စမ်းကြည့်ပါ။ အကျိုးမယုတ်ပါဘူး။
Tag : spell, worldcraft
0 Komentar untuk "သင့်ကိုပိုပြီး ဆွဲဆောင်မှု ရှိလာစေမယ့် ရေချိုးနည်း"

MM-Search. Powered by Blogger.
Back To Top