.

လိုရာသုံးနိုင်သော ကြီးလေးကြီးအင်း




 ၎င်း ကြီးလေးကြီး အင်း ကိုကြေးပြား ငွေပြားကျောက်ပြားတွင်မြင်းသွားချ ၍အလယ်ဗဟိုကွက် တွင် ဆောင်လိုသူနံ သွင်းပြီး ကျန်သော၎ကွက်တွင် အလို ရှိရာဆန္ဒကိုရေးပါ ။ (ရာထူးမြဲစေ၊
နေရာမြဲစေ၊အမူနိုင်စေ။စသဖြင့်ပေါ့ )ကျောက်ပြားတွင်အင်းချ၍ နေထိုင်လို သောမြို့ ရွာ ၏ ရေမခမ်းသောမြစ်ချောင်းများတွင် ဆုတောင်၍ချထားပါ မိမိနေလိုသောအရပ်တွင်မြဲစွာနေရ၏ ဟုရှေ့ ဆရာတို့ ဆိုကြသည်။ ၎င်းအင်းကိုစီရင်ရာ တွင် ဓါတ်အချိန်အခါများသိရန်လိုအပ်သည်
တည်မြဲစေရန် ဂဗ္ဘေဓါတ်ချိန် ။ အေးချမ်းစေရန် ငြိမ်းချမ်းစေရန် ၀ံသေချိန် ။တန်ခိုးအာဏာကြီးရန်
တိုးတက်စေရန် အနိုင်ရစေရန် အန္တောချိန် ။ကိစ္စအ၀၀အလျှင်အမြန်ပီးမြောက်စေရန် လျှင်မြန်စွာ
ပီးမြောက်စေလိုသော် စရေချိန် များတွင်စီရင်ပါ ။
ကြီးလေးကြီးအင်း ကို ဥစ္စာပစ္စည်းပျောက်၊လင်ကွာမယားကွာ ၊အနိုင်ရစေရန် ငွေပျောက်ကြွေးယူ
ပြန်ရစေရန် ကိစ္စအမျိုးမျိုးတို့ တွင် ဓါတ်အချိန်အခါ နှင့်ချင့်ချိန်၍ စီရင်အသုံးပြုနိုင်သည် ။
ဥစ္စာပစ္စည်းပျောက်သော် ပျောက်သောသူနံ အလည်ထည့် ပြနရပါစေ ရေး ၍ရေစိမ်ခြင်း။မီးထွန်းအင်းအဖြစ်သုံးခြင်းဉဏ်နှင့် ယှဉ်၍အသုံးပြုနိုင်သည် ။
အမူအခင်းကြုံသော်အလည်ကွက်တွင် ကိုယ်နံအပေါ်ရူံးစေလိုသူ နံအောက်ထား ပြော-အောင်-မူနိုင် ရေး၍စီရင်နိုင်သည်။ ၎င်းအင်းအသုံးများလှ၏ ။
Tag : logy, Myanmar, myimm
0 Komentar untuk "လိုရာသုံးနိုင်သော ကြီးလေးကြီးအင်း "

MM-Search. Powered by Blogger.
Back To Top