.

န၀င်းသတ် ပီယအင်းတော်



ဤနည်းမှာ မန္တလေးတောင် နာမည်ကျော် ရသေ့ကြီးဦးခန္တီ၏ လက်ဆွဲ နည်းဖြစ်၍ အလွန် ရင်းနှီးသော တပည့် များ ၊မိတ်ဆွေများကိုသာ သင်ကြားပေးပြီး အစဉ်အဆက် လျှို့ ဝုက်ထားကြသောနည်း ထူးနည်းမြတ်ဖြစ်ပေသည်။ ၎င်း ပြင် အသက် ကိုမူတည်၍ စီရင်ရသော ပညာဖြစ်သော ကြောင့် တစ်နှစ်လျှင် တစ်ကြိမ် အသစ်ပြန်စီရင်ရ၏ ။ သို့ မဟုတ် အင်းသက်တမ်း
၁နှစ်သာ ရှိ၏ဟုဆိုရပေမည်။ အင်း၏ အဆုံးတွင် ၁၀၈ န၀င်းသည် အမြဲ သေ၍ နေသောကြောင့်
(န၀င်သတ်အင်း) ဟုအမည်ပေးလိုက်ရပေသည်။
ဤ အင်းကိုတွက် ရန် ရှေးဦးစွာ ဂြိုဟ် ၈ လုံး၏အသက် ကိုသိထားရမည် ။ ဂြိုဟ် ၈လုံး စီစဉ်ပုံမှာ အရှေ့ မြောက်ထောင့်က စ၍ (တနင်္ဂနွေ၊အင်္ဂါ၊ဗုဒ္ဓဟူး ၊ စနေ၊ကြာသပတေး၊ ရာဟု၊
သောကြာ ၊ ဟုအရပ် ၈မျက်နှာ နှင့် ဂြိုဟ် ၈လုံး ကိုခွဲဝေ၍ မှတ်သားထားပြီးမှ ဂြိုဟ် တို့ ၏ အသက်
ကို အောက်ပါအတိုင်း မှတ်ထားပါ ။


တနင်္ဂနွေ ၏ ဂြိုဟ်သက် ၆နှစ်
တနလာ ။ ၁၅နှစ်
အင်္ဂါ ။ ၈ နှစ်
ဗုဒ္ဓဟူး ။ ၁၇နှစ်
စနေ ။ ၁၀နှစ်
ကြာသပတေး ။ ၁၉ နှစ်
ရာဟု ။ ၁၂ နှစ်
သောကြာ ။ ၂၁နှစ်
ဂြိုဟ်၈လုံးဂြိုဟ်သက်ပေါင်း လျှင် ၁၀၈ နှစ် ရှိပါသည်။

(အင်းစီရင်နည်း )
စီရင် လိုသူ (အင်းဆောင်မည့်သူ ) ၏အသက် ကိုတည် ၎င်းမွေးနံ ဂြိုဟ်သက်ကိုရော၊ ရသော ဂဏန်းကို အင်းတွင် (တနင်းလာခွင် ကစ၍ )သွင်း ၊ တစ်ဖန် နောက်ဂြိုဟ်တစ်ခုရဲ့ ဂြိုဟ်သက် ထပ်ပေါင်း အင်္ဂါခွင်တွင်သွင်း ဤနည်းဖြင့် မိမိ မွေးနံဂြိုဟ် သက်က စ၍ဆင့်ကာ
ဆင့်ကာ အစဉ်တိုင် ပေါင်းပြီး အင်းတွင် သွင်းရပါသည် ။ အင်းမှာ ကိုးကွက်အင်း ဖြစ်၍ အရှေ့ 
မြောက်ထောင့် (တနင်္ဂနွေ ထောင့်ဟုခေါ်၏) အမြဲအဆုံးသတ်၏။ အင်းသွား နည်းမှာ ခရုပတ် သွားနည်း ဖြစ်၏ ။ အင်းကွက် ဆုံးပါက တွက်နည်းမှန်မမှန်ကိုသိရန် အဆုံး ဂဏန်းတွင် မူလ
တည်ထားသော အသက်ကို နှုတ် ကြည့်ပါ။ ၁၀၈ ဂဏန်း ဖြစ်မှ မှန်သည်။ ၁၀၈ မကျန်လျှင် မမှန်သေး ။ ပြန်တွက်ပါ။
ဥပမာ - တွက်ပုံ
အသက် ၃၇ နှဏ်ရှိသူ တနင်္ဂနွေသားအတွက် ဥပမာတွက်ပြမည်။
၃၇+တနင်္ဂနွေဂြိုဟ်သက် ၆ =(၄၃) +တနင်္လာ ၁၅ =(၅၈)+အင်္ဂါ ၈ = (၆၆)+ဗုဒ္ဓဟူး ၁၇ =(၈၃)+
စနေ ၁၀=(၉၃)+ ကြာသပတေး ၁၉= (၁၁၂)+ရာဟု ၁၂ =(၁၂၄) +သောကြာ ၂၁=(၁၄၅ )

(.....)ဂွင်းစဂွင်းပိတ်ပြထားသော ဂဏန်းများကို အင်းဆံအဖြစ်သွင်းရမည် ။နမူနာအင်ပုံတွင်ကြည်ပါ။ ပထမပေါင်း၍ရသော ၄၃ ကို အရှေ့ တည့်တည့် တနင်းလာခွင်မှ စ၍ လက်ယာရစ် သွင်းသွား ရာအရှေ့ မြောက်ဒေါင့် တနင်္ဂနွေခွင်တွင် အဆုံးသတ်၏။
နမူနာ- ဤအင်း ကွက်ပုံ မှန်၊မမှန် သည်ကို သိနိုင်စေရန် အဆုံးဂဏန်း ၁၄၅ ကိုတည်၍ တည်ရင်း အသက် ၃၇ နှစ်ကို နှတ်ကြည့်ပါ ၁၀၈ န၀င်းကျန်သည် ကိုတွေ့ ရသောကြောင့်
မှန်သည်။ အလည်ကွက်တွင်(အင်းဆောင်သူ) မွေးနံ ထည့်ပါ ။ အင်းစီမံဖွယ် ရာများပြီးသော
အခါ ဒေါင့်လေးဒေါင့် တွင် အပြင်ဘက်မှ (စ ဓ ဗ ၀) စာလေးလုံး ကိုရေးပါ ။အင်းဘောင်နှင့်မထိစေနှင့် ၎င်း အက္ခရာ စမ လေးလုံးဓါတ်လေးပါးကို သိထားပါစေ။


စ ကိုရေးသော အခါ စ ကာရော ဗုဒ္ဓေါတိဋ္ဌတု
ဓ ကိုရေးသောအခါ ဓ ကာရော ဗုဒ္ဓေါတိဋ္ဌတု
ဗ ကိုရေးသောအခါ ဗ ကာရော ဗုဒ္ဓေါတိဋ္ဌတု
ဝ ကိုရေးသောအခါ ၀ ကာရော ဗုဒ္ဓေါတိဋ္ဌတု ဟုဆို၍ရေးပါ။ 


အရပ်လေးမျက်နှာတွင် (ဗုဒံ္ဓ ၊ ဓမံ္မ ၊ သံဃံ ပူဇေမိ ) ဟူ၍ အင်းဘောင်နှင့်မထိအောင် ရေးပါ။
အင်းချခြင်းကိစ္စပြီး လျှင် သနချေ အသက်သွင်း သိဒ္ဓိတင် စသောဆောင်ရွက်ဖွယ်များကို အစီအစဉ်အတိုင်း ကျနစွာ ပြုလုပ်ပါ ။
အင်းစုတ်ရမည့်ဂါထာမှာ (ဂုဏ်တော် ၉ပါးနှင့် ၉ခေါက်တိတိစုတ်ပါ )၁၀၈ခေါက်ဆိုလျှင်ပိုကောင်းမည် ။တခိုးကြီးဘုရားများရောက်တိုင် ဂုဏ်တော် ၉ပါး၉ခေါက်ဖြင့် အင်းကိုစုတ်ပေးလျှင်လည်းကောင်းပါသည် ။ ၎င်း အင်းကို ကျောက်သင်ပုန်းကွဲ
၊ သိမ်ဝင်သပိတ်ကွဲ ၊အနည်းဆုံးတပဲထု ခန့် ရှိသော ကြေးပြား ရွှေ၊ ငွေပြား များတွင်ချနိုင်ပါသည်။

အင်းကိုဆောင်မည့် သူစည်းကမ်းချက်

ဤ အင်းကို သစ္စာခံယူနိုင်၍ နေ့ စဉ် ဂုဏ်တော် ၉ပါး ကိုပုတီးစိတ်ပါမည် ဟုကတိပေးသော သူသာလျှင်လုပ်ကိုင်ပေးရမည်။ ဤသို့ တာဝန်မယူနိုင်သော သူများအားစီရင်ပေးမိပါက အင်းလည်းစွမ်းမည်မဟုတ် လုပ်ကိုင်ပေးသော
ဆရာလည်းအကျိုးမရှိဖြစ်တတ်ပါ သည်။

အကျိုးကျေးဇူးနှင့် အသုံးပြုပုံ

လူတိုင်းချစ်ခင် ၍မျက်နှာပွင့် လန်းစေလို သော် စန်းပွင့် စေလိုလျှင် အင်းရေစိမ် ၍မျက်နှာသစ်ပါ ။ အရောင်းအ၀ယ်ကောင်းလိုသူ ၊နာမည် သတင်းကျော်ကြားလိုသူ ၊လာဘ်ရွှင်
လိုသူ၊ရာထူးတိုးတက်လိုသူများ အင်းပေါ်မီးထွန်း၍ဘုရား မီးပူဇော်ပါ ။
အင်းကိုမသန့် သောနေရာ ယူမသွားရ ။ ညံဖျင်းနေသောအရောင်အ၀ယ်များ ကောင်းလာမည် ။နိမ့် ကျနေသူများလဲတိုးတက်လာမည် ။ အလုပ်အကိုအကြံအစည်များ လဲအောင်မြင်ပေါက်မြောက်မည် ။ ရောဂါဝေဒနာ ရှင်များလဲဆေးကောင်ဝါးကောင်း ဆရာကောင်းသမားကောင်းနဲ့ တွေ့ မည် ။ ကုန်စွံ စေလိုလျှင် နံသာရေ ရေမွှေး တွင်အင်းကိုစိမ်၍ပက်ဖျန်းပါ ။ ခရီးသွားလျှင်ဆောင်သွားပါ အန္တရာယ်ကင်းမည်။ မိမိနှင့် တအိမ်သားလုံး အန္တရာယ်ကင်းစေလိုလျှင် သောက်ရေထဲ ထည့်ထားပါ ။မိမိနှင့် သွေးသားတော်စပ်သူအားလုံးအန္တရာယ်ကင်းမည်။ ဤအင်းဖြင့် စီပွားတိုးတက်နေသူ
တွေများ စွာရှိပါသည် ။

ပဋ္ဌမံ ဆရာလင်း
Tag : logy, Myanmar, myimm
0 Komentar untuk "န၀င်းသတ် ပီယအင်းတော် "

MM-Search. Powered by Blogger.
Back To Top