.

။။စီးပွားဥစ္စာလာဘ်လာဘများ တိုးတက်အောင် မြင်စေနိုင်သော အရှင်သီဝလိ စမတော်။



ပြထားသည့် အရွယ်စားတိုင်း ကော်ပီ ကူးယူပါ ။မြတ်စွာဘုရားအား ပန်းရေချမ်းအလင်းနံ့သာတိုင်များကပ်လျှူပူဇော်ကန်တော့ သီလခံယူပါ။ အရှင်သီဝလိ ရဟန္တာအရှင်သူမြတ်ကြီးအား အလင်းတိုင်နံ့သာတိုင် ရေတော် သစ်သီး ကပ်လျှု ပူဇော်ကန်တော့ပါ။သပိတ် နေရာတွင် မိမိမွေးနံကို ခဲတန်ဖြင့်ရေးထည့်ပါ။ ပလပ်စတစ်လောင်းပါ။
သွားလေရာယူဆောင်သွားနိုင်သလို မြတ်စွာဘုရားရုပ်ပွားတော်ဘေး (နေအိမ်ဘုရားကျောင်ဆောင်အနီးတွင်ထားပါ)။ အလင်းတိုင်ရေတော် ကပ်လျှူပြီး အောက်ပါဂါထာတော်ဖြင့် နံနက်ည (၉)ခေါက် ရွတ်ဖတ်ပူဇော်ပါ။


သီဝလိစ မဟာထေရော၊ဒေဝမနုဿ ပူဇိတော
လာဘ သက္ကာရ ဌာနေသု
အဂ္ဂပတ္တော မဟာလာဘော
သောစ မံ အနုပါလေတု လာဘံ မေဒေတု သဗ္ဗဒါ။


အနက်။ ။နတ်လူအများတို့ ညွတ်တွားလေးမြတ်ပူဇော်အပ်သော အရှင်သီဝလိ အမည်တော်ရှိသော
ရဟန္တာအရှင်မြတ်ကြီးသည် လာဘ်ပူဇော်သက္ကာလွန်စွာများမြတ်သောအရာတို့၌ သူသာလျှင်အမြတ်ဆုးံဟု မဟာသာဝကစာရင်းဝင် အရှင်မြတ်တပါးဖြစ်တော်မူပါပေ၏။ လာဘ်ပေါင်းများစွာ မင်္ဂလာကို ကောင်းစွာရရှိတော်မူပါပေ၏။ ထိုအရှင်သီဝလိ မထေရ်မြတ်ကြီးသည်
အကျွန်ုပ်ကို အစဉ်တစိုက် စောင့်ရှောက်တော် မူပါစေသတည်း။ အခါခပ်သိမ်း အကျွန်ုပ်အား လာဘကောင်းမင်္ဂလာအဖြာဖြာကို ပေးသနားတော်မူပါအရှင်ဘုရား။ ။ ။

(ဂါထာတော်အားအနည်းဆုးံ၉ခေါက် ရွတ်ဖတ်ပူဇော်ပါ၊ပို၍လည်းစွမ်းနိုင်သ၍ရွတ်ဖတ်ပါ)
(ဘဝတူဆရာများမှ စီရင်ပေးလျှင် ၉၀၀ ကျပ်ထက်ပိုမယူရပါ။ ။ ။)
Tag : Myanmar, myimm
0 Komentar untuk "။။စီးပွားဥစ္စာလာဘ်လာဘများ တိုးတက်အောင် မြင်စေနိုင်သော အရှင်သီဝလိ စမတော်။"

MM-Search. Powered by Blogger.
Back To Top