.

မင်္ဂလာဖောင်တိန်ပြုလုပ်နည်း

  လပြည့်ညမှာ ပြုလုပ်ရပါမယ်။ ဖန်ခွက်တစ်ခုထဲမှာ ပရိတ်ရေ ထည့်ပါ။ အခြား ဘာသာဝင်ဆိုရင်တော့ အထွတ်အမြတ်ထားရာ ရေစင်တစ်ခုခု ထည့်ပါ။ နှင်းဆီပွင့်ဖတ်များ ထည့်ပါ။ စီရင်မယ့် ဖောင်တိန် ( ဘောလ်ပင် ) ကို ထည့်ပါ။ ပြီးရင် အဲဒီ ဖန်ခွက်ကို လရောင် တိုက်ရိုက်ကျတဲ့နေရာမှာ ထားပါ။ နံ့သာတိုင် (အမွှေးတိုင်) အချို့ ထွန်းလိုက်ပါ။ မျက်စိမှိတ်ပြီး မိမိရဲ့ ဖောင်တိန်အတွင်းကို ကောင်းချီးသြဘာ အပြာရောင် အလင်းတန်းတွေ ၀င်လာတယ်လို့ စိတ်ကူးပါ။ ဤဂါထာကို သုံးကြိမ် ရွတ်ဆိုပါ။

ÍNK SO Blue AS THE sky

ALWAYS WRITE WITH THE TRUTH
THREE TIMES SAID
THREE TIMES BLESSED
WITH MOON LIGHT
BLESSED BE
SERVE ME RIGHT
SERVE ONLY ME
SO MOTE IT BE!

ဖောင်တိန် အပြာအတွက် အထက်ပါ ဂါထာကို ရွတ်ရမှာ ဖြစ်ပြီး ဖောင်တိန် အနီအတွက်တော့ အောက်ပါ ဂါထာကို ရွတ်ပါ

ÍNK SO Red AS THE Blood
ALWAYS WRITE WITH THE TRUTH
THREE TIMES SAID
THREE TIMES BLESSED
WITH MOON LIGHT
BLESSED BE
SERVE ME RIGHT
SERVE ONLY ME
SO MOTE IT BE!

ကောင်းပါပြီ အစီအရင်ပြီးပြီ။ နောက်ရက်မှာ အဲဒီ ဖောင်တိန်ဟာ ကောင်းချီးပေးပြီး ဖြစ်သွားပါလိမ့်မည်။

ထို ဖောင်တိန်ကို ဂါထာများ၊ အစီအရင်များ၊ အင်းများ ရေးရန်အတွက်သာ အသုံးပြုရမည် ဖြစ်သည်။ အခြား မည်သည့် စာ မည်သည့် အရာမှ (လုံးဝ) မရေးရ။

……………x…………x……….x………..

ကောင်းချီးပေးနည်း နောက်တစ်နည်း

မိမိ ကောင်းချီးပေးလိုသော ဖောင်တိန်ကို ညာလက်ဖြင့်ကိုင်၍ ပါးစပ်နားတွင်တေ့ကာ

“နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိ

ဒုတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ

တတိယမ္ပိ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ”

ဟု ရွတ်ဆိုလျှင်လည်း ထိုဖောင်တိန်သည် ကောင်းချီးပေးပြီး မင်္ဂလာရှိသွားပြီ ဖြစ်ပါသည်။

အခု ဆိုရင် မိတ်ဆွေတို့မှာ မင်္ဂလာဖောင်တိန်ရှိသွားပြီ ဖြစ်တယ်။
Tag : spell, worldcraft
1 Komentar untuk "မင်္ဂလာဖောင်တိန်ပြုလုပ်နည်း"

အောက်ကနည်းလမ်းကိုအသုံးပြူရင် ဘယ်အချိန်ဖြစ်ဖြစ်လုပ်လို့ရပါသလား
ပြီးတော့ အဲ့နည်းလမ်းကိုအသုံးပြုလို့ရလာတဲ့ မင်္ဂလာဖောင်တိန်ကို အပြာရောင်မင်္ဂလာဖောင်တိန်ရော အနီရောင်မင်္ဂလာဖောင်တိန်အဖြစ်ပါ အသုံးပြုလို့ရပါသလားခင်ဗျာ သိချင်လို့ပါ

MM-Search. Powered by Blogger.
Back To Top