.

ကရာတေး နှင့် ဇင် ဗုဒ္ဓဘာသာ

ကရာတေး 空手 ("empty hand") လက်နက်မဲ့ ခုခံကာကွယ်ခြင်း
မှာ မိမိအနေဖြင့် တိုက်ခိုက်သူ၏ မမျှော်လင့်နိုင်သော တိုက်ခိုက်မှုကို ရုတ်တရက် လျှင်မြန်စွာ ရှောင်တိမ်းကာ ၄င်းတိုက်ခိုက်သူအား မိမိကို ဆက်လက်မတိုက်ခိုက်နိုင်စေရန် ချက်ချင်း ပြန်လည် ခုခံထိန်းချုပ် ကာကွယ်ခြင်းပင်ဖြစ်သည်။
ဂျပန် ဘာသာ စကားလုံးကို မြန်မာအသံထွက်ဖြင့် ခေါ်ဆိုထားခြင်းဖြစ်သည်။ မူရင်း ဂျပန်ဘာသာ အသံထွက်အတိုင်းရေးပါက ခါရာ့တဲ (or) ကရာတေး ဟု လည်း ရေးသားနိုင်ပါသည်။
စကားလုံးတစ်လုံးစီ ကို ဘာသာပြန်ကြည့်ပါက-
ခါရာ့ မှာ Empty "ဗလာ" ဖြစ်၍၊
တဲ မှာ Hand "လက်" ဟု အဓိပ္ပါယ်ရပါသည်။
မိမိမှ ကြိုတင် တိုက်ခိုက်ခြင်း မဟုတ်ပဲ မိမိအား လာရောက်ထိပါးမှသာ တုန့်ပြန်ကာကွယ်ခြင်းပင်ဖြစ်သည်။  

ဂျပန် ကရာတေး ကိုယ်ခံပညာ日本の空 တတ်လျှင် မိမိထက် အင်အား ဗလ သာသည်လည်းဖြစ်စေ၊ လက်နက်ကိုင်ဆောင်ထားသည်လည်းဖြစ်စေ၊ တယောက်ထက်များသည့် ရန်သူကိုလည်းဖြစ်စေ ကောင်းစွာ ခုခံကာကွယ်တန်ပြန်တိုက်ခိုက်နိုင်သည်။ 

မိမိကိုယ်မိမိ ယုံကြည်မှု ၊ အမှန်တရားကို ယုံကြည်မှု ထားပါ။ မိမိမှာ အောင်မြင်ဖြတ်သန်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဆန္ဒသာ ရှိပါ။ ရန်သူ အားလုံးကို ဖြတ်ကျော်နိုင်ပါသည်။ မိမိကိုယ်မိမိ ယုံကြည်မှု နှင့် မိမိ လုံခြုံမှုကို မြှင့်တင်နိုင်ရန် လူတိုင်း အရေးကြုံလျှင် သက်လုံကောင်းစေရန် နည်းလမ်းတခု အဖြစ် ကရာတေး ကိုယ်ခံပညာရပ်ကို သင်ကြား လေ့ကျင့်နိုင်ကြပါသည်။

တစ်ခုတည်းသော သန့်စင်မွန်မြတ်သော ဗုဒ္ဓ ဓမ္မ မူလရင်းမြစ် ပိဋကတ် သည် ထေရဝါဒ  တွင်သာ ပါရှိသည်။ ထေရဝါဒ  တွင်လူသားအကျိုးပြု ဗုဒ္ဓ၏ အဆုံးအမ တရားတော် (Teachings of Buddha) များ ပါဝင်သည်။ သို့ရာတွင် မဟာယန ဗုဒ္ဓဘာသာနှင့် ဇင် ဗုဒ္ဓဘာသာတို့သည်လည်း သူ့နည်းသူ့ဟန်နဲ့သူ လူသားအကျိုးပြု ဗုဒ္ဓ၏ အဆုံးအမ တရားတော် (Teachings of Buddha) များ ပါဝင်သည်။ ဗုဒ္ဓ မြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာ ၏ မေတ္တာ-ဂရုဏာ (Loving-kindness) တရားတော် နှင့် သည်းခံခြင်း Tolerance သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။

ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မေတ္တာဝါဒ ၊ အမှန်တရား နှင့် လူသားအကျိုးပြု ငြိမ်းချမ်းရေးဝါဒ သည် အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။ ဗုဒ္ဓဘာသာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။
ထို့ကြောင့် ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။

ကရာတေး သည် ဇင်ဗုဒ္ဓဘာသာ နှင့် များစွာ ပေါင်းစပ်နေကြောင်း တွေ့ရသည်။ အရေးအကြီးဆုံးအချက်သည် နည်းစနစ် (Method) ဖြစ်သည်။ ဂျပန်ပြည် တွင် ဆရာတော် ဗောဓိဓမ္မ ကို 達磨 Daruma) ဇင်(ဈာန်) ဗုဒ္ဓဘာသာ (Zen Buddhism) နှင့် ဂျပန်ကရာတေး ကိုယ်ခံပညာတို့၏ ရှေ့ဆောင်ဦးစီး စတင်တည်ထောင်သူအဖြစ် ဖော်ပြကြသည်။                             

ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာသမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင်ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅,  冥想, 沉思, သည် ထင်ရှားကျော်ကြားသည်။
ကရာတေး တွင် မိမိကိုယ်မိမိယုံကြည်ခြင်း( self-confidence )+ မေတ္တာ-ဂရုဏာ (愛情のこもった優し Loving-kindness)+ သည်းခံခြင်း 忍耐 (我慢) patience + မိမိကိုယ်မိမိအားကိုးခြင်း( self reliance)+ အသိဉာဏ်(インテリジェン intelligence)+ လက်တွေ့ကျင့်စဉ်(実習 , 練習 practice) + နည်းစနစ်ကျခြင်း (体系的 空手,  システム ( 組織 ) + စနစ် (体系的な方 systematic methods) သည် အလွန်အရေးကြီးပေသည်။
လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာတရားတို့ကို ဖြည့်ဆည်းထားရန်လိုအပ် ပါသည်၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာ ၏ ပါရမီဆယ်ပါး တွင် မေတ္တာပါရမီ + ခန္တီ ပါရမီ (မေတ္တာ+သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊
ကရာတေးတွင် အသုံးချမှုသိပ္ပံပညာများ (Applied Sport Science ) ပါဝင်သည်။ ကရာတေးကျွမ်းကျင်မှု ဆိုင်ရာများတွင် စွမ်းအား(Power) ၊စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အရှိန် (Centripetal Acceleration) ၊ မျဉ်းဖြောင့်လှုပ်ရှားမှုအရှိန်(Linear acceleration) ၊ နည်းပရိယာယ်(Tactics)၊ အား (နယူတန် ၏ ရွေ့လျားမှု ဆိုင်ရာ ဒုတိယနိယာမ Force = Mass x Acceleration) ၊ စက်ဝိုင်းပုံသဏ္ဌာန်လည်ပတ်ရွေ့လျားသည့်အား (centrifugal force) ၊ ဂရက်ဗီတေးယှင်း ကမ္ဘာမြေကြီးဆွဲအား(Gravitation) ၊ မိုမင်တမ် (ခေါ်) အဟုန်(Momentum) ၊ မျဉ်းဖြောင့်အတိုင်း ရွေ့လျားသည့်လှုပ်ရှားမှု(Linear motion) ၊ စက်ဝိုင်း ပုံသဏ္ဌာန်ရွေ့လျားသည့် ရွေ့ရှားမှု(Circular motion)၊ တော်ဆို ရိုတေးယှင်းနယ် ဖို့စ် (ခေါ်) တင်ပဆုံ ခြေသလုံး ဝမ်းဗိုက်ပိုင်း ခါး နှင့် အထက်က ရင်ခေါင်းပိုင်း လက်မောင်း လက်ဖျံ ပေါင်းစပ်လည်ပတ်ရွေ့လျားသည့် အား (Torso rotational force) ၊ အင်နားရှား(Inertia) ၊ အလုပ်ပြီးခြင်း (Workdone) ၊ အလျင် အမြန်နှုန်း(Velocity)၊ ပါဝါ(power) နှင့်လှုပ်ရှားမှု(Movement) ...စသည့် သိပ္ပံနည်းကျကျ သင်ရိုးညွှန်းတမ်း အချက်များပါဝင်သည်။ လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော ကိုယ်ခံပညာသိပ္ပံ ပညာတွင် အခြေခံသည်။ ရုပ်ပိုင်းဆိုင်ရာစွမ်းအား(physical power) ၊ စိတ်ပိုင်းဆိုင်ရာစွမ်းအား(spiritual power) ဆိုင်ရာ သီအိုရီ နှင့် လက်တွေ့ကျင့်စဉ် ဟူ၍ပါဝင်သည်။

၁၉ ခုနစ် နောက်ပိုင်းကာလတွင် ဂျပန် ကရာတေး ပညာရပ်သည် မြန်မာနိုင်ငံသို့လည်း ပျံ့နှံ့ရောက်ရှိခဲ့ပါသည်။ ဒဂုံ ကရာတေးအသင်း၊ အဆာဟိ ကရာတေးအသင်း၊ ဟိုက်ကာရီ ကရာတေးအသင်း၊ ဗထူးတပ်မတော် ကရာတေးအသင်း၊ ယူနိုက်တက် ကရာတေးအသင်း၊ အိုကီနာဝါ ကရာတေး အသင်း၊ တိုက်ဂါး ကရာတေးအသင်း၊ အိုယားမား ကရာတေးအသင်း၊ ဘားမား ကရာတေးအသင်း၊ ဂိုစိုးကု ကရာတေး အသင်း၊ ဂိုဂျူးကု ကရာတေးအသင်း၊ အက်ဆက် ကရာတေးအသင်း၊ တန်ဆိုင်း ကရာတေးအသင်း၊ ဖူနာကိုရှိ ဂီချင်း ကရာတေးအသင်း၊ ဆိုရှိကိ ကရာတေးအသင်း စသော ကရာတေး အသင်းဖွဲ့များ ပေါ်ပေါက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရှိုတိုကန် ကရာတေး စတိုင်နှင့် ကျိုရှင်ကိုင်း ကရာတေး စတိုင် တို့ကို အဓိကထားပြီး ကစားကြသည်။ တက္ကသိုလ် ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့ တို့တွင် ကရာတေး သင်တန်းများ ပေါ် ထွန်းခဲ့သည်။
၁၉-၁၉၈၁ ခုနှစ်တွင် ကျွန်တော်ရေးသားပြုစုခဲ့သော ကရာတေး Thesis: Kihon (基本), Kata ( or ), Kumite (組手) " The 3 Ks process of Karate" အား ၁၉၈၁ ခုနစ်တွင် ဂျပန် ကရာတေး အသင်း (J.K.A) ၏ နည်းပြချုပ် ဆရာကြီး မာဆာတိုရှိ နာကာရားမား က အသိမှတ်ပြု လက်ခံခဲ့သည်။ ကျိုရှင်ကိုင်း (Kyokushin) စတိုင်(Style) သည် ရှိုတိုကန် စတိုင်(Style) ပြီးလျှင် ဒုတိယမြောက် အထင်ရှားဆုံးသော ကရာတေး စတိုင်(Style) ဖြစ်သည်။
 
ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism ) သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် (520 AD) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြ ဆရာတော်ဖြစ်သည်။ မဟာယာန ဗုဒ္ဓဘာသာနှင့် ဇင်ဗုဒ္ဓဘာသာတို့တွင် ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံးဆရာတော် ဖြစ်သည်။ တရုတ်ပြည် ရှောင်လင် ဘုရားကျောင်း သို့ ရောက်ရှိခဲ့ပြီး ရှောင်လင် ကိုယ်ခံပညာ နှင့် ချန် ဗုဒ္ဓဘာသာ ကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။
ဂျပန်ပြည်တွင် ဆရာတော်ဗောဓိဓမ္မ ကို (達磨 Daruma) ၊ ဇင်(ဈာန်) ဗုဒ္ဓဘာသာ(  Zen Buddhism) နှင့် ကိုယ်ခံပညာတို့၏ ရှေ့ဆောင် ဦးစီး ဦးကိုင် စတင်သူ အဖြစ် ဖော်ပြကြသည်။
ဆရာတော် ဗောဓိဓမ္မ သည် ကိုယ်ခံပညာ သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ဇင် ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း Zazen 坐禅 သည် ထင်ရှားကျော်ကြားသည်။

"ဇင်" သည် ကျင့်စဉ်သည် စိတ်ကို ပစ္စုပန်တည့်တည့်တွင် အဓိက ထားရှိသည့် နည်းလမ်းများ၊ ကျင့်စဉ်များပါဝင်သည်။ သုတ္တန်၊ အဘိဓမ္မာ စသည့် တရားများ၊ အထူးပါဝင်ခြင်း မရှိချေ။ သစ္စာလေးပါးနှင့် ဝိပဿနာ ကျင့်စဉ်များ ပါဝင်ခြင်း
မရှိချေ။ လူအများနားလည်ရန် " ဇင်ဝါဒ" ဟူ၍လည်းကောင်း၊ "ဇင် ဗုဒ္ဓဘာသာ " ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနှုန်းရသော်လည်း စင်စစ် ဇင်ဝါဒ ကို တစ်စုံ တစ်ရာ ပညတ် သတ်၍ ခေါ်ဝေါ်နိုင်ခြင်းမရှိချေ။
ဆရာတော် ဗောဓိဓမ္မ အစရှိသော ဇင်ဗုဒ္ဓဘာသာ အဆုံးအမများ နှင့် 
 ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း တို့သည် ကရာတေး(Karate) ၏ (Kara) ဗလာ ကို ......" မိမိအား နှောက်ယှက်ထိပါး စော်ကားသူများအား 
မိမိအနေဖြင့်အချိန်မဆိုင်းပဲ ချက်ချင်း လက်ချည်းသက်သက်("လက်နက်မဲ့ Unarmed Combat ") ဖြင့် ခုခံကာကွယ်ခြင်း " ......ဟုဖော်ပြခဲ့သည်။ 
ဂျပန် ကရာတေး Founder ဟုခေါ်ကြသော ဆရာကြီး ဖူနာ့ကိုရှိ ဂီချင်း 船越 (၁၈၆၈-၁၉၅၇) သည် modern karate ကရာတေး ကိုယ်ခံပညာ သမိုင်းတွင်ပထမဆုံး ဆရာကြီး ဖြစ်သည်။

ကရာ (Kara) ၏ ဗလာ ကို ငါ-အတ္တဝါဒစိတ် (Ego/selfish) မရှိခြင်း/ ဗလာဖြစ်ခြင်း ၊ အမုန်းတရား (Hatred) နှင့် မကောင်းမှုစိတ် စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ လောဘစိတ် (グリード、欲 Greed / Desire)၊ ဒေါသစိတ် ( Anger )၊ မောဟစိတ် (無知、妄 Ignorance/Delusion) စသောစိတ်အညစ်အကြေး မရှိခြင်း/ ဗလာဖြစ်ခြင်း၊ မာနခက်ထန် ယုတ်မာမှုမရှိခြင်း/ ဗလာဖြစ်ခြင်း... ဟုဖော်ပြခဲ့သည်။
မြင့်မြတ်ဖြူစင်သောမေတ္တာစိတ်ရှိခြင်း၊ စိတ်ယဉ်ကျေးမှု ရှိခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ စိတ်ကို အတိတ် (Past) နှင့် အနာဂတ် (Future) သို့ တွေဝေ ငေးမောမနေပဲ ပစ္စုပန် (Present) တည့်တည့်တွင် စိတ်ကိုကောင်းစွာ တည်ငြိမ်စွာ ထားရှိခြင်း...စသည်တို့သည် ကရာတေးပညာရှင်တို့၏ အရေးကြီး သော အကောင်းဆုံးအရည်အချင်း(空手マスターズの倫理 Ethics of Karate Masters) များဖြစ်သည်...ဟုဖော်ပြခဲ့သည်။
သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ  Śūnyatā (仏教) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ သုညတ Śūnyatā (or) emptiness သည် အလုံးစုံ ငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာခြင်း ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။
ကြည့်မှန်၏ ရှေ့တွင်ကြည့်သူ၏ကိုယ်နေကိုယ်ထား အမူအရာသည် ပကတိအတိုင်း 
မိမိတို့ကိုယ်နေကိုယ်ထား အမူအရာကို မိမိတို့ ပြန်မြင်နိုင်သော ကြည့်မှန် (ミラー反射効果 Mirror Reflection Effect) နှင့်တူသော ကံ၊ ကံ၏ အကျိုးနိယာမ  因果関係  (アクション、反 ) Causality ဟု ခေါ်ဆိုနိုင်သောအမှန်တရားရှိခြင်း ".....  ဟုရှင်းလင်းခဲ့သည်။  
ဗုဒ္ဓမြတ်စွာဘုရား (ဘီစီ ၆၂၃- ဘီစီ ၅၄၃)
ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉) ပါး တွင် သတ္ထာဒေဝ မနုဿာနံ--- နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင်(ဘုရား) ဖြစ်သည် (Buddha is the Teacher of the Human and Gods)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။ ငါသည် ဖန်ဆင်းရှင်ထာဝရဘုရား God ဟု မိန့်ဆိုတော်မမူခဲ့ပါ (Buddha is not a creator God ) ။ ကမ္ဘာလောက နှင့် နတ်(God)- လူ- ဗြဟ္မာ-သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင်(ဘုရား) ဖြစ်သည်။

ဗုဒ္ဓဘာသာ တခုတည်းကသာ ဘုရားယုံကြည်ခြင်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ဂရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။

တစ်လောကလုံး၌ ရှိရှိသမျှ လောကီရတနာများကား လောကုတ္တရာ ရတနာများနှင့် အနည်းငယ်မျှ မတူပေ။သို့အတွက် တစ်လောကလုံး၌ လောကုတ္တရာ ရတနာဖြစ်သောဘုရား၊ တရား၊ သံဃာတို့သာ အကောင်းဆုံးအမြင့်ဆုံး အမြတ်ဆုံးရတနာများ ဖြစ်လေသည်။

မြတ်ဗုဒ္ဓ ကို ဘီစီ ၆၂၃ (ဘီစီ ၆၂၃ +၂၀၁၄= လွန်ခဲ့သောနှစ်ပေါင်း၂၆၃၇ ) နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တော်တွင်ဖွားမြင်တော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရား သည် ဘီစီ ၅၉၄ (သက်တော် ၂၉နှစ်) မှစပြီး တရားကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ ၅၈၈ (သက်တော် ၃၅နှစ်) (ဘီစီ ၅၈၈ +၂၀၁၄= လွန်ခဲ့သောနှစ်ပေါင်း၂၆၀၂ ) တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်လာခဲ့သည်။ ဘီစီ ၅၈၈ မှစပြီး ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားခဲ့သည်။

ဗုဒ္ဓမြတ်စွာဘုရား အဖြစ် (ဘီစီ ၅၈၈ - ဘီစီ ၅၄၃ ) ၄၅ နှစ် အတွင်း တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော်မူခဲ့သည်။ ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူပြီးလျှင်၊ (ဘီစီ ၅၄၃) တွင် ပရိနိဗ္ဗာန် စံဝင်တော်မူ သည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် သန်း ၁၇၀ဝ ရှိသည်။ ဟိန္ဒူဘာသာဝင် သန်း ၁ဝဝ၀ ကျော် တို့ကလည်း ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ကို ကြည်ညို လေးစားကြသည်။ (In Hindu world is signed Lord Buddha as ninth avatar of Supreme God Vishnu and Hindu accept teachings of Buddha, but do not directly worship him. ) ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာတို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသကဲ့သို့၊ တစ်ဘာသာ နှင့် တစ်ဘာသာ အမှီပြု လျက် ဆက်သွယ်ကာ တည်ရှိနေကြသည်။

ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင် ဘုရားသခင်(God) တည်ရှိမှုကို အယုံအကြည် မရှိသူ ဘာသာမဲ့ (free-thinkers/ Atheists/Anti-theist/no religion person) များကပင် ဂေါတမဗုဒ္ဓ ကို တနည်းမဟုတ် တနည်းဖြင့် ကြည်ညို လေးစားကြသည်။

ဗုဒ္ဓဘာသာ ၏ မေတ္တာ-ဂရုဏာ (Loving-kindness) ၊ သီလ၊သမာဓိ၊ပညာ ၊ သစ္စာလေးပါး၊ မဂ္ဂင် ၈ ပါး ၊ အောင်ခြင်း ၈ ပါး၊ ကမ္မဋ္ဌဌာန်း၊ ဝိပဿနာ ၊ ပိဋကတ် သုံးပုံ ၊ ပါရမီဆယ်ပါး ၊ ခွင့်လွှတ်ခြင်း(Forgiveness) နှင့် သည်းခံခြင်း(Tolerance) သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။

ဗုဒ္ဓခေတ်ပညာရေး အဆင့်အတန်းနှင့် နည်းစနစ်သည် သမိုင်းကြောင်းကိုလိုက်ပြီး ပြည်သူများ၏ ယဉ်ကျေးမှုနှင့်၊ ပြည်သူများ၏ လိုအပ်ချက်အရ ခံယူကျင့်သုံးလိုက်နာခဲ့ကြ သည့် ပညာရေးဖြစ်သည်။

ဗုဒ္ဓဘာသာတွင်ကိုယ်ကျင့်တရား(moral ethics of Buddhism) နှင့် စံ(quality standards) များရှိသည်။ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ် ခဲ့သော မေတ္တာဝါဒ+မှန်ကန်သောယုံကြည်မှု+မှန်ကန်သောအသိတရား+မှန်ကန်သောတွေးခေါ်မြော်မြင်+အမှန်တရား(real truth) +မှန်ကန်သောကျင့်စဉ်တို့သည် မှန်ကန်သောငြိမ်းချမ်းရေးဝါဒ အဖြစ်အကျော်ကြားဆုံး လူသိအများဆုံးဖြစ်သည်။

လူသားတယောက် အနေဖြင့် စိတ်နှလုံးဖြူစင် ရိုးသား ဖြောင့်မတ်သူ ဖြစ်လာစေရန် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ ကို ကိုယ်တိုင် လေ့လာဆည်းပူးပြီး ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မ အတိုင်း တသက်တာလုံး အချိန်မလပ် ကျင့်ကြံအားထုတ် သွားသင့်ပါသည်၊
လူသားတယောက် အနေဖြင့် တာဝန်တရပ် ဖြစ်သည့် စားဝတ်နေရေး အတွက် သမ္မာ အာဇီဝ တည်း ဟူသော မှန်ကန်သော အသက်မွေးမှု ပြုနိုင်ရန် ဝိဇ္ဇာပညာ နှင့် ခေတ်မှီ သိပ္ပံပညာ အတတ်ပညာရပ် တို့ကိုလည်း လေ့လာ သင်ယူ ဖြည့်ဆည်းသင့်ပါသည်၊
လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ (မိစ္ဆာ ဒိဋ္ဌိ) ၊သက္ကာယ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ၊ အဟိရိက၊ အနောတ္တပ္ပ ကိလေသာ (၁၀) ပါး တို့ကိုရှောင်ကြဉ်ရပါမည်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါးကိုသာ အသိအမှတ်ပြုယုံကြည်ဆည်းကပ်ကိုးကွယ်၏။
ဗုဒ္ဓဘာသာ ကိုင်းရှိုင်းသူသည် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ အကြံအစည်ဒုစရိုက်တို့မှ လွတ်ကင်းစင်ကြယ် ကြည်ညိုဖွယ်ရှိသော ကာယကံအမှု သမ္မာကမ္မန္တ အလုပ် မျိုးကိုသာ ပြုလုပ်မည် ဖြစ်ပါသည်။ သီလနှင့် သမာဓ မဂ္ဂင် ပြည့်စုံလျှင် ထိုက်သည့်အားလျော်စွာ ပညာ ကိစ္စလည်း ပြီးစေနိုင်သောကြောင့် သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပ မဂ္ဂင်ဖောင်ကြီး ကိုလည်း စီးနေကြသူများပင် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားသည် သစ္စာ၎-ပါး အမှန်တရားကို ဟောကြားတော်မူခဲ့လေသည်။ ၎င်းသစ္စာ ၄-ပါးကို အမှန်သိလျှင် ချမ်းသာစစ်ကို ရမည်မှာ မလွဲတည်း။ လောကသည် စိတ်မကျေနပ်ခြင်းအမျိုးမျိုး၊ ဘေးအန္တရာယ်အမျိုးမျိုး၊ ဆင်းရဲအမျိုး မျိုး၊ ရောဂါအမျိုးမျိုးနှင့် ပြည့်နှက်လျက်ရှိကြောင်း ပထမ ဒုက္ခသစ္စာက ညွှန်ပြ လေသည်။ ထိုသို့ ဆင်းရဲအမျိုးမျိုးနှင့် ပြည့်လျက်ရှိရသည်မှာ တပ်မက်ခြင်း၊ မတရားလိုချင်ခြင်း၊ ကိုယ်ကျိုးရှာခြင်း စသော လောဘကြောင့်ဖြစ်ကြောင်း ဒုတိယသမုဒယသစ္စာက ညွှန်ပြလေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင် သည် ဤမျှလောက်ကိုသာ ဟောထားခဲ့လျှင် ဗုဒ္ဓဘာသာတရားတော် သည် အဆိုးဘက်ကိုသာ ကြည့်၍ တဘက်သတ်ဟောသော တရားဟု ဆိုရန်ရှိ၏။ သို့ရာတွင် ကမ္ဘာ့ဆေးဆရာကြီးဖြစ်တော်မူသော ဘုရားရှင်သည် ကမ္ဘာသူ ကမ္ဘာ သားတို့၏ ရောဂါနှင့် ၎င်းရောဂါ၏ အကြောင်းရင်းကို ပြပြီး၍ ထိုရောဂါ၏ အကြောင်းရင်းဖြစ်သော လောဘကို ပယ်ဖျက်လျှင် ဆင်းရဲရောဂါအပေါင်း ကင်း၍ ချမ်းသာအစစ်ကို ရနိုင်ကြောင်း တတိယ နိရောဓသစ္စာ ဖြင့် ပြတော်မူခဲ့လေ သည်။ ၎င်း ဆင်းရဲရောဂါ ပျောက်ကင်းရန်ဆေးကို စတုတ္ထ မဂ္ဂသစ္စာ ဖြင့် ပြတော် မူခဲ့လေသည်။

ဆေးကိုစားလျှင် ဆင်းရဲရောဂါ အမှန်ပျောက်မည်၊ ဤနေရာ၌ ဆေးစားခြင်း ဆိုသည်မှာ လမ်းမှန်လိုက်ခြင်းပင်တည်း။ လမ်းမှန်လိုက်ခြင်းဆိုသည်မှာ ဘေးအန္တရာယ် မကင်းသည် လက်ဝဲစွန်း၊ လက်ျာစွန်း၊ အစွန်းနှစ်ဘက်ကျသော လမ်းမဟုတ်၊ ဘေးအန္တရာယ်ကင်းသော အလယ်လမ်းကို ဆိုလိုသည်။ အလယ်လမ်း ဆိုသည်မှာ - အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းတည်း။

မဂ္ဂင် ရှစ်ပါးကား - မှန်ကန်စွာသိမြင်ခြင်း၊ မှန်ကန်စွာကြံစည်ခြင်း၊ မှန်ကန်စွာ ပြောဆိုခြင်း၊ မှန်ကန်စွာပြုလုပ်ခြင်း၊ မှန်ကန်စွာ အသက်မွေးခြင်း၊ မှန်ကန်စွာ အားထုတ်ခြင်း၊ မှန်ကန်စွာ သတိပြုခြင်း၊ မှန်ကန်စွာ တည်တံ့ခြင်း ဤ ရှစ်ပါးတို့ တည်း။
၁။ ဒုက္ခသစ္စာ The truth of dukkha (suffering, anxiety, unsatisfactoriness (Dukkha sacca)
၂။ သမုဒ္ဓယသစ္စာ The truth of the origin of dukkha (Samudaya sacca)
၃။ နိရောဓသစ္စာ The truth of the cessation of dukkha (Nirodha sacca)
၎။ မဂ္ဂသစ္စာ The truth of the path leading to the cessation of dukkha, Noble Eightfold Path (Magga sacca)
မဂ္ဂင် ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။
၁။ သမ္မာဒိဋ္ဌိ (Samma ditthi) = မှန်သောအယူအမြင်၊ Right Understanding or Right View
၂။ သမ္မာသင်္ကပ္ပ (Samma sankappa) = မှန်သောအကြံ၊ Right Thought or Right Intention
၃။ သမ္မာဝါစာ (Samma vaca) = မှန်သောစကား၊ Right Speech
၎။ သမ္မာကမ္မန္တ္တ (Samma kammanta) = မှန်သောအမှုအလုပ် ၊Right Action
၅။ သမ္မာအာဇီဝ (Samma ajiva) = မှန်သောအသက်မွေးဝမ်းကျောင်းမှု၊ Right Livelihood
၆။ သမ္မာဝါယာမ (Samma vayama) = မှန်သောအားထုတ်မှု၊ Right Effort or Right Diligence
၇။ သမ္မာသတိ (Samma sati) = မှန်သော အောက်မေ့ နှလုံးသွင်းမှု၊ Right Mindfulness
၈။ သမ္မာသမာဓိ (Samma samadhi) = မှန်သော တည်ကြည် စူးစိုက်မှု၊ Right Concentration
ထေရဝါဒ၊ မဟာယာန၊ ဇင်ဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ (သန်း ၆၉၀ဝ) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်း သန်း ၁၇၀ဝ) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရားနှင့်အယူဝါဒဖြစ်သည်။
တရုတ်ပြည်သည် ကမ္ဘာ့ ဗုဒ္ဓဘာသာ လူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်သည်။ တရုတ်ပြည်တွင် လူဦးရေ (သန်းပေါင်း ၁၀၀ဝ) ကျော်အထိ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည်။ 

ထို့ကြောင့် ဇင်ဗုဒ္ဓဘာသာ၊ မဟာယာန နှင့် ထေရဝါဒ ပေါင်းလျှင် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူ လူဦးရေအားဖြင့် (သန်း ၁၇၀ဝ ကျော်၊) ရှိသည်။
ကမ္ဘာပေါ်တွင် ထေရဝါဒ၊ မဟာယာန၊ ဇင်ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားခဲ့သည်။ ထေရဝါဒ ဂိုဏ်းသည် သီဟိုဠ် မှတဆင့် မြန်မာ၊လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ သီရိလင်္က࿿နိုင်ငံ စသော ဒေသများသို့ ပြန့်ပွားသွားခြင်းဖြစ်၍ တောင်ပိုင်းဗုဒ္ဓဘာသာ ဟုလည်း ခေါ်ဆိုသည်။ နီပေါနိုင်ငံ တွင်လည်း ဗုဒ္ဓဘာသာ ထွန်းကားသည်။  

မဟာယာန သည် တရုတ်၊ ထိုင်ဝမ်၊ တိဘက်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုးလီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူ၊ ဘူတန်နိုင်ငံ ၊ ဗီယက်နမ်နိုင်ငံ၊ နှင့် ဂျပန် စသော အရှေ့အာရှတခွင်တွင် ထွန်းကားပြန့်ပွားနေပြီး မဟာယာန ဗုဒ္ဓဘာသာ ဟုလည်း ခေါ်ဆိုသည်။

တိဘက် ဗုဒ္ဓဘာသာ ကို အချို့က မဟာယန၏ ဂိုဏ်းခွဲ ဟု သတ်မှတ်သော်လည်း အချို့ကမူ မူလ ဗုဒ္ဓဘာသာ၏ တတိယမြောက် ဂိုဏ်းကြီးအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် ဗုဒ္ဓဘာသာ တွင် အခြားဂိုဏ်းခွဲငယ် အများအပြားရှိသေးသည်။
ဤသို့များရခြင်းသည် ဝါဒနှင့် ဒေသ ကွာဟချက်များကြောင့် ဖြစ်သည်။

 အေဒီ ၅၀ဝ-အေဒီ ၆၀ဝ တွင် ဆရာတော် ဗောဓိဓမ္မ သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာ( Chan Buddhism) ကို စတင်တည်ထောင်ခဲ့သည်။
ဇင်ဗုဒ္ဓဘာသာ အစ-ဆရာတော် ဗောဓိဓမ္မ က 
ဇင်ဗုဒ္ဓဘာသာသည် တရုတ်ပြည်မှာမြစ်ဖျားခံပြီး ဂျပန် မှာ ထွန်းကားပါသည်။ ယဉ်ကျေးမူ အမွေအနှစ် တွေကိုလည်း အမျိုးသား ယဉ်ကျေးမူအမွေ အဖြစ် တန်ဖိုးထားပြီး ထိမ်းသိမ်း စောင့်ရှောက်မူတွေကိုလုပ်ကြပါသည်။  

ဂျပန်နိုင်ငံကို ဗုဒ္ဓဘာသာ သာသနာ သည် တရုတ်နိုင်ငံ ကနေ ဂျပန် ဇင်ဗုဒ္ဓဘာသာ သာသနာပြု ဘုန်းတော်ကြီးတွေ ကတဆင့် ရောက်ရှိသည်။

ဇင် (ဈာန်) ဗုဒ္ဓဘာသာ သည် ဂျပန် တွင် ကိုးကွယ်ကျင့်သုံးကြသော မဟာယာန ဗုဒ္ဓဘာသာ တစ်မျိုး ဖြစ်ပြီး သတ္တဝါအားလုံးအား အကြမ်းမဖက်ရေးနှင့် သုညတ ဝါဒ (SUNYATA) တရား လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ "ဆာတိုရီ" Satori (ိံ) ကျင့်စဉ်သည် လွန်စွာနာမည်ကြီးလှသည်။
ဇင် (ဈာန်) ဗုဒ္ဓဘာသာ တွင်  ဝိပဿနာလမ်းစဉ် မရှိ။ ဇင်ဗုဒ္ဓဘာသာ သည် သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။

ဂျပန်ပြည် ကရာတေး ကိုယ်ခံပညာ သည် ဇင်ဗုဒ္ဓဘာသာ ( ဈာန်) သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။ ရှောင်လင် ကွန်ဖူး ကိုယ်ခံပညာ သည် ဇင်ဗုဒ္ဓဘာသာ( ဈာန်) သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။

သုညတ သည် အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာ မရှိခြင်း လမ်းစဉ်ပေါ်တွင် အခြေခံထားသည်။ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှု မရှိခြင်း၊ သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည် တို့ဖြစ်သည်။ သုညတ အနတ္တ တရား မှာကျယ်ပြန့်စွာ ဇင်ဗုဒ္ဓဘာသာအများ နာကြားနေကြဆဲဖြစ်သည်။

ဇင်ဗုဒ္ဓဘာသာ ကမ္မဌာန်း တရား သမထ (meditation) အလုပ်သည် သုညတ စိတ် နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် မှန်သောအားထုတ်ရသော အလုပ်မျိုးကို ဆိုလိုသည်။

ဘာဝနာ သည် သမထ ဘာဝနာ၊ ဝိပဿနာ ဘာဝနာ ဟူ၍ နှစ်မျိုးရှိ၏။ ကမ္မဌာန်းဟူသည် ကမ္မဌာန ဟူသော ပါဠိ စကားကို မြန်မာလို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကမ္မဌာနဟူသော ပါဠိစကား သည် ကမ္မပုဒ်နှင့် ဌာနပုဒ်တွဲစပ်၍ ဖြစ်သော စကားတည်း။
ထိုနှစ်ပုဒ်တွင် ကမ္မပုဒ် မှာ အလုပ် ဟူသော အနက်ကိုဟော၏။ ဌာနပုဒ်မှာ တည်ရာဟူသော အနက်ကို ဟော၏။ ထို့ကြောင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံများကို ကမ္မဌာန်း ဆိုသည်ဟု မှတ်ရမည်။

သမထ ဘာဝနာ ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ သမ္မာသတိ(Right mindfulness) စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် သမ္မာသမာဓိ(Right Concentration) တည်တည်တံ့တံ့ ရှုခြင်းသဘောဖြစ်သည်။) ဇင်ဗုဒ္ဓဘာသာ သည် သမထ လမ်းစဉ်ပေါ်တွင် အခြေခံသည်။
တရုတ်ပြည်တွင် ဗုဒ္ဓဘာသာ ကျောင်းတိုက်ပေါင်း (၁၃၀ဝ၀) ရှိ သည်။ အရှင်ဗောဓိဓမ္မ တရုတ် ပြည် သို့ ကြွ၍ ဇင်ဗုဒ္ဓဘာသာ( ဈာန်) ဂိုဏ်း ကို တည်ထောင်သည်။ ကိုရီးယားပြည် သို့ ဗုဒ္ဓသာသနာတော် ရောက်ရှိသည် ။

ဂျပန်ပြည်တွင် ဆူမိကို (ဆွိကို) Empress Suiko (အေဒီ ၅၅၄-အေဒီ ၆၂၈) ဘုရင်မကြီးလက်ထက် ရှိုတိုကု တိုင်းရှိ မင်းသားကြီး(Prince Shotoku Taishi) (အေဒီ ၅၇၄-အေဒီ ၆၆၂ ) ၏ ကြိုးပမ်း မှူကြောင့် ဂျပန်တပြည်လုံး မဟာယန ဇင်ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ကြသည် ။

ရှိုတိုကု တိုင်းရှိ မင်းသားကြီးသည် ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူဖြစ်ပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ကြေငြာခဲ့သည်။ (၁၁) ရာစုတွင် ဂျပန်နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် စတင်ရောက်ရှိသည် ။ ဗုဒ္ဓဘာသာကို အခြေခံ၍ ဂျပန်ပြည် အုပ်ချုပ်ရေး ဥပဒေကိုရေးဆွဲခဲ့သည်။

ဆရာတော် ဗောဓိဓမ္မ (အေဒီ ၅၀ဝ-အေဒီ ၆၀ဝ) သည် တရုတ်ပြည်တွင် ချန် ဗုဒ္ဓဘာသာကို စတင်တည်ထောင်ခဲ့သည်။ တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့ပြီးကိုယ်ခံပညာ နှင့် ဇင်ဗုဒ္ဓဘာသာကို စံနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည်။ ဇင် (ဈာန်) ဗုဒ္ဓဘာသာ ၏ တရားရှုမှတ်ခြင်း 坐禅 သည် ထင်ရှားကျော်ကြားသည်။

ဆရာတော် ဗောဓိဓမ္မ (Father of Zen Buddhism) သည် ဗုဒ္ဓသာသနာတော် ပျံ့ပွားရေးအတွက် အေဒီ (၅၀ဝ) တွင် တရုတ်ပြည်ရှောင်လင်ဘုရားကျောင်းသို့ ရောက်ရှိခဲ့သော အိန္ဒိယလူမျိုး တရားပြဆရာတော်ဖြစ်သည်။ ကမ္ဘာတွင် နာမည်ကျော်ကြား လူသိအများဆုံး မဟာယာန ဇင်(ဈာန် ) ဗုဒ္ဓဘာသာ ဆရာတော်ဖြစ်သည်။

တရုတ်ပြည်တွင် ဆရာတော် ဗောဓိဓမ္မ ကို 達摩 Bodhidharma ဟု ခေါ်ဆိုသည်။ ချန် ဗုဒ္ဓဘာသာ( Chán Buddhism) နှင့် ရှောင်လင် ကွန်ဖူး ကိုယ်ခံပညာ တို့ ၏ ရှေ့ဆောင်ဦးစီးဦးကိုင်တည်ထောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။ ဂျပန်ပြည်တွင် ဆရာတော်ဗောဓိဓမ္မ ကို 達磨 Daruma ဟု ခေါ်ဆိုသည်။

ဇင်ဗုဒ္ဓဘာသာ (Zen Buddhism) နှင့် ကိုယ်ခံပညာတို့၏ရှေ့ဆောင်သူပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ကြသည်။ တရုတ်ပြည်မှ လာသော မဟာယာန ချန်( ) ဗုဒ္ဓဘာသာ သုညတ တရား အယူအဆများပေါ်တွင် မူတည်၍ ဂျပန်တို့သည် ဇင် () ဗုဒ္ဓဘာသာ အဖြစ်ပြောင်းလဲလာခြင်းပင် ဖြစ်သည်။
ဇင်ဗုဒ္ဓဘာသာ၏ ကျင့်စဉ်အနှစ်ချုပ်သည်ကား
ထိုးထွင်းသိမြင်စွမ်းသော"ဗောဓိဉာဏ်" (Satori) အဖြစ် သတ်မှတ်ကြသည်။ 
 ဇင် () (ဈာန်) ကျင့်စဉ် အနှစ်ချုပ် "ဆာတိုရီ" Satori (ိံ) သည် အလွယ်နှင့်ရနိုင်သော တရားမျိုးမဟုတ်။ (Satori and kenshō are commonly translated as enlightenment, a word that is also used to translate bodhi, wisdom and buddhahood.) အကြိမ်ကြိမ် အထပ်ထပ်တရားရှုမှတ်ခြင်း ကျင့်ကြံ အားထုတ် စီးဖြန်းရ၏။

ကန်ရှော (見性) (ဗောဓိ) သည် ဇင်ဗုဒ္ဓဘာသာ ဘုရားလောင်းကျင့်စဉ် ၏ အနှစ်သာရ ဖြစ်သည်။ ဇင်ဗုဒ္ဓအယူဝါဒ၏ပုံစံ အများစုသည် ကမ္မဋ္ဌဌာန်း တရားထိုင်ခြင်း သမထအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။ 

ဂေါတမ ဗုဒ္ဓဘုရား သည် လူ့သမိုင်းတွင်ဩဇာအကြီးမားဆုံးသော အမြင့်မြတ်ဆုံးသော၊ အမှန်ဆုံး  ထိပ်ဆုံးအဓိကပုဂ္ဂိုလ်ဘုရားဖြစ်သည်။ ဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင်နာမည်အကျော်ကြားဆုံး လူသိအများဆုံး(most popular religion) ငြိမ်းချမ်းမှု အရှိဆုံး (most peaceful religion) ဘာသာ ကမ္ဘာ့အကောင်းဆုံး ဘာသာဖြစ်သည။်
ထေရဝါဒ နှင့် မဟာယာန နှစ်ဖက်လုံးက သကျမုနိ ဗုဒ္ဓ မြတ်စွာကို အမြင့်မြတ်ဆုံးသောမြတ်စွာဘုရား အဖြစ်လက်ခံကြသည်။ သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြသည်။ မဂ္ဂင်ရှစ်ပါး လမ်းစဉ်သည် နှစ်ဖက်လုံး၏ တရားဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်သည် နှစ်ဖက်လုံးတွင် အတူတူပဲဖြစ်သည်။

ဖန်ဆင်းရှင်(God) ကို နှစ်ဖက်လုံးတွင် လက်မခံကြပါ။ 

အနိစ္စ ၊ဒုက္ခ၊အနတ္တ နှင့် သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတဲ့ အတွက် ဗုဒ္ဓရှင်တော်၏ အဓိက တရားအနှစ်တွေသည် မကွဲပြားဘူးလို့ ဆိုရပါမည်။ အနတ္တ ကို နှစ်ဖက်လုံးတွင်လက်ခံပါသည်။ မဟာယနသည် အတ္တဝါဒ မဟုတ်ပါ။
အဓိက ကွဲပြားချက်က တရားတော်တွေ ပေါ်မှာ မဟုတ်ပါ။ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် ကျင့်သူအပေါ်မှာ ထားတဲ့ သဘောထား ဖြစ်သည်။
ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ကြပါ။ 

တချို့က ဆိုပြန်သည်။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တ ကျင့်စဉ် ကို လက်ခံတဲ့ ဝါဒ လို့ ဆိုကြပြန်သည်။

များစွာသော ဗုဒ္ဓရှင်တော်၏ သွန်သင်ဟောကြားချက်များကို လျော့ရဲရဲ ထားသည် ဟု ဖော်ပြသည်။ ဤကဲ့သို့လျော့ရဲရဲဖြစ်နေခြင်းသည် အမျိုးမျိုးကွဲဟြးနေသည့် သွန်သင် ဟောကြားချက်များတွင် ပါရှိသည့် အမျိုးမျိုးသော သဘောထားခြားနားချက်များကို မဟာယာန တွင် ထည့်သွင်းထားနိုင်ရန်အတွက်ဖြစ်သည် လို့ ဆိုကြပြန်သည်။ မဟာယာနသည် ကြီးမားသော ဘာသာရေးနှင့် အတွေးအခေါ်အဆောက်အအုံကြီးဖြစ်သည်။

မဟာယာန ယုံကြည်မှုသည် ရှေးယခင် အဂါမ (Agama ) ပြဌာန်းချက်များကို ထပ်မံဖြည့်စွက်ထားသည့် မဟာယာနသုတ် အသစ်များဖြင့် ဖွင့်ဆိုထားပါ သည်။ ယင်းသုတ် အသစ်သည် ဗုဒ္ဓဘာသာ၏ အခြေခံယူဆချက်များနှင့် ရည်ရွယ်ချက်များကို ရွှေ့ဟြေင်းထားသည့် သုတ်တခုဖြစ်ပါသည်။

ထို့အပြင် သီရိမာလသုတ် (Srimala Sutra) တွင် တင်ပြထားသည်မှာ မဟာယာနကို ကိုးကွယ်ဆည်းကပ်ခြင်းသည် သူ၏အရည်အသွေးများ ကို ထာဝရမြင့်မားနေစေပြီး ပစ္စေကဗုဒ္ဓ လမ်းသို့ လိုက်သွားစေသည်။

(The Śrīmālādevī Siṃhanāda Sūtra (Sanskrit; traditional Chinese: 勝鬘師子吼一乘大方便方廣經; pinyin: Shèngmán Shīzihǒu Yīchéng Dàfāngbiàn Fāngguǎng Jīng; Japanese: 勝鬘経 Shōman-kyō) is one of the main early Mahāyāna Buddhist texts.)

ထေရဝါဒ တွင် ဗောဓိသတ္တ သည် လွတ်မြောက်ရာ လမ်းကို သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်ကြပါ။ မဟာယာန တွင် ကိုးကွယ်စရာ ဗောဓိသတ္တ တွေ များပါသည်။ ဘုရားလောင်း ၊ ဘုရား၏ မိခင်၊ ဖခင် ….အစုံပဲဖြစ်သည်။

မဟာယာန မှာ အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးပါ။ အရဟတ္တဖိုလ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားပြီး ပုထုဇဉ်ပြန်ဖြစ်သွားရသည် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရသည်။

ထေရဝါဒ နှင့် မဟာယာန အယူအဆ တချို့ လွဲနေသည်။
ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ မူရင်းအတိုင်းလိုက်နာကျင့်ကြံပြီး နဲနဲမှ မပြင်တာက ထေရဝါဒ ဖြစ်သည်။

မူရင်းမှ အယူအဆ တချို့ နဲနဲ ပြင်သည်က မဟာယာန ဝါဒ ဖြစ်သည်။
ထေရ ဝါဒ က ဗုဒ္ဓမြတ်စွာဘုရားမိန့်ကြားချမှတ်ခဲ့သော မူရင်း ဝိနည်း+ သုတ္တန် + အဘိဓမ္မာများ ၊ သိက္ခာပုဒ်များ တရားတော်များကို နဲနဲမှ မပြင်ကြပါ။
မဟာယာန နှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန် နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ 

မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊သဘောတရားများကို တင်ပြထားသည်။

မဟာယာနဗုဒ္ဓဘာသာ ကျောင်းတော်များသည် ရှေးယခင်ဗုဒ္ဓ ဘာသာကျောင်းတော်များတွင် သင်ကြား ခဲ့သည့် ဒုက္ခ မှကင်းလွတ်ခြင်းနှင့် နိဗ္ဗာန်ရောက်ရာရောက်ကြောင်း စံများကို အလေးထားသင်ကြားခြင်း မရှိပါ။

မဟာယာနအဆိုအမိန့်၏ အခြေခံကျသောမူများသည် အရာအားလုံးအတွက် ဒုက္ခမှ အလုံးစုံလွတ်မြောက်ရေး ဖြစ်နိုင်စွမ်းအားနှင့် ဗုဒ္ဓ၏တည်ရှိနေမှုနှင့် ဗောဓိသတ္တများ၊ ဗုဒ္ဓသဘာဝ (佛性) ကို ပုံဖော်ပေးသည့် အပေါ်တွင် အခြေခံထားပါသည်။

အချို့သောမဟာယာန ကျောင်းတော် များသည် ဘာသာရေး ယုံကြည်မှုဖော်ပြချက်ကို လွယ်ကူစွာ ရှင်းလင်းဖော်ပြရာတွင် ဗုဒ္ဓ အမိတဗ Amitabha ၏ နာမတော်အားဖြင့် ကယ်တင်ခြင်းကိုရရှိခြင်း၊ ဗုဒ္ဓ အမိတဗ ထံသို့ဂါထာမန္တာန်များရွတ်ခြင်းဖြင့် ဘာသာယုံကြည်မှုနှင့် ကိုးကွယ်ဆည်းကပ်မှု တို့ကို ရရှိစေသည်။
(Amitabha is a celestial Buddha described in the scriptures of the Mahayana school of Buddhism.. "Amitabha" is translatable as "Infinite Light," hence Amitabha is often called "The Buddha of Infinite Light.")
ဗုဒ္ဓဘာသာ၏ ကိုးကွယ်ဆည်းကပ်မှုဘဝပုံစံ သည် သန့်ရှင်းသော မြေကျောင်းတော် Pure Land Buddhism ၏ ပြင်းထန်သော အာရုံစူးစိုက်ထားမှု တစ်ခုဖြစ်ပြီး မဟာယာနဘာသာအရှေ့အာရှတစ်လွှားတွင် အောင်မြင်ခဲ့ခြင်းတွင် ကြီးမားစွာပါဝင်ခဲ့သည်။
အရှေ့အာရှတွင် စိတ်၏မူလအခြေခံများသည် ဘုရားရှိခိုးရွတ်ဆိုခြင်း ၊ မန္တာန်ရွတ်ဆိုခြင်း သို့မဟုတ် ဓရဏပရိတ် ရွတ်ခြင်းတို့အပေါ်တွင် ဓလေ့ထုံးတမ်းအရ အမှီသဟဲပြုနေသည်။ မဟာယာန သုတ်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် တရားအားထုတ်ခြင်းများပေါ်တွင် မှီခိုနေပါသည်။

တရုတ် ဗုဒ္ဓဘာသာတွင် ဘုန်းကြီးအများစုသည် သန့်ရှင်းသောမြေကျောင်းတော်၏ အဆိုအတိုင်းကျင့်ကြံအားထုတ်ကြပြီး အချို့သော ဘုန်းကြီးများသည် ဇန်ကျောင်းတော်၏ သင်ကြားမှုများနှင့် ပေါင်းစပ်ကျင့်ကြံအားထုတ်ကြသည်။

မဟာယာနကျောင်းအများစုသည် ဘုရားမဖြစ်သေးသည့် ဗောဓိသတ္တ များ၏ နတ်ကွန်းများကို လည်း ယုံကြည်သက်ဝင်မှုရှိသည်။ ဗောဓိသတ္တများသည် ပုဂ္ဂိုလ်ရေးထူးချွန်မှု ၊ ဆုံးခန်းတိုင် အတတ်ပညာ ၊ လူသားများနှင့် အခြားဘုံများ (တိရစ္ဆာန် ၊ တစ္ဆေသရဲ ၊ တစ်ဝက်တစ်ပျက်နတ်များစသည်) ကို ကယ်တင်ရေးတို့ ကို ရရှိရန်ဆုံးဖြတ်ထားကြသူများ ဖြစ်သည်။

သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံ အဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာ နှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။

ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ် ၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာ များမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပေ။

အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်ပင် ဖြစ်သည်။ နိဗ္ဗာန်သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ ဖော်ပြပါ ထေရဝါဒဗုဒ္ဓဘာသာ၊ ဇင်ဗုဒ္ဓဘာသာ နှင့် မဟာယာနဗုဒ္ဓဘာသာ တို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမဩဝါဒများ ပါရှိကြသည်။
Tag : Craft, thaing
1 Komentar untuk "ကရာတေး နှင့် ဇင် ဗုဒ္ဓဘာသာ"

Thank you, mm-search. admin. This article is originally written by Myoma Myint Kywe (Karate Myint Kywe).
"ကရာတေး နှင့် ဇင် ဗုဒ္ဓဘာသာ" ကရာတေး ဆောင်းပါးသည် ဆိုရှိကိ ကရာတေးအသင်း နည်းပြချုပ် ဆရာ ဦးမြင့်ကြွယ် ( မြို့ မ မြင့်ကြွယ် ) ရေးသားတင်ပြခဲ့ သောသမိုင်းဝင် ကရာတေး ဆောင်းပါး Document တစ်ပုဒ်ဖြစ်သည်။ http://karateandknowledge.blogspot.com/p/normal-0-false-false-false-en-us-x-none_31.html ဂျူဒို အဖွဲ့ချုပ် Judo Federation ဖွဲ့စည်းပြီး ဆောင်ရွက်သကဲ့သို့ ကရာတေးကိုလည်း အဖွဲ့ချုပ် Karate Federation အဖြစ် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ဆရာ ဦးမြင့်ကြွယ်သည် က နိုင်ငံတော်အစိုးရသို့ စာဖြင့် စတင်ရေးသားအကြံပြုခဲ့သည်။

မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ ချုပ် အောင်မြင်စွာ မဖွဲ့ စည်းမှီ ၁၉၈၁ခုနှစ် ကာလကတည်းကပင် မြန်မာနိုင်ငံ ကရာတေးဒိုအဖွဲ့ ချုပ် ဖွဲ့ စည်းနိုင်ရေးအတွက် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ စာဖြင့်လည်းကောင်း၊ ၈.၆.၁၉၈၁ ကြေးမုံသတင်းစာ မှ တစ်ဆင့် ပြည်သူလူထုတစ်ရပ်လုံးသို့ လည်းကောင်း၊ ဆရာ ဦးမြင့်ကြွယ်သည် ဓာတ်ပုံနှင့် တကွ ရေးသားတင်ပြအကြံပြုခဲ့ပါသည်။ ဤကရာတေး ဆောင်းပါး သည် မြန်မာ့ကရာတေးလောက အတွက် Myanmar Karatedo Federation အတွက် သမိုင်းဝင်ကရာတေး ဆောင်းပါး Document တစ်ပုဒ်ဖြစ်ခဲ့သည်။ http://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%84%E1%80%B7%E1%80%BA%E1%80%80%E1%80%BC%E1%80%BD%E1%80%9A%E1%80%BA%E1%81%8A_%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%99#/media/File:Karate_Myint_Kywe_%28Myoma_Myint_Kywe%29_on_8.6.1981_in_Rangoon.JPG

MM-Search. Powered by Blogger.
Back To Top