.

ကိုယ့်ရွတ်ခဲ့သောမန္တန်ကို ပြန်ဖြေနည်း

လိုအပ်သည့်ပစ္စည်းများ ---

(၁) အနက်ရောင်ဖယောင်းတိုင်
(၂) စမ်းရေ (သို့) နေပူပူပြင်းပြင်းထဲမှ ရသောရေ (လုပ်ယူလို့မရပါ)
(၃) အနက်ရောင်ဖလားခွက်

ပစ္စည်းသုံးခုရရင်တော့ အစီအရင်လုပ်လို့ ရပါပီ.။

ဖယောင်းတိုင်ကို ဖလားထဲမှာ ထားလိုက်ပါ။ မီးမညှိပါနဲ့။ ပြီးနောက်
ဖလားထဲကို ရေကို ဖြည်းဖြည်းချင်းထည့်ပါ။ ဖယောင်းတိုင် မီးစာကို မရောက်မီ
မီတာအနည်းငယ်လောက်တွင် ရပ်လိုက်ပါ။ မိမိတို့ ပြုလုပ်သော ဖလားခွက်ပေါ်
မူတည်ပြီး ရေအနည်းအများ ပြောင်းလဲသွားလိမ့်မည်။ ထိုနောက်
အဲဒီဖလားခွက်ရှေ့မှာ ထိုင်ချလိုက်ပါ။ ထို့နောက် မိမိရဲ့မန္တန်ဘာကြောင့်
ပြတ်စေချင်ပါသလဲဆိုတဲ့ အကြောင်းရင်းကို နက်နက်ရှိုင်းရှိုင်း အာရုံပြုနေပါ။
မိမိရဲ့စိတ် နဲ့ မိမိရဲ့ရည်ရွယ်ချက်သည်လည်း ရှင်းလင်းနေရမည်။ ထိုနောက်
မိမိဘာကြောင့် မန္တန်ကို ပြန်ဖြေချင်သလဲဆိုတဲ့ရည်ရွယ်ချ
က်ကို အကျယ်ကြီး
ကျယ်လောင်စွာ အော်ရင်း ဖယောင်းတိုင်ကို ထွန်းညှိလိုက်ပါ။

မိမိစိတ်သည် ရေထဲတွင် ရှိသော ဖယောင်းတိုင်ရဲ့ မီးစာအတွင်းထဲကို
ရောက်ရှိနေပီး မိမိရွတ်ဆိုခဲ့သော မန္တန်ရဲ့စွမ်းအင်များ အနားသို့
ရောက်နေပီလို့ အာရုံပြုနေပေးပါ။
ဖယောင်းတိုင်သည် ရေဖြင့်ထိလို့ ငြိမ်းသွားသည့်အခါ ဖယောင်းတိုင်ကို
ယူလိုက်ပါ။ ဖယောင်းတိုင်ကို ရေထဲမှာ နစ်ပလိုက်ပါ။
ဖယောင်းတိုင်မီးငြိမ်းသွားသည်နှင့် မိမိရွတ်ဆိုခဲ့သော
မန္တန်၏စွမ်းအင်များသည် ပျောက်ဆုံးသွားမည် ဖြစ်သည်။ ဖယောင်းတိုင်ကို
မြေမြုပ်ပါ။ ရေကို အပေါက်တတစ်ခုခုထဲကို ထည့်ကာ သွန်ချလိုက်ပါ။
အစီအရင်ကတော့ ဒါပါပဲ။

အချို့လူများသည် မန္တန်များကို ရွတ်ဆိုတတ်ကြသည်။ အချိန်ခဏကြာလာသောအခါ
မိမိရွတ်ဆိုလိုက်သော မန္တန်ဖြင့် သူတစ်ပါးဒုက္ခအကြီးအကျယ် ရောက်သောအခါ
မိမိစိတ်သည် သနားလာသည်ဖြစ်စေ ၊ ဆက်ပြီး ဒုက္ခမရောက်စေလိုသော
စိတ်ရှိ၍ဖြစ်စေ မိမိရဲ့မန္တန်၏စွမ်းအင်ကို ပျက်သုဉ်းစေချင်ကြသည်။ သို့သော်
ပျက်သုဉ်းခြင်းဆိုတဲ့ မန္တန် နှင့် အစီအရင်ကို သိသူရှားပါးလှသောကြောင့်
တင်လိုက်ခြင်းသာ ဖြစ်ပေသည်။
Tag : Craft, spell
0 Komentar untuk "ကိုယ့်ရွတ်ခဲ့သောမန္တန်ကို ပြန်ဖြေနည်း"

MM-Search. Powered by Blogger.
Back To Top