.

ဦးအောင်(ဝိဇ္ဇာရသေ့)၏ သိဒ္ဓိပေါက်ဂါထာတော်

သောဘဂဝါဣတိပိ အရဟံ အရဟံဝတ သောဘဂဝါ၊
ယောဣမဿ ဧဝရူပဿ။
ဒုက္ခဿ ပဟာနာယ၊ဓမ္မံ ဒေသေတိ သုခဝတ
နိဗ္ဗာနံ၊ယတ္တ ဧဝရူပဿ ဒုက္ခံ။
နသံဝိဇ္ဇတိ ဧတေန သစ္စဝဇ္ဇေန သုခိမေ ဟောတုသဗ္ဗဒါ။

ဧတေနသစ္စဝဇ္ဇေန နတ္တိမယှံ
ဘယံ သဒါ သဗ္ဗဒေဝါစ ယက္ခာစ ဘူတပေတာစ ဇော်ဂနီ ရာဇမတ္တာ။
မနုဿာစ သဗ္ဗဒေဝါ ဝိနာမေန္တု ဒိသွာဝ ပိယတော စိတ္တံ၊ပုတ္တောဝ သိန္နေဟံမမ။
ဗုဒ္ဓဿ အာနုဘာဝေန သဒါဟောန္တု ပိယာမမ
ဧတေနပုညကမ္မေန ကာယသိဒ္ဓိ ပီယသိဒ္ဓိ ဓန
သိဒ္ဓိ အာရောဂျသိဒ္ဓိ အာယုသိဒ္ဓိ ပထဝီသိဒ္ဓိ ဥဒ
ကသိဒ္ဓိ အာကာသသိဒ္ဓိ ဣဒ္ဓိဝိဒသိဒ္ဓိ စိန္တာမယ
သိဒ္ဓိ ဣမေသံ ဒွာဒသသိဒ္ဓိနံ မမဝဍ္ဎန္တု။(မမဝတ်ထန်တု.ဟုအသံထွက်ပါ)။


အထက်ပါဝိဇ္ဇာရသေ့ဦးအောင်၏ ဂါထာတော်ကို နေ့စဉ်မနက်ည အမြဲမပြတ်ဝတ်ထား၍ရွတ်ဖတ်ပါ။ အထူးသဖြင့် အသက်သတ်လွတ် စား၍ နံနံက်စောစော အာရုဏ်တက်တွင် တထိုင်တည်းဖြင့် ၁၀၈ ခေါက် ရွတ်ဖတ်ပူဇော်ပွားများပါ။၁၀၈ရက်အဓိဋ္ဌာန်သစ္စာပြု၍ ရွတ်ဖတ်ပါ။
 

ဂါထာတော်ကြီး၏ အကျိုးမှာ
==================
သိဒ္ဓိအမျိုးမျိုးပေါက်ရောက်စေနိုင်ပြီး နတ်လူ သတ္တဝါအပေါင်း မိမိအားချစ်ခင်မြတ်နိုး စေနိုင်သည်။ အဆိပ်ရှိသတ္တဝါများ အစွယ်ရှိသတ္တဝါများ အခြားသောသားရဲတိရိစ္ဆာန်များ
မိမိအားချစ်ခင်စေသည်။ နတ်ဆိုးဘီလူးဆိုး စုန်းကဝေ အစိမ်းသူရဲများ ဘုတ်ပြိတ္တာ သရဲသဘက်များ မိမိအားချစ်ခင်စေသည်။ ဝိဇ္ဇာဇော်ဂျီ တပသီ အပေါင်းတို့ မိမိအားချစ်ခင်လေးစားလာမည်။ ဝိဇ္ဇာတို့တပ်အပ်သေအတတ်ပညာများ အက္ခရာများ သိဒ္ဓိများကို ပေးအပ်လာ
ကြကုန်လေသည်။ အလုးံစုံသော ဝိဇ္ဇာ တို့၏ နေရာဋ္ဌာနသို့ ရောက်ရှိရပြီး ဝိဇ္ဇာအပေါင်းတို့ မိမိ
အားဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပြီး မိမိအလိုရှိရာ တောင့်တတိုင်းပြည့်စုံပါလိမ့်မည်။
ယုံကြညလေးမြတ်စွာ ဤ ဂါထာကို ရွတ်ဖတ်ပူဇော်ပါ။ (ကိုယ်လက်သန့်ရှင်းစင်ကြယ်စေပြီး သန့်ရှင်းသောအဝတ်တို့ကို ဝတ်ဆင်လျှက် မြတ်စွာဘုရားအား ပန်းရေချမ်းအလင်း နံ့သာတိုင်များ ကပ်လျှူပူဇော်ကန်တော့ ၉ပါးသီလခံယူပြီး ရွတ်ဖတ်ပူဇော်ပါ) မိဘဆရာကန်တော့ပါ။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအတွက် ရည်စူး၍ ရေတော် အလင်းနံ့သာတိုင်များလည်း ကပ်လျှုပေးပါ။
Tag : Myanmar, spell

Related Post:

1 Komentar untuk "ဦးအောင်(ဝိဇ္ဇာရသေ့)၏ သိဒ္ဓိပေါက်ဂါထာတော်"

အသံထွက်​​လေးပါတွဲတင်​​ပေးပါလား ဆရာ

MM-Search. Powered by Blogger.
Back To Top