.

။ဆန္ဒပြည့်ဝစေသည့် ပဋ္ဌာန်းစေတီဖြင့် အလင်း တိုင်ပူဇော်နည်း။


အဓိဌာန်မဝင်မီ ကိုယ်လက်သန့်စင် (တတ်နိုင်လျှင်ရေချိုးပါ) သန့်ရှင်းသော အဝတ်တို့ကို
ဝတ်ဆင်၊ ရတနာသုးံပါးအား ပန်းရေချမ်းအလင်း နံ့သာတိုင်များသစ်သီး စသဖြင့် ကပ်လျှူပူဇော်
ကန်တော့ပါ။ မိဘဆရာကန်တော့ပါ၊ငါးပါးသီလခံယူ ဆောက်တည်ပြီးလျှင် မိမိ ဝီရိယနှင့် အခြေနေအရ
အဓိဌာန်ဝင်ပါ။ အလျှား၁၀လက်မ အနံ၇လက်မ ဖော်ပြထားသည့်ပုံကိုကော်ပီကူးပါ။ဘုရားရှေ့တွင်
သီးသန့်ခုံငယ်တလုးပေါ် ကော်ပီကူးထားသော စာရွက်ကိုတင်ပါ။ စာရွက်ကို မှန်အကြည်ဖြင့်ဖိထားပါ။
စာရွက်လုံပါစေ ။ဟေတုပစ္စယော အကွက်ပေါ်ဆီမီးခွက်ငယ်တင်ပါ။ ဆီမီးခွက်တွင် အလင်းတိုင် 

ထွန်းရပါမည်။ ထွန်းပြီးဘုရားလျှူပါ၊ ဟေတုပစ္စယောနိဒ္ဒေသ ကို ရွတ်ဖတ်ပူဇော်ပါ၊ အလင်းတိုင်မကုန်
မခြင်း ရွတ်ဖတ်ပူဇော်နေရပါမည်။ ဟေတုပစ္စယော ပြီးလျှင်အစဉ်တိုင်း အာရမ္မဏပစ္စယောကိုလည်း
ဤအတိုင်း ရွတ်ဖတ်ပူဇော်ရပါမည်၊ အလင်းတိုင်ကို ရွတ်ဖတ်မည့် အကွက်ပေါ်သို့ရွှေ့၍ ထွန်းရပါမည်။
၂၄ကွက်ပြည့်ကစေတီတဆူတည်ပြီးဟုမှတ်ပါ။ ကံအလွန်ညံ့နေသူများ လာဘ်ပိတ်နေသူများ ဘာလုပ်လုပ်အလွဲအခြော်ဖြစ်နေသူများ စီးပွားပျက်နေသူများ၊ မည်သည့်အခက်အခဲမဆို ပြေလည်အောင်မြင်ပါလိမ့်မည်။ ။ဘယ်နှစ်ရက်ကို
ဘယ်နှစ်ဆူ စသဖြင့်အဓိဌာန်ပြုပါ။။
Tag : Myanmar, myimm
3 Komentar untuk "။ဆန္ဒပြည့်ဝစေသည့် ပဋ္ဌာန်းစေတီဖြင့် အလင်း တိုင်ပူဇော်နည်း။"

နာမလည်းလို့ဆရာ ဟေတုပစ္စယော အလင်းတိုင်မကုန်မခြင်း ရွတ်ဖတ်ရမှာလာ

This comment has been removed by the author. - Hapus

ဖယောင်ုးတိုင်အကြီးကို ထွန်းပီး ဟေတုပစ္စယောနိဒ္ဒေသဆုံးပီး လုပ်နိုင်ပါသည်။ ထို့ကြောင့် ဖယောင်းတိုင်အတိုင်ကြီးတစ်တိုင်လျှင် ဘုရားနှစ်ဆူပြီးမြောက်ဆိုတာ ဆန်းစစ်ပြီး လုပ်ပါ။ မိမိသည် ဘုရားအဆူပေါင်း မည်မျှလုပ်မည်ဆိုပါက ဘယ်လောက်ဆိုပီး အဓိဠာန်မျိုးဖြင့် လုပ်ဆောင်ကြည့်ပါ.။

MM-Search. Powered by Blogger.
Back To Top