.

။ဘေးကင်း စမ။



ပြထားသည့် အရွယ်အစားတိုင်း (သို့)သင့်တော်မည့်အရွယ်စား ကော်ပီကူးပါ။ မြတ်စွာဘုရားအား ရေတော် ဆွမ်းတော်အလင်း နံ့သာတိုင်များ ကပ်လျှူ သီလခံယူကန်တော့ပါ။ အနန္တော အနန္တ ငါးပါး ရှိခိုးကန်တော့ပါ။
စမပုံ အောက်ဘက် လက်သည်းကွင်းပြထားသည့်နေရာတွင် မိမိအမည် ခဲတန်ဖြင့်ရေးပါ စမပုံအပေါ် ခဲတန်ဖြင့်ပါးပါးရေး တထပ်လိုက်ဆွဲပေးပါ။ ဤပုံ၂ခု ပြုလုပ်ရပါမည်။ ပြီးလျှင် စမပုံ၂ခု ကျောခြင်းကပ် ပလပ်စတစ် လောင်း၍ သွားလေရာ ဆောင်ယူသွားပါ။ ပိုက်ဆံအိတ် အင်္ကျီအိတ် ကျောင်းသူကျောင်းသားများ ကွန်ပါဘူး အတွင်းထည့်၍ ဆောင်ယူသွားပါ။ မည်သည့်နေရာမဆို ဆောင်ယူသွား၍ရပါသည်။ မော်တော်ယဉ်များ၊ကား ဆိုင်ကယ်၊ရေယာဉ် အခြားစက်တပ်ယဉ်များတွင်လည်း လက်သည်းကွင်းပြထားသည့်နေရာတွင် ကားနံပါတ်၊ဆိုင်ကယ်နံပါတ် စသည်တို့ ရေး၍ ထိုင်ခုံ အောက်မှလွဲ၍ သင့်သလိုဆောင်ယူသွားပါ။ မော်တော်ကားများ လေကာ

မှန်ဘေးထောင့်တွင်၎င်း နေကာပြားတွင်၎င်း ကပ်ထားပါ။
စက်ပစ္စည်း အမျိုးမျိုးကို အင်္ဂါနေ့ မနက်၉နာရီတွင် ပြုလုပ်ပါ ။ဆောင်ယူမည့်သူများ မိမိမွေးနေ့မနက်၉နာရီတွင်ပြုလုပ်ပါ။ ရန်အန္တရာယ် တိုက်မိခိုက်မိခြင်း တပါးသူမကောင်းသော အတတ်ပညာဖြင့် နှောင့်ယှက်ခြင်းများ တို့ဆေး ခပ်ဆေး ဖြင့် ပြုလုပ်မရခြင်းများ လာဘ်လာဘပွင့်ခြင်း စသည့်အကျိုးကျေးဇူး များရရှိပါလိမ့်မည်။ အထူးဖြင့် မိန်းကလေးများ ဆောင်ယူထားသင့်ပါသည်။တို့ဆေး ခတ်ဆေး မူးယစ်စေသော ဆေးအမျိုးမျိုးဘေးမှ အထူးကာကွယ်ပေးပါလိမ့်မည်။ ။ ။
Tag : Myanmar, myimm
0 Komentar untuk "။ဘေးကင်း စမ။"

MM-Search. Powered by Blogger.
Back To Top