.

အလမ္လူတမြွေပညာရပ်(ဂါထာမန္တန်ပိုင်း)

အလမ္လူတမြွေပညာရပ်(ဂါထာမန္တန်ပိုင်း)

---- မြတ်စွာဘုရားရှေ့တော်မှာ န၀င်္ဂသီလ(၉)ပါးကို (၉)ရက်တိတိ နေ့စဉ်ခံယူရမည်။ သတ်သတ်လွတ်ဆွမ်းတော် ကပ်လှူရမည်။ ပန်း ဆီမီး ရေချမ်း သစ်သီးဆွမ်းကပ်ရမည်။ အစာလွတ်ချည်မျှင်ကို လက်ညှိုးတွင် (၉)ပတ်ရစ်ပြီး.....................

*** “ ဥုံ ဣပလ၀ လဿ နဿ ဗုဒ္ဓေါ ၊ မဟာပလ၀ လဿ နဿ ဗုဒ္ဓေါ ၊ ဗုဒ္ဓေါ ၊ ဗုဒ္ဓေါ မေ သတ္တ ပါကာရေ သွားဟ” ***

-----ဆိုတဲ့ မန္တန်ဖြင့် (၃၇)အုတ်မန်းပြီး မျိုချရပါမည်။(၉)ရက်တိတိ လုပ်ဆောင်ရပါမည်။ (၉)ရက်ပြည့်ရင် ကျင့်စဉ်အောင်မြင်ပါသည်။ အကယ်၍များ သင်ဟာ ပညာပေးတဲ့ပုဂ္ဂိုလ်ဆိုလည်း သတ်သတ်လွတ်စားရပါမည်။ ကိုယ့်ဘာသာလုပ်မယ်ဆိုလည်း သတ်သတ်လွတ်စားရပါမည်။ ဆရာနဲ့ဆောင်ရွက်မယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် ရက်ပြတ်လို့ မရပါဘူး။

-----အဲဒီဂါထာမန္တန်ကို အမြဲရွတ်ဖတ်နေရပါမယ်။ ရက်ပြတ်ရင် ကျင့်စဉ်ပျက်ပါတယ်။ အစက ပြန်ယူရပါတယ်။ လမ္ဘူတမြွေပညာရပ်ပါပဲ။ ပညာယူပြီးတဲ့သူက (၅)ပါးသီလ အမြဲလုံခြုံရမယ်။ မလုံခြုံလို့ ဖောက်ပြန်မိရင် မျိုထားတဲ့ချည်မျှင်တွေက ဒွါရ(၉)ပေါက်ကနေ ထွက်တတ်ပါတယ်။ မယုံကြည်ဘဲနဲ့တော့ မစမ်းသပ်ပါနဲ့။ ဒီနည်းက အမှားမခံပါဘူး။

----ဆက်ပြီး အမိန့်ပြန်ပုံကို ပြောပြပေးပါမယ်။

“ ..........ကကုသန်ဂုံ ၊ ကောဏာဂုံ ၊ ကဿပဂုံ ၊ ဂေါတမဂုံ ၊ အရိမေတ္တယျဂုံ ၊ ဘုရားငါးဆူအမိန့် ၊ ဘုန်းဘုရားအမိန့် ၊ အထက်ဆရာအိတ် ၊ ဆရာဇ ၊ ဆရာဗိုသစ် ၊ ယိုးဒယား(ထိုင်း)ဆရာဖေ ၊ ယောထီးလင်းဆရာမြကြီး ၊ သဗ္ဗသိဒ္ဓိဆရာမြလေး ၊ သဗ္ဗသိဒ္ဓိဆရာကျော်တို့၏အမိန့်တော်။
..........ရှင်မဟာပုတ္တဂေသဂိုဏ်း ၊ န၀လောကုတ္တရာဂိုဏ်း ၊ ပထမံရုပ်ဂိုဏ်း ၊ ဒည၀တီဂိုဏ်း ၊ ပျောက်ပေဂိုဏ်း ၊ အလမ္ဘူတဂိုဏ်း ၊ ဘူရိတဂိုဏ်းတို့နှင့်တကွ ဘုရားငါးဆူအမိန့် ၊ အထက်ဆရာများအမိန့်............”

---------ဤကဲ့သို့ အမိန့်ပြန်ရပါတယ်။ မြွေနဲ့ပတ်သက်သမျှ အလွန်အစွမ်းထက်ပါတယ်။ လိုအပ်တဲ့အခါမှာ အသုံးပြုဖို့ ပြောချင်ပါတယ် ။ မြွေပညာအောင်ပြီးသူဟာ မြွေမှန်သမျှ နိုင်နင်းပါတယ်။ မြွေတွေကို အမိန့်ပေးစေခိုင်းလို့ရတယ်။ မြွေကိုက်ခံရတဲ့ဝေဒနာရှင်တွေကို “ ဥုံ ဣပလ၀ ” အစချီမန္တန်ဖြင့် သန့်ပြန့်သိမ်မွေ့တဲ့ အ၀တ်(သို့)ဆူးမရှိတဲ့ သစ်ခက်ကို (၇)အုတ်မန်းပြီး မြွေဆိပ်ကို ရိုက်ချရင် မြွေဆိပ်ကျပါတယ်။ ရေကိုအဲဒီမန္တန်ဖြင့် မန်း အမိန့်တော်ပြန်ပုံနှင့် ရွတ်ဖတ်ပြီး ခေါင်းကနေခြေဆုံး ရေမန်းနဲ့တောက်ချပြီး အဲဒီရေမန်းတိုက်လိုက်ပါက ပကတိပြန်ကောင်းသွားမည် ဖြစ်ပါသည်။

---------မြွေမှန်သမျှကို နိုင်ပါတယ်။ မြွေရိုင်းကို ခေါ်လို့ရပါတယ်။ ခိုင်းလို့လည်း ရတယ်။ ပညာယူထားတဲ့သူက သစ္စာသမာဓိရှိရပါမယ်။ အိပ်ရာဝင်တိုင်း အထက်ပါမန္တန်ကို တတ်နိုင်သမျှ ရွတ်ဖတ်ရမယ်။ အဆိပ်ရှိတဲ့သတ္တ၀ါတွေကို မေတ္တာထားရမည်။ မရိုက် မသတ် မစားသောက်ရပါဘူး။ ရှောင်ရမယ်။ ဆီမီး ၊ သတ်သတ်လွတ်ဆွမ်း ပန်း ရေချမ်း အမြဲကပ်လှူပေးရမယ်။

---မိုးကြယ်စင်--

*******အထက်ပါသည် ဂါထာမန္တန်ပိုင်းဖြစ်သည် နောက်တစ်ပိုင်းက အင်းပိုင်းဖြစ်သည်။ အင်းပိုင်းသည် အမှားခံသည်။ ဂါထာမန္တန်ပိုင်းသည် အမှားမခံပါ။ မြွေပညာရပ်သည် လောကီပညာရှင်များတွင် ပါဝင်သော ကြီးကျယ်သည့် ပညာရပ်တစ်ခုပင်ဖြစ်သည်။ ဒီပညာရပ်ဖြင့် မြွေများကို စေလွှတ်နိုင်ခြင်းကြောင့် ကြောက်စရာပညာရပ်လည်း ဖြစ်သည်။ ဒါပေမယ့် မှော်ပညာရှင်တိုင်း လောကီပညာရှင်တိုင်း သိသင့်သည်ထင်လို့ ကျွန်တော်ရေးသား ရခြင်းဖြစ်ပါသည်။ အကယ်၍များ တစ်ခုခု အမှားအယွင်းဖြစ်ပါက ကျွန်တော်နှင့်မဆိုင်ပါ။ အမှားမခံပါ။ ဒီပညာရပ်သည် အလမ္ဘူတမြွေပညာရပ်ဖြစ်သည်။****
Tag : Myanmar, spell

Related Post:

0 Komentar untuk "အလမ္လူတမြွေပညာရပ်(ဂါထာမန္တန်ပိုင်း)"

MM-Search. Powered by Blogger.
Back To Top