.

နံနှိမ်အင်းအစီအရင်


ဤ အင်းအစီအရင် ကိုနံနှိမ်အင်း ဟုခေါ်ရခြင်းမှာ မိမိအား ရန်လိုသူ ၊အတိုက်အခံပြုဖူးသူ၊ မလိုသောသူများ မိမိကိုမဆန့် ကျင်နိုင် အောင်နံနှိမ်၍ ပြုလုပ်စီရင်သော အင်းဖြစ်သဖြင့် နံနှိမ်အင်း ဟုခေါ် ဆိုခြင်းဖြစ်သည်။
အင်းဆန်ဂါထာ- ဇယန္တော ဗောဓိမူလေ၊ သကျာနန္ဒိ ၀ဍ္ဎနော၊ ဇယမေ၀ဇယောဟောတုမင်္ဂလံ။
(အင်းကို ၁၀၈ခေါက် မန်းပါ)
ဤ အင်း ကိုတရားတဘောင်ရင်ဆိုင် ရလျှင် လည်းကောင်း၊ မလိုမုန်းထားသူ၊ အတိုက်အခံရန်ပြုသူ ကိုနံနှိမ်လို လျှင် လည်းကောင်း စလောင်ဖုံး မှာ အင်းကိုချ၍မီးထွန်းပါလေ။
တစ်ဖက် သောသူမိမိနှင့် ရင်မဆိုင်နှိင် ။စကားပြန်မဆိုနိုင်။လက်မှိုင်ချ၍နေရ၏။ လုပ်ငန်းအပြိုင်အဆိုင်ဖြစ်နေ လျှင် အင်းစက္ကူကိုသက်စေ့ ပရိတ်ချည်မျှင် နှင့်မီးစာပြုပြီးထွန်းသော်
မည်သူမျှ မယှဉ်နိုင်။ ကိုယ်အနိုင်ရမည်။ ဉာဏ်ရှိတိုင်းသုံးနိုင်သည်။ စုန်းနတ်ပယောဂကိုလဲနိုင်သည်
Tag : logy, Myanmar
0 Komentar untuk "နံနှိမ်အင်းအစီအရင်"

MM-Search. Powered by Blogger.
Back To Top