တစ်ခါက အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် တောကစားထွက်ကြရာ တွင် နယ်ကျွံ့၍ အလွန်ကြမ်းတမ်းသော ဘီလူးသုံးဆယ်နေထိုင်သည့် နယ်မြေထဲသို့ ရောက်သွားလေ၏။ ထိုအခါ ဤဘီလူးသုံးဆယ်တို့သည်မင်းသားသုံးဦးတို့အား အန္တရာယ်ပြုဖို့ကြိုးစားကြပေသည်။ အဆိုပါအဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် မြေပေါ်တွင်စည်းတား၍ က ကြီးမှ အ အထိဗျည်း (၃၃) လုံး အနက် မှ နံပါတ်(၁၅) လုံးမြောက်ဖြစ်သော ဏ အက္ခရာကို ပထမမင်းသားတစ်ဦးမှ မြေပေါ်တွင် ထင်ရှားစွာ ရေးလေ၏။ ဒုတိယ မင်းသားတစ်ဦးမှ ဗျည်း (၃၃) လုံးအနက်မှ နံပါတ်(၂၄) လုံးမြောက်ဖြစ်သော ဘ အက္ခရာ ကို မြေပေါ်တွင် ထင်ရှားစွာရေးပြန်သည်။ တတိယမင်းသားက ဗျည်း(၃၃) လုံးအနက်မှ နံပါတ်(၂၇) လုံးမြောက် ဖြစ်သော ရ အက္ခရာ ကို မြေပေါ်တွင်ထင်ရှားစွာရေးပြန်၏။ အဆိုပါနံပါတ်(၂၇) သည် န၀င်းန၀င်းဖြစ်နေခြင်း ကြောင့် ရ ပေါ်တွင် ကိုးန၀င်းတင်၍ံ သေးသေးတင် သဖွယ်ရေးကြပြီး မင်းသားသုံးဦးတို့သည် ဥုံမ် ဏဘရံ ဘေးမရှိ ဟူ၍ မာန်အပြည့်ဖြင့် (၂၇) ခေါက် တိတိ ဥုံမ် ခံ၍ရွက်ဆိုကြလေ၏။
ထိုအခါ ဏဘရံ ဘေးမရှိ ဆိုသည့် စမ ၏ အစွမ်းကြောင့် ၊ အသံ ၏ အစွမ်းကြောင့် ၊ အလွန် ကြမ်းတမ်းသော ဘီလူးသုံးဆယ်တို့သည် ခုနှစ်နေ့ ခုနှစ်ည ကြိုးစားကြသော်လည်း မင်းသားသုံးဦးတို့အား ဖမ်းဆီး၍ မရ အန္တရာယ်ပြု၍ မရကြပေ။ မင်းသားသုံးဦးတို့မှလည်း ဘီလူးသုံးဆယ်နေထိုင်သည့်နယ်မြေထဲ မှ ထွက်၍ မရဖြစ်နေပေတော့သည်။ ထိုအခါ ဘီလူး သုံးဆယ် မှငါတို့နှင့်မင်းသားသုံးဦးတို့ပညာ ပြိုင်မည်။ ငါတို့ဘီလူးသုံးဆယ်နိုင်ပါက အသင်မင်းသားတို့၏ အသွေးအသားကိုစားမည်။ အသင်တို့နိုင်ပါက လည်းငါတို့ကို ကြိုက်သလို စီရင်ပေတော့ ဟုပြောဆိုရာ မင်းသားသုံးဦးတို့မှလည်း ဒါဆိုရင် အသင်ဘီလူး သုံးဆယ်နှင့်ငါတို့ သုံးဦးစုစုပေါင်း(၃၃) ဦး တစ်ဦ ဗျည်းအက္ခရာတစ်လုံးစီယူ၍တန်းစီကြမည်။ (၁) မှ (၁၀)ထိအကြိမ်ပေါင်း (၃၀) ရေတွက်မည်။(၁၀)ကျသူသည် သေကြရပေမည်။ နောက်ဆုံးဗျည်းအက္ခရာ သုံးလုံး ကိုင်ထားသည့် သုံးဦးသာကျန်မည် ဟုပြောဆိုရာ ဘီလူးသုံးဆယ်မှလည်း သဘောတူကြ၍ အပြန်အလှန်ကတိပြုကြလေ၏။ ဤကဲ့သို ကတိပြုကြသည့် အတိုင်းဘီလူး သုံးဆယ်နှင့် မင်းသားသုံးဦးတို့သည် ဗျည်းအက္ခရာ တစ်လုံးစီယူ၍ တန်းစီကြလေ၏။
ပထမမင်းသားတစ်ဦးသည် ´ဏ´ အက္ခရာကိုယူ၍ နံပါတ်`(၁၅) နေရာတွင် တန်းစီလေ၏။ ဒုတိယမင်းသားတစ်ဦးသည်လည်း ´ဘ´ အက္ခရာကိုယူ၍ နံပါတ် (၂၄) နေရာတွင် တန်းစီးလေ၏။ တတိယမင်းသားတစ်ဦးမှလည်း ´ရ´အက္ခရာကိုယူ၍ နံပါတ် (၂၇) နေရာတွင် အသီးသီးတန်းစီကြပြီး (၁) မှ (၁၀) ထိ အကြိမ်ပေါင်း (၃၀) ရေတွက်ရာ နောက်ဆုံးကျန့်သည့် သုံးဦးသည် ´ဏ´ အက္ခရာကိုင်ထားသည့် မင်းသားကျန်လေ၏။ ´ဘ´ အက္ခရာကိုင်ထားသည့်မင်းသားကျန်၏။ ´ရ´ အက္ခရာ ကိုင်ထားသည့် မင်းသားကျန်လေ၏။ အဆိုပါ အဌာရဿ (၁၈) ရပ်တတ်မြောက်သော မင်းသားသုံးဦးတို့သည် ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမ ၏ အစွမ်းကြောင့် ဘီလူးသုံးဆယ်နယ်မြေထဲမှလွတ်မြောက်၍ ဘေးမရှိဘဲမိမိတိုင်းပြည်သို့ ချောမောစွာပြန်လည်ရောက်ရှိလာပေ၏။
ဤအချိန်မှစ၍ ´ဏဘရံ ဘေးမရှိ´ ဆိုသည့် စမသည် အစွမ်းထက်၍ အသက်ဝင်လာခဲ့ပေသည်။ ဤကဲ့သို့အစွမ်းထက်၍ အသက်ဝင်ပြီးဖြစ်သည့် ´ဏဘရံ ဘေးမရှိ´ စမကို ကျွန်ုပ်နှင့်ဘ၀တူ လောကီဆရာများနှင့် လောကီပညာရပ်များကို ယုံကြည်သူများအနေဖြင့် ရွှေပြားမှာသော်လည်းကောင်း၊ ငွေပြားမှာသော်လည်းကောင်း၊ ကြေးပြားမှာသော်လည်းကောင်း၊ အခြားသော ရေး၍ရသောပစ္စည်းများပေါ်တွင် နေ့ကောင်းရက်မြတ်နှင့် အချိန်ကောင်း၊ အခါကောင်းများကို ရွေးချယ်ပြီး ´ဏဘရံ ဘေးမရှိ´ စမကို စီရင်၍ ခုနှစ်ရက်သားသမီးများအား အဆောင်အဖြစ်ပေးခြင်း၊ မိမိကိုယ်တိုင်ဆောင်ထားပါက ဘေးမရှိ ရန်မရှိသည် ဧကန်မုချပင်ဖြစ်ပေမည်။
အဆိုပါ ‘ ဏဘရံ ဘေးမရှိ ‘ စမ သည် နှစ်မျိုးရှိလေ၏။
ဤ ဏဘရံဘေးမရှိ စမ သည် မိမိ ဒေသမှ အခြားဒေသ သို့ သွားရောက်ရာတွင် လမ်းခရီး တွင် ဘေးမရှိရန်မရှိဘဲ ချောမောစွာသွားနိုင်ဖို့အတွက် ဆောင်ရမည့် စမ ဖြစ်သည်။
ဤ ‘ဏဘရံ ဘေးမရှိ ‘ စမ သည် ရေခြား၊ မြေခြား လူမျိုးခြား၊ ဒေသခြား၊ နိုင်ငံခြား တိုင်းပြည် များတွင် နေထိုင်သူများနှင့် အလုပ်လုပ်ကိုင်နေကြသူများ ၊ အဆိုပါဒေသမှ ပြန်လာသည့်ခရီးတွင် ဘေးမရှိရန်မရှိ ဘဲ ချောမောစွာ ပြန်လာနိုင်ဖို့ အတွက် ဆောင်ရမည့် စမ ဖြစ်သည်။
ဘေးရန်ရှိပါက ဒုတိယစမတော်ကို ပရင့်ထုတ် (သို့) ရေးဆွဲပြီး ဖယောင်းတိုင်မှာ ပတ်ပြီး မီးပူဇော်ပါ.။ ဘေးရန်ကင်းပါလိမ့်မည်..။
မိုးကြယ်စင်
0 Komentar untuk "ဏဘရံစမတော်"