.

Merlin Tarrot အကြောင်း


မေဂျာကတ် ၂၂ ချပ်စလုံးကို အရင်ကျွန်တော်တို့ တွေ့နေကြ တဲရော့တွေလိုမဟုတ်ဘဲ နံပါတ်တွေ အကုန်ပြောင်းထားပါတယ်။ တစ်ချပ်မှ မကိုက်ပါဘူး။ ကတ်တွေရဲ့ အစီအစဉ်ကတော့ ဒီအတိုင်း ဖြစ်ပါတယ်။

1. The Moon
2. The Sun
3. The Star
4. Fortune
5. Justice
6. Judgement
7. The Fool
8. The Magician
9. The Chariot
10. The Guardian (Devil)
11. The Tower
12. Death
13. The Hanged Man
14. The Hermit
15. The Innocent (Hierophant)
16. Temperance
17. The Emperor
18. Strength
19. The Empress
20. The Lovers
21. The Priestess
22. The Universe (World)




အထက်ကလို မေဂျာကတ်တွေရဲ့ အစီအစဉ်တွေကို အကုန်လုံးပြောင်းပစ်တာကို ဖဲထုပ်ကို ထွင်တဲ့ R. J. Stewart က သူ့ရဲ့ အညွှန်းစာအုပ်လေးမှာ ကောင်းစွာ ရှင်းပြထားပါတယ်။ ဒီကတ်တွေရဲ့ အစီအစဉ်ဟာ မာလင်ရဲ့ ဘဝဖြစ်စဉ်နဲ့အတူ စကြဝဠာကြီးအပေါ် မြင်တဲ့ သူ့ရဲ့ အမြင်တွေအပေါ် အခြေခံထားတာပါ။ အရမ်းကာရော၊ စိတ်ထင်သလို ပြောင်းထားတာ မဟုတ်ပါဘူး။

ဖဲထုပ်ထဲမှာ ကတ်ပြား အချပ် ၈၀ ပါပါတယ်။ အပို ၂ ချပ်က ဗေဒင်ဟောတဲ့အခါ အလွယ်တကူ လျှင်မြန်စွာ Reference လုပ်နိုင်ဖို့ ထည့်ပေးထားတဲ့ ကတ်တွေပါ။ 22 Paths of Tree of Life ပုံစံကို အနည်းငယ် ပြောင်းလဲထားတာလို့ ထင်ပါတယ်။

မေဂျာကတ်တွေ ပြီးတော့ မိုင်နာကတ်တွေကို ပြောပြချင်ပါတယ်။ “တုတ်၊ ခွက်၊ ဓါး၊ ဒင်္ဂါး” ဆိုတဲ့ သင်္ကေတတွေ တစ်ခုမှ မပါပါဘူး။ အဲဒီနေရာမှာ ဘာတွေ ဖြစ်လာသလဲဆိုတော့... “မြွေနဂါး၊ ငါး၊ ငှက်၊ သားရဲကောင်” စတာတွေ ဖြစ်လာပါတယ်။ ဒီတော့ သင်္ကေတလေးခုဟာ “Serpent, Fish, Bird, Beast” ဆိုပြီး ဖြစ်လာပါတော့တယ်။



ဒီလိုပြောင်းလဲရခြင်းကို ကျွန်တော် နားလည်တာက... ခွက်ဆိုတာ ရေဓာတ်ကို ကိုယ်စားပြုတာပါ။ ဒီတော့ ငါးအဖြစ်နဲ့ သူပြောင်းလိုက်တာလို့ ထင်ပါတယ်။ ဓါး ဆိုတာက လေဓာတ်ကို ကိုယ်စားပြုလေတော့... ငှက်ကို သူပြောင်းလိုက်တာ ဖြစ်ပါလိမ့်မယ်။ အလားတူပါပဲ မြေဓာတ်နဲ့ မီးဓာတ်ကို ကိုယ်စားပြုတဲ့ တုတ်နဲ့ ဒင်္ဂါးသင်္ကေတကို သားရဲကောင်နဲ့ မြွေနဂါးအဖြစ် ပြောင်းလိုက်တာ ဖြစ်ပါလိမ့်မယ်။ မိုင်နာကတ်တွေမှာ ရုပ်ပုံတွေမပါဘဲ သာမန်ကစားစရာ ဖဲချပ်လို ဖန်တီးထားပြီးတော့ ကတ်ပြားနာမည်တွေအစား Loss, Conflict စတဲ့ ကတ်တွေရဲ့ Key Words တွေကို ဖော်ပြထားပါတယ်။ ဒီတော့ အခက်အခဲ သိပ်မရှိဘဲ ဟောနိုင်မယ်လို့ ယူဆရပါတယ်။

ပါကင်ထုပ်ထားတဲ့ ဗူးထဲမှာ... ဖဲထုပ်တစ်ထုပ်ရယ် အညွှန်းစာအုပ် တစ်အုပ်ရယ်၊ ဂျာနယ်မှတ်စု စာအုပ် တစ်အုပ်ရယ် ပါပါတယ်။ အညွန်းစာအုပ်က တော်တော်လေး ပြည့်ပြည့်စုံစုံရှိပါတယ်။ ကတ်အဓိပ္ပာယ် (Divinatory Meaning) တွေတင်မကပါဘူး၊ မိတ်ဘက် မေဂျာကတ် (Partner Trumps) ဂြိုဟ်ခွင်နဲ့ ပတ်သက်တာ (Sphere & Planet) သက်ဆိုင်ရာ နတ်ဘုရားတွေ (God & Goddess Form) သက်ဆိုင်ရာ နံပါတ်တွေ (Related Number Cards) စတာတွေ အပြင် မူရင်း မာလင်ကျမ်းစာထဲက (Merlin Text) တွေပါ ထည့်ပေးထားပါတယ်။

Tag : astrology
0 Komentar untuk "Merlin Tarrot အကြောင်း"

MM-Search. Powered by Blogger.
Back To Top