ဒီအင်းစမတော်ကတော့ အတိုက်အခိုက်တွေကို တန်ပြန်တဲ့ အင်းစမတော်ပါ။
ဒီစမတော်ကတော့ အချစ်ရေး အိမ်ထောင်ရေး သာယာစေပါတယ်။
ရန်ဘေးဟူသမျှ လွတ်မြောက်စေတဲ့ အင်းစမတော်ပါ။
မိမိအိမ်မှ မနေစေချင်သူများကို ထွက်သွားစေတဲ့ အင်းစမပါ။
အိမ်ကနေ ထွက်သွားတဲ့သူကို ပြန်ခေါ်တဲ့ အင်းစမတော်ပါ
အလုပ်နေရာ အိမ်နေရာ မြဲစေပါတယ်။
ငွေကြေးပြေလည်စေသောအင်းစမတော်ပါ။
အမှု့ကိစ္စအတွက် သုံးတဲ့အင်းစမတော်ပါ။
သူခိုးဖမ်းတဲ့အင်းစမတော်ပါ။
စိတ်ထဲတွင် မီးတာက်မီးလျှံများ လောင်မြိုက်နေချိန်တွင် ထွန်းပါတယ်။
ဖုံးကွယ်နေသော ပစ္စည်းများကို ရှာဖွေရာမှာ သုံးပါတယ်။
မင်္ဂလာကိစ္စအောင်မြင်ရန် သုံးပါတယ်။
မိမိသဘောအတိုင်း တစ်ဖက်လူက လိုက်နာဆောင်ရွက်စေရန် သုံးပါတယ်။
ဒီအင်း
စမတော်ကိုတော့ ဣတ္ထိယ သဘာဝ အစွမ်းပြသော စမတော် ဖြစ်ပါတယ်။ ဘယ်လိုနေရာမှာ
အသုံးပြုရသလဲဆိုတော့ အမျိုးသမီးများအတွက် သီးသန့် ဖြစ်ပါတယ်။
အမျိုးသမီးတွေ အင်းအား သုံးတဲ့နေရာမှာ အသုံးပြုရပါတယ်။ အမျိုးသမီး တစ်ဦးဟာ
တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်မှု့ကို ခံနေရတယ်ဆိုပါစို့။ အဲဒီ
အနိုင်ကျင့်မှု့ကနေ လွတ်မြောက်ဖို့ ၊ မိမိဘက်က အသာစီးရဘို့ ၊ အနိုင် ပြန်လို
ချင်တဲ့ အခါမျိုးတွေမှာ သုံးသင့်ပါတယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း
အကျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးရမလဲဆိုပါတော့ ဖယောင်းတိုင်မှာ
ပတ်ပြီး မီးထွန်း ဆုတောင်းနိုင်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-zSkwGXqNqPc0IXZc92zbAYKx9jIvWIuIL_jVjEo3Y9kYYjRE4Xy8BIWAlVX6CA9EJtplhXigG4EfCN7INAo0N7XGrfGg_koTbl-l9iZRnAN86_CnrOPRNgtaFo7bGQEfIdCH3QNw7HS/s400/a+%288%29.gif)
ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိစ္စတွေမှာပဲ ဖြစ်ဖြစ် စွန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စတစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။
ဒီအင်းတော်ကြီးကတော့
ဝိမုတ္တိအရိယာ အင်းတော်ကြီးလို့ ခေါ်ပါတယ်။ အဘဘိုးမင်း ခေါင် စီရင်သော
ရန်ဘေးဟူသမျှ လွတ်ကင်းသော အင်းတော်ကြီးလို့ စာမှာပါတယ်။
ဝိမုတ္တိဆိုတဲ့အတိုင်း လွတ်မြောက်စေတဲ့ သဘောရှိပါတယ်။ ရန်အပေါင်း၊
ဘေးအပေါင်း ကနေ လွတ်မြောက်စေတယ်။ နောက်ပြီး စီးပွားရေး ။ လူမှု့ရေး အကျဉ်း
အကျပ်ကနေ လွတ်မြောက်စေတယ်။ စီးပွားရေး အခက်အခဲ ကြုံနေသူများ၊ ရန်အန္တရယ်
ဝိုင်းနေသူများ ၊လူမှု့ရေး အတိုက်အခိုက် ပေါများနေသူများ အသုံးပြုသင့်
ပါတယ်။ အဖမ်းအစီး ၊ အချုပ် အနှောင်ကြုံနေသူများနှင့် ၊ ကြုံမည်ကို
ကြိုတင်ပူပန် နေသူများ အတွက် သင့်တော် ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-zSkwGXqNqPc0IXZc92zbAYKx9jIvWIuIL_jVjEo3Y9kYYjRE4Xy8BIWAlVX6CA9EJtplhXigG4EfCN7INAo0N7XGrfGg_koTbl-l9iZRnAN86_CnrOPRNgtaFo7bGQEfIdCH3QNw7HS/s400/a+%288%29.gif)
ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိစ္စတွေမှာပဲ ဖြစ်ဖြစ် စွန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စတစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xEufmQudko2KgDW0JqTevy4YW_dXcvqfGGxpiImuJzNL_L-m96j90DcQOd4z2YHLMygt3RSe-iE_hrlQVvrdQ1qp9exYROjnAHVEZ_7zI63FRAPpjcUxySTvTkyLWVGhtC0esrVp2GHK/s400/a+%285%29.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfVaInWV4mTf1XB4t6YOJZuHFEqUpqPnWTk_r8Ss02FYh1zly2c78x53eQjTpPRYV0szF6vQa6gYqn4ZqOlAAQpHZPtrIIQmWQIrhnCuWVvDA_IsIy8gxTmiylJXT-isvVfE9dK3vortGl/s320/a+%284%29.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnlqYH720Tlc51llFZ37tZsBElXBmLPiHepn_RSqvMtrPbZEXjVqmCTcWLAM9ZjXyv1m-P0XCLENcxdXLjT4wWrOsPB6RujyC9V4IqdSGlZmy-3xXq5EIebLIdQ4qJ1B9jAGmevfKL_Dr/s320/a+%282%29.gif)
---အသုံးပြုပုံကတော့ ( အထက်ပါ အင်းစမတော်များကို ပရင့်ထုပ်ပါ။ ဖယောင်းတိုင်တွင် ပတ်ပါ။ အောက်ဖက်မှာ ကြွေပုဂံ ခံထားပြီး
မီးထွန်း ဆုတောင်းပါ။)---
1 Komentar untuk "လိုရာသုံးနိုင်ဖို့ အင်းစမတော်များ"
လိုရာသုံးနိုင်ဖို့ အင်းစမတော်များ - Myanmar Magick Searcher >>>>> Download Now
>>>>> Download Full
လိုရာသုံးနိုင်ဖို့ အင်းစမတော်များ - Myanmar Magick Searcher >>>>> Download LINK
>>>>> Download Now
လိုရာသုံးနိုင်ဖို့ အင်းစမတော်များ - Myanmar Magick Searcher >>>>> Download Full
>>>>> Download LINK