.

အမြန်ဆုံး ငွေဝင်စေမယ့် အစီအရင်

 
ကျွန်တော်တို့ ဘ၀မှာ အရေးတကြီး ငွေလိုတဲ့အချိန်ကာလဆိုတာ ရှိကြမှာပေါ့။ အခု အစီအရင်က အမြန်ဆုံး ငွေဝင်လာစေပါတယ်။ ဒီအစီအရင်ကို အလွဲသုံးစား မလုပ်မိဖို့နဲ့ လောဘတကြီး မလုပ်မိဖို့တော့ ကြိုတင်ပြီး မေတ္တာရပ်ခံပါရစေ။ အရေးတကြီး လိုအပ်တဲ့ ငွေပမာဏကိုပဲ ရရှိမှာ ဖြစ်တဲ့အတွက်ပါ။

ဒီအစီအရင်ကို လုပ်ဖို့ အတွက်ကတော့ ဆံပင်ရှည်မှ ဖြစ်ပါမယ်။ ဆံပင်တိုတဲ့သူတွေအတွက်ကတော့ သိပ် အဆင်မပြေလှပါဘူး။ မိမိကိုယ်ပိုင် ဆံပင်နဲ့ လုပ်ရမှာ ဖြစ်တဲ့အတွက်ပါ။ မိမိကိုယ်ပိုင် ဆံပင်ရှည်ဟာ ဒီအစီအရင်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ အကယ်၍ မင်းမှာ ဆံပင်တိုတိုပဲ ရှိတယ်။ ဒါမှ မဟုတ် ဆံပင် မရှိဘူးဆိုရင်တော့ သဘာဝ သိုးမွှေးချည်၊ အပ်ချည်ကို သုံးလို့ရပါတယ်။ သဘာဝချည် ဖြစ်ရပါမယ်။ ပြုလုပ်ထားတဲ့ ချည် မဖြစ်ရပါဘူး။
ခေါင်းကို ဘီးနဲ့ ဖီးပါမယ်။ ဆံပင်တွေကို ဘီးဖီးလိုက်လို့ ကျွတ်ပါလာတဲ့ ဆံပင်ရှည်စတွေကို အသုံးပြုမှာပါ။ ကျွတ်ပါလာတဲ့ ဆံပင်ရှည် (၉)ပင် သို့မဟုတ် (၉)ပင်ထက်များများ ရပြီဆိုတာနဲ့ ဒီအစီအရင်ကို စ လုပ်ပါမယ်။ အောက်မှာ ပေးထားတဲ့ ဂါထာကို ရွတ်ပါ။ အဲ.. ဘယ်ရက်မှာ လုပ်မလဲ ? လဆန်းရက် မှာ လုပ်ပါ။ အချိန် နေ့ဘက်ဖြစ်စေ ညဘက် ဖြစ်စေပေါ့။  ကောင်းပြီ ဂါထာ ရွတ်မယ်။
          Dear Lord and Lady,
          Please send money to me.
          Please send money to me,
          Dear Lord and Lady.
          Let the money come in an innocent way,
          Let harm come to none, for fulfilling
          This need for which I pray.
ဂါထာကို ရွတ်နေရင်းပဲ စောစောက မင်းရဲ့ ဆံပင်ရှည်တွေကို  ဆံပင် (၉) ချောင်းကို အရှည်လိုက် ပူးပြီး ကြိုးကျစ်သလို လက်ထဲမှာ လှိမ့်ပါ။ (ဆံပင် (၉)ချောင်းထက်ပိုလည်း ရတယ်) ဂါထာ ဆက်ရွတ်နေပါ။ ဆံပင်တွေ ပူးပြီး ကြိုးလိုဖြစ်သွားပြီဆိုရင်… ဒီဆံပင်တွေကို အထုံးလေးတွေ အထုံးလေးတွေထုံးပါမယ်။ အထုံးလေးတွေ ဘယ်လို ထုံးရမလဲ ဆိုတော့….

---1---6---4---8---3---7---5---9---2---

အဲဒီပုံစံ အတိုင်း ထုံးရမှာ ဖြစ်ပါတယ်။
ပထမ တစ်ထုံးကို ဘယ်ဘက်ထောင့်မှာ တစ်ထုံး၊
ဒုတိယအထုံးကို ညာဘက်ထောင့်မှာ ထုံးမယ်
တတိယ အထုံးကို အလယ်တည့်တည့်မှာ ထုံးမယ်
စတုတ္ထအထုံးက ၁ နဲ့ ၃ ကြားမှာ ထုံးမယ်
ပဉ္စမအထုံးက က ၂ နဲ့ ၃ ကြား
ဆဋ္ဌမအထုံး = ၁ နဲ့ ၄ ကြား
သတ္တမအထုံး = ၃ နဲ့ ၅ ကြား
အဋ္ဌမအထုံး = ၄ နဲ့ ၃ ကြား
နောက်ဆုံး န၀မအထုံးကိုတော့ ၅ နဲ့ ၂ ကြားမှာ ထုံးမှာ ဖြစ်ပါတယ်။ စုစုပေါင်း အထုံး (၉) ထုံးပေါ့။

ဒီလို အထုံးလေးတွေ ထုံးနေစဉ်မှာလည်း စောစောက ဂါထာကို ဆက်ရွတ်နေမှာ ဖြစ်ပါတယ်။ ဒီလို ထုံးနေရင်း ဂါထာရွတ်နေရင်းနဲ့ပဲ မင်းလိုအပ်တဲ့ ငွေကြေးတွေဟာ ကောင်းသောနည်းလမ်းတွေနဲ့ မင်းဆီကို ရောက်လာနေပြီဆိုတာ ယုံကြည်ရပါမယ်။ တွေးထင်နေရပါမယ်။ ကောင်းသောနည်းလမ်းဆိုတာ ဥပမာ မင်းဟာ ထီဆုလေး တစ်ဆုပေါက်မယ်။ ဒါမှ မဟုတ် လုပ်အားခ Bonus ရမယ်။ ဒါမှ မဟုတ် အခြားအခြားသော ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေတဲ့ နည်းလမ်းနဲ့ ငွေဝင်လာတာကို ဆိုလိုပါတယ်။ ထိခိုက်နစ်နာစေတဲ့ ငွေဝင်နည်းရော ရှိလို့လားဗျာ ဆိုရင်တော့ ရှိပါတယ်။ ဥပမာ အမွေရတာ။ မင်းအမွေရဖို့အတွက် ဦးလေးတို့ အဒေါ်တို့ အဖေတို့ အမေတို့ သေပေးရမှာလား? ဒါကို မင်းလည်း အလိုမရှိဘူးထင်ပါတယ်။ အထုံး (၉) ထုံးလည်း အစီအစဉ်အတိုင်း ထုံးရမယ်။ ဂါထာလည်း ရွတ်နေရမယ်။ အထုံး (၉) ထုံးပြီးသွားပြီ ဆိုရင် မင်းအလိုရှိတဲ့ငွေ အပြစ်ကင်းသောနည်းနဲ့ ရောက်လာပြီဆိုတာ စိတ်ကူးပါ။

ပြီးရင်တော့ အဲဒီ ဆံပင်ထုံးကို မြေမြှုပ်ပစ်ခြင်း၊ မီးရှို့ပစ်ခြင်း၊ တိုက်နေသော လေထဲမှာ လွင့်သွားစေခြင်း တစ်ခုခု လုပ်လို့ ရပါတယ်။ ဒီနောက်မှာတော့ Lord and Lady တွေကို လှူဒါန်းတဲ့အနေနဲ့ ပန်းသီးတစ်လုံး နဲ့ ဆေးလိပ်အချို့ကို မြေထဲမြှုပ်ပေးရပါမယ်။ ၀ိုင် (သို့မဟုတ်) နို့ ကိုလည်း မြေပေါ် လောင်းပေးရပါမယ်။ ဒါတွေ အားလုံး လုပ်ပြီးပြီ ဆိုရင်တော့ Lord and Lady တွေကို သူတို့ရဲ့ မေတ္တာ၊ ကူညီမှု၊ ထောက်ပံ့မှု၊ လမ်းညွှန်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ကိုယ်ပြောတတ်သလို ပြောပြီး အစီအရင် ပြီးဆံုးပါပြီ။ (အသံထွက်ပြီး ဖြစ်နိုင်ရင် ကျယ်ကျယ်အော်သင့်ပါတယ်။ ပါးစပ်က ပွစိ ပွစိ တိုးတိုးတိုးတိုး တော့ မပြောသင့်ပါဘူး။ စိတ်ထဲက ပြောလို့လည်း မရပါဘူး ) မကြာခင်အချိန်အတွင်း အမြန်ဆုံးအချိန်အတွင်းမှာပဲ မင်းဆီကို မင်းအရေးတကြီး လိုအပ်တဲ့ ငွေတွေဟာ အပြစ်ကင်းသောနည်းလမ်းနဲ့ ၀င်လာပါလိမ့်မယ်။
မိတ်ဆွေတို့ အားလုံး ကိုယ် စိတ် စီးပွား သုံးပါးမကြွင်း ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ…
0 Komentar untuk "အမြန်ဆုံး ငွေဝင်စေမယ့် အစီအရင်"

MM-Search. Powered by Blogger.
Back To Top