.

ဘီလူးမှော်သွင်းနည်း



ဘီလူးမှော် သွင်း ပုံသွင်းနည်း အမျိုးမျိုးရှိပါတယ်။


အင်း အသုံးပြု ခြင်း
စမအသုံးပြုခြင်း
ဂမုန်းစသော ဆေးပင် ဆေးဝါးတို့ဖြင့်အသုံးပြုခြင်း
ဂါထာမန္တာန် အသုံးပြုခြင်း တို့အနက်
ဂါထာမန္တန် အသုံးပြု၍ဘီလူးမှော်သွင်းခြင်း သည် အန္တရာယ်အနည်းဆုံးနဲ့ ပြုလုပ်ရန် အလွယ်ဆုံးဖြစ်ပါသည်။


လကွယ် ရက် တွင် စ၍ ပြုလုပ် ပြီးလပြည့် သောအခါတွက် အစီအရင် ပြီးဆုံးပါသည်။ လိုအပ် သည် မှာ ပြုလုပ်သူ တစ်ဦးတည်းသာလုပ် ရပါမည် ။ သူငယ်ချင်းများနှင့်လုပ်၍ မရပါ။ ဘီလူးအ စောင့် ရုပ်တု ရှိ သော ဘုရား တွင် လုပ် ရပါမည် ။ အချို့ လောကီဆရာများက အမဲသား တစ်ပိဿာ တွင် ဂါထာ ရေး၍ ဂါထာရွတ် ရင်း တစ်ထိုင် ထဲကုန် အောင် စားစေခြင်းမျိုး လုပ်ကြပါသည်။ အဲဒီနည်းကို အားမ ပေးပါ ။အစွမ်းထက်တာ ချင်း အတူတူ တကယ် တမ်း လက် တွေ့စွမ်းသောအခါ အခု ပြောမည့် အစီအရင် က အန္တရာယ် ပို ကင်း ပါသည်။


လကွယ် ည ဘုရား ရင် ပြင် တွင် ဆီမီးသက်စေ့ ပူဇော်ပြီး ဘုရားရှိခိုးငါးပါးသီလယူ ပါ စိတ်တည်ငြိမ် အောင် ပုတီး စိပ်ပါ ။ အပတ် ရေ မထားပါနှင့်။ စိတ်ငြိမ်လာပြီဆိုမှ မေတ္တာပို့အမျှဝေပြီးတိုင် တည် ပါ ။ဘီလူးမှော် သွင်းခြင်း သည် စိတ်ဓာတ် ရဲရင့် ကြံ့ခိုင် ပြီး အမျိုးကောင်းသားအမျိုးကောင်း သမီးပီသ ရန် အဓိက ရည် ရွယ် ပါသည်။ ဘီလုးမှော် အောင် ပါက လူပုဂ္ဂိုလ် အလယ် ရဲရင့်မည် အစားအစာ မရှားပါး သာသနာအတွက် လူမျိုးအတွက်သိတတ်လာမည် ။ ယောကျာ်း ကောင်း ယောက်ကျားမြတ် မိန်းမ ကောင်းမိန်းမမြတ် ဖြစ် လာမည် ဘီလူးမှော်သွင်း၍စိတ်ဓာတ် မကြမ်းတမ်းသွားပါ ရဲရင့် သောစိတ် အမှန်တရားကို ရဲရဲဝံ့ဝံ့ သိ သောစိတ်များသာဖြစ် လာပါမည်။


နွားနို့ အစိတ်သားခန့်ကို သွေးဆေးမှုန့်များဖြင့်  ရဲရဲနီ အောင် ရော ပါ ။ သွေးကဲ့သို့ ရဲရဲထ နေ အောင် ရော ပါ။ပြီးလျှင် ဇလုံထဲထည့် ထားပါ။ ဘု ရားရှိခိုး ပြီးသစ္စာ အဓိဌာန်ပြုပြီးနောက် အဲဒီဇလုံကို ယူ၍ ဘီလူး ရုပ်တု ရှေ့ကိုသွားပါ အမွှေးတိုင် ထွန်းလို့ ရရင် ထွန်းပါ အမွှေးတိုင် မထွန်း ရလျှင် ရေမွှေးဖြင့် ဖြန်းပါ ။ သွေးဆေးနွားနို့ ဇလုံကို ရုပ်တု ရှေ့မှာထား၍ ဤ ဂါထာ ကို သက် စေ့ရွတ်ပါ။


ဂန္ဓဗ္ဗရာ ဇော အန္ဒထူရ ရုက္ခမစ္ဆေဒ
တထော ဒသတ္တရော ဗေဒါဗျူ ကူလုံချတဿ မူအဟတ္တ
မဂ္ဂသုဇတော သိဒ္ဓေရုရု
မဟာပဗ္ဗတာ သဗ္ဗအဟမန္ဒသဒါ
ပီယံမမ ပီယံမမ ဝိဟာ ဝိဟာ
သောတိ အာဂစ္ဆန္တု ထက် ထက်


ထိုသို့ရွတ်ဆိုပြီး နောက် ဘီလူးရှေ့ ကို မိတ်ဆွေ သူငယ်ချင်းကို အ အေးဖျော်ရည် တိုက်သလို မိတ် ဆွေ သင့်ကို အာဟာရဒါနပြုပါတယ် သောက်ပါလို့ ပြောပြီး ရှေ့မှာချပေးပါ။ ပြီးရင် ဂါထာကို အာရုံ ရ သ လောက် ထပ် ရွတ်ဆိုပါ ။တ အောင့်ကြာ ရင် မိတ် ဆွေ သင့် စားကြွင်းစားကျန်ကို သင့်ငယ်သားတွေကိ စွန့်ပါ လို့ ပြောပြီး နွားနို့ တွေကို မြေကြီးပေါ် သွန်ချပြီး မ မြင်အပ်တဲ့သူတွေကို ဒါနပြုပြီး ထွက်ခဲ့ပါ။ 


သင့် နောက် က ဘာသံကြားကြားလှည့်မကြည့်ပါနဲ့ ။ချိုးချိုးချွတ်ချွတ် အသံ တွေကြား ရပါလိမ့်မယ် ။ ကြောက်ပြီးထွက် မ ပြေးပါနဲ့ ။နောက် နေ့ တွေ မှာလဲနွားနို့နဲ့သွေးဆေး ရောပြီး ဒါနပြုပေးပါ။ သစ်သီးကို လည်းဒါနပြုပေးနိုင် ပါတယ် လပြည့်တဲ့နေ့ အဓိဌာန်ပြီးတဲ့နေ့မှာတော့ စာရွက် ဖြူဖြူသန့်သန့် တစ် ရွက် နဲ့ ဘီလူးရှေ့မှာ သင့်နာမည် နဲ့ သင့်မွေးနေ့ကို ရေးပါ ။ပြီးရင် ခုနက ဂါထာကို ရေး ပြီးနှုတ် ကရွတ် နေပါ ။ မီးရှို့ပြာချပြီးနောက် ဘီလူးကို ကပ်ထားတဲ့နွားနို့ထဲက မဟုတ်ပဲ သီးသန့် သွေးဆေးနွားနို့ကို အိမ်က ဖျော်လာပြီး ပြာနဲ့ ရောပါ ပျားရည် နဲ့စပ်ပါ။ ပြီးလျှင် တော့ သင့် လျှာ ထိပ်က နေ လျှာရင်းထိ စိမ့်ဝင် အောင် သောက်ပါ အ လောတကြီးသောက်သလို မသောက် ပါနဲ့ တစ်ဖြည်းဖြည်း အသွေးအသားထဲစိမ့်ဝင် သွားပါစေ ။

 ပြီးရင် တော့ သင့် မိတ်ဆွေဘီလူး ကို သင် ပြုသမျှကုသိုလ် အမျှဝေပါ မေတ္တာပို့ပါ။ နောက်ပိုင်းနေ့စဉ်မပြတ်မကွက် ဂါထာကို ပုတီးတစ်ပတ် စိပ်ပါ။ ထူးခြားမှုကို သိချင် ရင် တော့ကိုယ် တိုင် သာစမ်းသပ်ကြည့်ပါ။ ဒါဟာဘီလူးမှော်ထဲမှာဝါသနာ ရှင် တွေအတွက် အဆင် အ ပြေဆုံးပါ။ ကျန်တဲ့ အမဲသားပေါ်အင်းချ ငုတ်တုတ်ထိုင် စားတာတွေ ဘီလူးဂမုန်း အပင် တစ် ရာ ရှာပြီးအောက်ချင်း ငှက် နဲ့ဆေးဖော်တာတွေက ခက်ပြီးတော့ အကုသိုလ်ဖြစ် ပါတယ် အောက် ချင်းငှက်ကို အရှင် သတ် ရတာ ပါ။ ဒါ ကြောင့်အဲဒီနည်း တွေကို အားမပေးပါ။ အဲဒီနည်း တွေမှာကျတော့ လူစင် စစ်က နေ ခွန်အားအဆမတန်ကြီးမားလာခြင်း ဆိုတဲ့အစွမ်း ရယ် မြေပြင် မှာအရိပ် မထင် မမော မပန်းသွားနိုင် တဲ့အစွမ်းတွေ တော့ ရပါတယ်။ ဒါပေမယ့် လက် တွေ့ကျကျ ကြည့် ရင် စီးပွားတက်ဖို့ ကျန်းမာဖို့ လုချစ်လူခင် ပေါ ဖို့ စတာတွေအတွက် က တော့အခုလို အန္တရာယ်လဲကင်းလုပ် ရတာလဲလွယ် တဲ့ မှော်ကိုသာအောင် ကြဖို့ လိုတယ် လို့ထင် ပါတယ်။
Tag : Myanmar, myths, spell
1 Komentar untuk "ဘီလူးမှော်သွင်းနည်း"

ဂါထာမူရင်းကိုပြ‌ေပးပါဘယ်စာအုပ်ကလဲသိချင်လို့ပါ

MM-Search. Powered by Blogger.
Back To Top