.

တေ့လွဲလွဲနေသော အလုပ်ကိစ္စများအတွက်

ဖယောင်းတိုင်ပေါ်တွင် ဖယောင်းတိုင်ဆင့်၍ ထွန်းရသော ယတြာဆန်းတစ်မျိုး

တစ်နေ့တွင် ရွှေဘုံသာ လမ်း၌ ကျင်လည် ကျက်စားနေသော ရတနာပွဲစား မညိုဆိုသူ ရောက်လာလေ၏ ၎င်းမညိုသည် ကျွန်ုပ်နှင့်တွေ့ လျှင် တွေ့ ချင်း “ဆရာရယ်… ဒီတစ်လလုံး မညို အလုပ် မဖြစ်ပါဘူး… အရင်ကဆို ညိုက ၀ယ်လက်ကို ရှောင်ပြီး ပြေးနေရတယ်…

အခုတော့ ညိုက သူတို့ကို လိုက်ရှာနေရတယ်… အလုပ်တွေ အားလုံး ကတော့ တေ့လွဲကလေး လွဲသွားတယ်။ အဲဒီလို ဖြစ်တာတွေ များနေပြီး…ညိုကို လုပ်ပေးပါဦး” ဟု ပြောလေတော့၏။ ကျွန်ုပ်လည်း မိုးကောင်းကင် ဆီသို့ မော့၍ မျက်စိမှိတ် ထားပြီးလျှင် အာရုံ တောင်းလိုက်လေ၏။

အာရုံထဲတွင် ဖယောင်းတိုင် အကြီးပေါ်၌ ဖယောင်းတိုင် အသေးဆင့်ကာ ဘုရားစင်တွင် မီးပူဇော် ထားသည်ကို တွေ့ ရလေ၏ ။ မညိုသည် အိမ်သို့ ပြန်သွားပြီးလျှင် ထိုအတိုင်း ပြုလုပ်လေ၏။ ထိုအခါ၌ တေ့လွဲ လွဲသွားသော ကိစ္စများသည် ပြန်၍ တေ့တေ့ဆိုင်ဆိုင် ဖြစ်လာလေတော၏။

ထို့ကြောင့် ကျွန်ုပ်အား ကျေးဇူးတင်သည်ဟု ဆိုကာ အချိန်မမှန်သော နံရံကပ် နာရီ တစ်လုံး တိုက်ဆွေး ဖြစ်နေသော မန္တလေး ပိုးလုံးချည် တစ်ထည်။ မှိုတက်နေသော ငါးသုံးလုံး ဆေးလိပ် တစ်တောင့်တို့ကို လာရောက်၍ ကန်တော့လေသတည်း…။ (မူရင်း-အဘမင်းသိင်္ခ) မည်သူမဆို မိမိတို့၏ လုပ်ငန်းဆောင်တာများ တေ့လွဲလွဲနေပါက ဖယောင်းတိုင် အကြီးတစ်တိုင်ပေါ်တွင် ဖယောင်းတိုင် အသေးတစ်တိုင် ဆင့်ပြီး မီးထွန်း၍ ဘုရားမီးပူဇော် ဆုတောင်းလိုက်ပါ။
Tag : Myanmar, myths

Related Post:

0 Komentar untuk "တေ့လွဲလွဲနေသော အလုပ်ကိစ္စများအတွက် "

MM-Search. Powered by Blogger.
Back To Top