.

* အနောက်တိုင်း လောကီအစီအရင် မက်ဂျစ်စကွဲယား *

M I L O N

I R A G O

L A M A L

O G A R I

N O L I M

အထက်ပါ အနောက်တိုင်းလောကီအစီအရင်ကို စာရွက်ငယ်တစ်ရွက်ပေါ်တွင် ရေး၍ နဖူးပေါ်တွင် အဝတ်တစ်ခုဖြင့် စည်းကာအိပ်ပါကသင်၏ အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်တို့ တွင် ဖြစ်ခဲ့ သော ဖြစ်လတ္တံသော အဖြစ်အပျက် အကြောင်းခြင်းရာတို့ကို အိပ်မက်အဖြစ် မြင်မက်ရတတ်သည်ဟုအဆိုရှိသည်။

အဆိုပါ မက်ဂျစ်စကွဲယား( Magic Square ) ခေါ်အနောက်တိုင်း လောကီအစီအရင်သည် အနောက်တိုင်း လောကီပညာ လေ့လာလိုက်စားသူတို့မသိမဖြစ် မဖတ်မဖြစ် ဖတ်ရမည့် ဖတ်သင့်သည့် “The Sacred Magic of Abramelin theMage” စာအုပ်မှ မက်ဂျစ်စကွဲယား တစ်ခုဖြစ်သည်။ မူရင်းစာအုပ်မှာ ပြင်သစ်လို ဘာသာပြန်ထားသော( ၁၈ ) ရာစုက လက်ရေးမူသာဖြစ်ပြီး မူရင်းအစစ်မှာ ၁၄၅၈ ခုနှစ်က ဟီးဘရူးဘာသာဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။

နာမည်ကျော်“ရွှေအာရုဏ်ဦး” ဂန္ဓာရီဂိုဏ်းကို တည်ထောင်ခဲ့သည့် “မက်ဂရီဂိုမက်သားစ်” ( Mac GregorMathers ) က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ ( ၂၁ )ရာစုအနောက်တိုင်း လောကီပညာရှင်အားလုံးလိုလို၏ အစီအရင်လုပ်ထုံးလုပ်နည်းများသည် ထိုစာအုပ်၏ အငွေ့ အသက်မကင်းပါ။

ကမ္ဘာကျော်လောကီပညာရှင်“အလိုင်ယက်စတာခရိုလေ” ၏ အယူအဆ အစီအရင်များသည်လည်း ဤစာအုပ်၏ သြဇာမကင်းပါ။

“အက်ဘရာမယ်လင်”( Abramelin ) ဆိုသူမှာ သူ့ ခေတ်သူ့ အခါက အထူးထင်ရှားသော လောကီပညာရှင် ဖြစ်သည်ဟု မှတ်တမ်းများကဆိုသည်။သူသည်ကိုယ်ပျောက်စွမ်းရည် ကောင်းကင်တွင်ပျံနိုင်သည့်စွမ်းရည် လိင်တို့ ကိုပြောင်းလဲနိုင်သည့်စွမ်းရည်သတ္တိများစွာကို ပိုင်ဆိုင်သည်ဟု ဆိုကြသည်။

“အက်ဘရာမယ်လင်”၏ ထင်ရှားသော မက်ဂျစ်စကွဲယား အချို့ ကို ဖေါ်ပြပါမည်။

R O L O R

O B U F O

L U A U L

O F U B O

R O L O R



အထက်ပါမက်ဂျစ်စကွဲယားသည် ကောင်းကင်တွင် ကျီးကန်းကဲ့ သို့ ပျံသန်းစေနိုင်သည် ဟု ဆိုပါသည်။“ROLOR” ဆိုသည့်စကားစုသည် ဟီးဘရူးဘာသာ “ROL”မှဆင်းသက်လာခြင်းဖြစ်မည်ဟုခန့် မှန်းကြသည်။ ဟီးဘရူးဘာသာအရ “ROL” ဆိုသည်မှာ လျင်မြန်စွာရွေ့ လျားစေခြင်းဟု အဓိပ္ပါယ်ရပါသည်။

N A Q I D

A Q O R I

Q O R O Q

I R O Q A

D I Q A N

အထက်ပါမက်ဂျစ်စကွဲယားမှာ အပွင့်ဓါတ်ရှိသည်။ ဆောင်ထားပါက စန်းပွင့်သည်ဟုဆိုပါသည်။



A L M A N A H

L

M A R E

A A L B E H A

N

A R E H A I L

H A

အထက်ပါမက်ဂျစ်စကွဲယားမှာ တရားတပေါင် ရင်ဆိုင်ရာတွင် အနိုင်ရစေသည် ဟု ဆိုပါသည်။ မိမိစကား အောင်သည်ဟုလည်းဆိုနိုင်ပါသည်။ မက်ဂရီဂိုမက်သားစ် နှင့် အလိုင်ယက်စတာခရိုလေ တို့ အမှုဖြစ်ရာတွင် ခရိုလေက အထက်ပါ မက်ဂျစ်စကွဲယားကို သုံး၍ အနိုင်ယူခဲ့သည်ဟု ဆိုပါသည်။



အောက်ပါမက်ဂျစ် စကွဲယား များကို မဖေါ်ပြတော့ပါ - ကျော်လိုက်သည်။

မြင်သူအမုန်းပွား တကျက်ကျက်ရန်ဖြစ်စေသည့် မက်ဂျစ်စကွဲယား -
ဆောင်ထားသူကို ကောင်းကျိုးတစ်ခုမျှ မပေးသည့် မက်ဂျစ်စကွဲယား -
ဆန့် ကျင်ဘက် လိင် တို့ ချစ်ခင်စေသော မက်ဂျစ် စကွဲယား -

S A T O R

A R E P O

T E N E T

O P E R A

R O T A S

အထက်ပါမက်ဂျစ်စကွဲယားကို ရှေးခေတ်အိမ်ဟောင်းကြီးများ၏ နံရံတွင်တွေ့ ရသည်က များ၏။ နံရံတွင်ရေးထားသော ( သို့ ) ချိတ်ဆွဲထားသော အိမ်ခန်းထဲတွင် မည်သည့် မကောင်းသော ပယောဂများ ခိုအောင်းမနေနိုင်အောက်လမ်းပညာများနှင့်လည်း လုပ်၍မရပါ ဟုဆိုသည်။ သစ်သားပြားတစ်ခုပေါ်တွင်ရေးထားပြီးမီးပုံထဲသို့ ပစ်ထည့်ပါက မီးငြိမ်းစေနိုင်သည်ဟုလည်း ဆိုပါသည်။

( ၁၈ )ရာစုဝန်းကျင်က မီးသတ်သမားများ အမြဲတစေဆောင်ထားကြသည်ဟု မှတ်တမ်းများရှိပါသည်။
0 Komentar untuk "* အနောက်တိုင်း လောကီအစီအရင် မက်ဂျစ်စကွဲယား *"

MM-Search. Powered by Blogger.
Back To Top