.

မြွေနိုင်မှော်ဝင်သိဒ္ဓိကျင့်စဉ်

ဤမြွေနိုင်မှော်ဝင် သိဒ္ဓိကျင်စဉ်မှာ အဓိကအားဖြင့် ခန္ဓာသုတ်ပရိတ်တော်ကို အခြေခံ၍ ကျင့်ကြံအားထုတ်ရသော ကျင့်စဉ် ဖြစ်ပါသည်။ ဤမြွေနိုင်မှော်ဝင် သိဒ္ဓိကျင့်စဉ် ကိုကျင့်လိုသူသည်

၁ ။မြွေသားမစားဖူးသူ၊ မြွေမသတ်ဖူးသူဖြစ်ရမည် ။

၂ ။ ကံ၅ပါး ၃ပါးသောကံကိုသစ္စာအဓိဋ္ဌာန်ပြု၍ဆောက်တည် ထိန်းနိုင်သူဖြစ်ရပါမည်။

၃ ။ ဤမြွေနိုင်မှော် ၀င်သိဒ္ဓိကျင့်စဉ် ပြီးနောက်မိမိတသက်လုံး မြွေများကိုဖမ်းစီးညဉ်းဆဲနှိပ်စက်
သတ်ဖြတ်ခြင်းမပြုပါ ။မြွေသား မစားပါ ဟုအဓိဋ္ဌာန်းပြုနိုင်ရမည်။(အချို့ ဆိုလျှင် မြွေသားမျှသာမက ပဲလင်မြွေသီး၊ငါးမြွေထိုး စသည့်မြွေစကားအခေါ်အဝေါ်ပါသည့်အရာများကို
မစားကြတော့ပါ။ ပို၍တန်ခိုးထက်သည်ဆိုပါသည်) ။

(က)မြွေမှော်ဝင်သိဒ္ဓိကျင့်စဉ်ဆောင်ရွက်ပုံအဆင့်ဆင့်

၁။ ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာ အနန္တောအနန္တငါးပါး ကန်တော့ပွဲ၊ စတုမဟာရာဇ်နတ်မင်းကြီး လေးပါးတို့ အားတစ်ပွဲ ။ ဤမြွေမှော်သိဒ္ဓိဝင်ကျင့်စဉ် စီရင်ခဲ့သောဆရာကြီးများ အားပူဇော်ကန်တော့ပွဲတစ်ပွဲ။ထိုသို့ ကန်တော့ပွဲ၃ပွဲ ပေးပီးနောက် ကျင့်စဉ်ဆောင်ရွက်မည့်သူသည် ကိုယ်လက်သန့် စင် သပ်ရပ်စွာဝတ်ဆင်ပီး ဘုရာရှိခိုး ၊ငါးပါးသီလခံယူ။ ထို့ နောက် ပရိတ်တော်ပါ နတ်ပင့်ရွတ်ပြီးမေတ္တာသုတ် သုံးခေါက်ရွတ်ပါ။ ပြီးလျှင် အောက်ပါ အတိုင်း အဓိဋ္ဌာန်ပြုပါ။
ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါး၊မိဘ၊ဆရာသမား တို့ အား ဦးထိပ်ထား၍
လည်းကောင်း၊ မြွေမှော်သိဒ္ဓိဝင်ကျင့်စဉ်ကိုစီရင်ထားရှိခဲ့သော ဆရာသခင် ကျေးဇူးရှင်အပေါင်း
အားဦးထိပ်ထား၍ လည်းကောင်း၊ ဓတရဋ္ဌ၊ကုဝေရ၀ိရူပက္ခအစရှိသော
စတုမဟာရာဇ်နတ်မင်းကြီးလေးပါး နှင့်တကွ တန်းခိုးကြီးသော ဣဒ္ဓိမန္တ အထက်နတ်မင်း တို့ အား သက်သေထား၍ လည်းကောင်း ကျွန်ုပ်သည် ယနေ့ မှစ၍ အသက်ထက်ဆုံးမြွေ
သတ္တ၀ါ တို့ အားဖမ်းဆီးခြင်း၊ ညဉ်းဆဲခြင်း ၊သတ်ဖြတ်ခြင်း ယင်းတို့ ၏အသွေးအသားကိုစား
သောက်ခြင်း တို့ ကိုရှောင်ကြဉ်ပါမည်။ဤမြွေမှော်ပညာဖြင့် သတ္တ၀ါတို့ အားမေတ္တာထား၍
ကယ်တင်ကူညီပါမည်။ငွေကြေးဥစ္စာလာဘ်လာဘ တောင်းယူခြင်းမပြုပါ။ ဤနေ့ မှစ၍မြွေမှော်ကျင့်စဉ်ကို ၄၉ရက်တိတိ မပျက်ကွက်မမှားယွင်းအောင် ကျင့်ကြံအားထုတ်ပါမည်။ ဤမှန်ကန်သော သစ္စာအဓိဋ္ဌာန်ပြုချက်ကြောင့် အကျွန်ုပ် အားနတ်မင်းကြီးလေးပါး ၊နတ်နဂါးမင်းကြီးများ ၊ဣဒ္ဓိမန္တ တန်းခိုးကြီးနတ်မင်းအပေါင်းတို့ သည် အကျွန်ုပ်အား ပညာများပေးကြပါစေသတည်း။ နေ့ ညမပြတ်စောင့်ရှောက်ပါစေသတည်း ဟုသစ္စာဆိုအဓိဋ္ဌာန်ပြုကာအောက်ဖော်ပြပါ အချက်များအတိုင်းလိုက်နာကျင့်ကြံ ဆောင်ရွက်ရမည်။

၁ ။ နံနက်၊နေ့ လည်၊ည သုံးချိန်သုံးခါ ခန္ဓာသုတ်ပရိတ်တော်ကို ၁၀၈ ခေါက်ရွတ်ရပါမည်။

၂ ။မေတ္တသုတ် တော်ကို နံနက်၊ည ၇ခေါက်စီ ရွတ်ရပါမည်။

၃။ နေ့ စဉ်သက်သက်လွတ်သာ စားရမည်ဖြစ်ပြီး မစားမီပန်းကန်အားကိုင်၍ အနန္တောအနန္တငါးပါး ကိုရည်မှန်း၍ဆက်ကပ် ပြီးနောက် ခန္တသုတ်ပရိတ်တော်နှင့် ၉ခေါက်ရွတ်
ပြီးမှစားရပါမည်။ ထမင်းစားနေစဉ် စကားမပြောရပါ။ ထမင်းကိုလည်းထည့်ထားသည့်ထမင်း
တစ်ပန်ကန်သာစားရမည်။ ထပ်မထည့်ရ ။တထိုင်းတည်းအပြီးစားရမည်။

၎ ။ ရေသောက်လျှင် ထိုနည်းတူ ခန္ဓာသုတ်ပရိတ်တော်ကို ၉ခေါက်မန်းပီးသောက်ရမည်။ ရေဘူးထဲရေထည့်ပီး ၁ခါတည်းမန်းထား ရေဆာလျှင် ၎င်းမန်းထားသော ရေကိုသာ သောက်ပေးလျှင်လဲဖြစ်သည်။

၅ ။ကျင့်စဉ် ကာလတွင်းအိမ်ထောင်ရှိသူများသားမယားနှင့် အတူမအိပ်ရပါ။

၆ ။ ကျင့်စဉ် ကာလအတွင်း မသန့် သောနေရာများသွားခြင်း ။ကြိုးတန်း ၀ါးတန်းများအောက်လျှို
သွားခြင်း ။အိမ်အောက်များသို့ ဝင်ခြင်းမပြုရပါ (နှစ်ထပ်အိမ်ကိုမဆိုလိုပါ။)

၇။ ကျင့်စဉ်မှန်ကန်၍ ရက်အတန်ကြာလျှင် မြွေများလာတတ်ပါသည်။ ကြောက်ရန်မလိုပါ။ မေတ္တာပို့ ပေးရုံဖြင့် ပြန်သွားပါလိမ့်မည်။

၈ ။ နေ့ စဉ် ဘုရားရှိခိုးပြီးတိုင်း ကောင်းမူကုသိုလ်တို့ အား အမျှပေးဝေပါ။ ဆုတောင်းဆုယူပြုပါ။


(ခ)မြွေမှော်ဝင်သိဒ္ဓိကျင့်စဉ်၏အကျိုး

၄၉ ရက် အဓိဋ္ဌာန် မြွေမှော်ဝင်ကျင့်စဉ် ပြီးသွားပါက မိမိမှော်ဝင်ကျင့်စဉ်အောင်။မအောင် ကိုဤသို့ စမ်းသပ်ပါ။ လူသူကင်ရှင်းသေားနေရာ တောစပ် ကွင်းစပ် စသည်တို့ တွင်သွားရောက်
၍ ခန္ဓသုတ်ပရိတ်တော်ကို ၉ခေါက်ရွတ်ပြီးလျှင် မိမိအလို ရှိသော နေရာအကျယ်အ၀န်းကိုရည်
မှန်းသတ်မှတ်၍ (ဤနေရာအရပ်အသီးသီးတို့ ၌ရှိသော မြွေအပေါင်းတို့ သည် ငါယခုရှိရာနေရာသို့ အမြန်လာရောက်စုဝေးစေရမည်။ မလာရောက်ရှိသော မြွေဆိုးတို့ ဒဏ်သင့် စေ)
ဟုအမိန့် ပြန်ခေါ်ပါလေ ။

ထို အခါ မိမိသတ်မှတ်ထားသောနေရာ ၀န်ကျင်ရှိမြွေများလာရောက်ကြကြောင်းတွေရပါလိမ့်
မည်။ ထို့ နောက်မိမိက ပြန်ကြဆိုလျှင် ပြန်သွားကြလိမ့်မည်။ အကယ်၍ လာရောက်ခြင်းမရှိ
ပါက မိမိကျင့်စဉ်တွင် ဘယ်နေရာ၌မှား နေခဲ့ သည်ကို ပြန်၍သုံးသပ်ပီးအစမှပြန်ကျင့်ရပါမည်။
ဤမြွေမှော်ကျင့်စဉ်းအောင်မ်ြငပါက မြွေများကိုခေါ်နိုင်၏။စေနိုင်ခိုင်နိုင်၏ ။မြွေကိုက်ခံရသူ လူနာကို ထမင်းရေစသည်တို့ ကိုခန္ဓသုတ်ရွတ်၍ မေတ္တာစိတ်မွေးပြီး ကျွေးလိုက်တိုက်လိုက်ပါက
မြွေဆိပ်ပြေ၏ ။ လူနာချမ်းသာရာရ၏။ ကိုက်သည်မြွေကို ခေါ်၍အဆိပ်ကိုပြန်စုပ်ခိုင်နိုင်၏။
ကျင့်စဉ် ပြီးနောက်ခန္ဓသုတ်ပရိတ်ကို မပြတ်ထုံမွမ်းနေအောင်ပွားများပါက မိမိလက်နှင့်ကိုင်သမျ
ဆေးဖြစ်၏။ မြွေကိုက်ခံရသူများ အဆိပ်ရှိသောသတ္တ၀ါကိုက်ခံရသူများ မိမိလက်နှင့်သပ်ချရုံဖြင့်
ပျောက်ကင်းသက်သာစေနိုင်၏။

(တြိရတနာ-ဆရာဇေယျလင်း)
Tag : logy, Myanmar
1 Komentar untuk "မြွေနိုင်မှော်ဝင်သိဒ္ဓိကျင့်စဉ်"

ခရစယန်တစ်ယောက်အနေနဲ့ဘယ်လိုကျင့်ရမလဲ

MM-Search. Powered by Blogger.
Back To Top