.

တရုတ်တောက်ဝါဒ အဆောင်များကို မည်ကဲ့သို့ အလုပ်လုပ်သနည်း. (How Tao Talismans Work)

တရုတ်တောက်ဝါဒအဆောင်များရေးဆွဲခြင်းရဲ့သမိုင်းကြောင်းကို လေ့လာကြည့်မယ်ဆိုပါက နှစ်ပေါင်းငါးထောင်ကျော်အကွာတွင် စတင်ရမည်ဖြစ်ပေသည်။ အဆောင်များတွင်ပါဝင်သောသင်္ကေတများတွင် စကြာဝဠာရဲ့လျှို့ဝှက်နက်နဲမှုများ ပါဝင်သည်။ ဘယ်လောက်ပဲ နှစ်ပေါင်းကြာရှည်တယ်ပဲပြောပြောပါစေ။ အဆောင်များသည် အသံလှိုင်းဆိုင်ရာစွမ်းအင်ခိုအောင်းမှုများ ၊ စကြာဝဠာဆင့်ကဲဖြစ်သောစွမ်းအင်များ နှင့် လူသားတို့ရဲ့ဘ၀ပြိုင်ပွဲများအပေါ် ဆောင်ယူသူလူသားရဲ့စိတ်ဓာတ်ခိုင်မာမှုများကို အခြေခံထားသည်။ သင်္ကေတများနှင့်ပတ်သက်ပြီးတော့လည်း တောက်ဝါဒတွင် ဖြေရှင်းစရာရှိပါသည်။ အဲ့ဒါကတော့ အစက်ကလေးတစ်စက်သည် စကြာဝဠာတစ်ခုဖြင့် ညီမျှပြီး မျဉ်းတိုလေးသည် ကောင်းကင်ဘုံဖြင့် ညီမျှသည်ဟု တောက်ဝါဒက ဆိုပါသည်။ တောက်ဝါဒ၏အဆောင်များသည် လူသားအကျိုးအပေါ် မည်ကဲ့သို့ အကျိုးဖြစ်ထွန်းစေနိုင်သလဲဆိုတော့ ကျွန်တော်တို့ အဆောင်များရဲ့နောက်ကွယ်မှ ဖြစ်ရပ်များ နှင့် သီအိုရီများကို ရှင်းလင်းဖို့ လိုအပ်ပါလိမ့်မည်။

chinese symbol,chinese calligraphy,chinese religion,Buddhism,Taoism, increase energy,black magic,white magic, magic spell, protection, talisman amuletပထမဆုံးကျောက်ခေတ်က ဂူအောင်းလူသားများသည် သူတို့ရဲ့တုတ်ချောင်းများဖြင့် ကျောက်နံရံများတွင် သူတို့စိတ်ထင်ရာ ပုံစံများ အရုပ်များ အကွက်များ ခြစ်ရာများကို ရေးဆွဲခဲ့ကြသည်။ ဒီအရာများသည် သင်္ကေတများရဲ့အစဖြစ်ပေသည်။ ဒီသင်္ကေတများသည် သူတို့ကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုကို ရည်ညွှန်းလေသည်။ ဒီလိုမျိုး အလိုလိုသိမြင်လာမှုများကြောင့် လူသားများသည် သင်္ကေတတွေများကို သူတိုရဲ့ကိုယ်ပိုင် အယူအဆများကို ရုပ်ပုံများဖြင့်ဖော်ပြခြင်းဖို့အတွက်သာမက သူတို့ရဲ့ကိုယ်ပိုင်ဘ၀တွေပါ ထိန်းချုပ်နိုင်ဖို့အထိပါ အသုံးပြုလာခဲ့ကြသည်။ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက အဆင့်ဆင့်ပြောင်းလဲလာနေသဖြင့် ပြောင်းလဲမှုများ နှင့် ဘယ်လိုဖြစ်ပျက်နေမှုများကို မှတ်သားဖို့အတွက် စကားလုံးများ နဲ့ နာမည်များကို မှတ်တမ်းများအဖြစ်ဖြင့် စတင်မှတ်သားထားခဲ့ကြသည်။ နာမည်တစ်လုံးတောင်က သင်္ကေတတစ်ခုဖြစ်ပြီး နာမည်များကိုလည်း သင်္ကေတဆန်ဆန်ရေးသားမှုများလည်း စတင်လာခဲ့သည်။ မိမိတို့နာမည်များသည် ဘယ်နေရာ ဘယ်အချိန်ပဲရောက်ရောက် ထိုကဲ့သို့ ရေးသားထားမှုများကြောင့် ဘ၀ နှင့် လက်ရှိအခြေအနေတွင် သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိမြင်လာခဲ့ကြသည်။

ကမ္ဘာပေါ်မှာ ရှိရှိသမျှအရာအားလုံးသည် သင်္ကေတများပင် ဖြစ်ပြီးတော့ ဥပမာအနေဖြင့် ထိုက်ကျိသင်္ကေတသည် စကြာဝဠာတစ်ခုလုံးကို ရည်ညွှန်းပြီး တုတ်ချောင်းရှည်သင်္ကေတသည် စကြာဝဠာအဖိုဓာတ် ယန်ကို ကိုယ်စားပြုကာ တုတ်ချောင်းကိုတစ်ဝက်ပိုင်းထားသောသ သင်္ကေတသည် စကြာဝဠာအမဓာတ် ယင်ကို ကိုယ်စားပြုလေသည်။

နောက်ထပ်ဥပမာထပ်ပြောရမယ်ဆိုရင်တော့ ပါ့ကွသည် အရပ်ရှစ်မျက်နှာ ၊ ခြားနားသောလူများ ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ၊ ဓာတ်သဘောများ ၊ ရာသီဥတုများ ၊ သဘာဝဆိုင်ရာအဖြစ်အပျက်များ (မီး ၊ လေ ၊ မြေ ၊ ကမ္ဘာမြေကြီး ၊ တောအုပ် ၊ နေ ၊ လ ၊ ရေအိုင် ၊ မိုးကြိုး စသဖြင့်) ၊ မိသားစုဆိုင်ရာအခြေအနေ စသဖြင့် ပြောင်းလဲခြင်းရှိသော အရာများနှင့် ပြောင်းလဲခြင်းမရှိသောအရာများကို ရည်ညွှန်းသည်။ အဆောင်များသည် စကြာဝဠာလုံးဆိုင်ရာဖြစ်တည်မှု မှ ပြောင်းလဲမှုတစ်ခုမှ သင်္ကေတများအပေါ်သက်ရောက်လာပြီး ကျွန်တော်တို့ရဲ့ဘ၀အစိတ်အပိုင်းများဆီသို့ ရောက်ရှိကာ ကျွန်တော်တို့ရဲ့ဘ၀တွေကို ပြောင်းလဲပေးနိုင်လေသည်။  ထို့ကြောင့် ကျွန်တော်တို့ သင်္ကေတများကို ဘယ်လိုရေးဆွဲရမှန်းသိပြီဆိုရင် သင်္ကေတစ်ခုသည် အခြားသင်္ကေတစ်ခုကို ပြောင်းလဲစေနိုင်ကြောင်းလည်း သိမြင်လာလိမ့်မည်ဖြစ်ပေသည်။ ဒီအရာသည် အဆောင်များ မည်ကဲ့သို့ အလုပ်လဲဆိုတာပင် ဖြစ်ပေသည်။

သင်္ကေတများသည် နက်ရှိုင်းသောတန်ခိုးများ ရှိသည်။ စကြာသင်္ကေကိုပင် ကြည့်ပါ။ ဒီစကြာသင်္ကေတတွင် ကမ္ဘာနှစ်ခုအပြိုင်တည်ရှိနေခြင်းကို ပြသထားခြင်းဖြစ်ပေသည်။ အဲ့ဒီကမ္ဘာနှစ်ခုတွင် တစ်ခုသည် ချက်ချင်းထိလိုက်ရုံဖြင့် ၀ုန်းကနဲဓာတ်ပြုနိုင်သောအခြေအနေမျိုးကို ဦးတည်ပြီး နောက်ကမ္ဘာတစ်ခုသည် လူသားတွေရဲ့အတွင်းစိတ်ပိုင်းဆိုင်ရာအခြေအနေကို ဦးတည်သည်။ ဘယ်လိုပဲဖြစ်ပါစေ သင်္ကေတများသည် တစ်ခုနဲ့တစ်ခု ထိမိခိုက်မိသည်အခါ အားတစ်ခုဖြစ်တည်လာပြီး ဖြစ်တည်လာသောအားသည်လည်း အရင်သင်္ကေတပုံစံကဲ့သို့မဟုတ်တော့ဘဲ ယခင်သင်္ကေတရဲ့ အပြုသဘောဆိုင်ရာအရာများကို ဖြစ်ပေါ်လာစေသည်။ ကျွန်တော်တို့ သင်္ကေတများကို လူသားတွေတည်ရှိမှုအတွက် ကောင်းမွန်စွာအသုံးချနိုင်မယ်ဆိုရင် လူသားများသည် ကြီးမားသောတန်ခိုးစွမ်းအားများကို ရရှိလာစေပြီး ၀ိညာဉ်ပိုင်းဆိုင်ရာဘုံတစ်ခုမှ စွမ်းအားများသည်လည်း စိမ့်ဝင်စေနိုင်လေသည်။ တရုတ်အတွေးအခေါ်များ နဲ့ ယုံကြည်မှုသည် ဒီလိုမျိုး အခြေအနေမျိုးကြောင့် အချိန်ကြာရှည်နေတာပင် ဖြစ်ပေသည်။

chinese symbol,chinese calligraphy,chinese religion,Buddhism,Taoism, increase energy,black magic,white magic, magic spell, protection, talisman amuletကျွန်တော်တို့သည် သုံးဘက်မြင် ကမ္ဘာကြီးတွင် နေထိုင်နေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာသုံးမျိုးကိုသာ မြင်နိုင် လေ့လာနိုင်ကြ သောကြောင့်ဖြစ်ပြီး ဆိုလိုတာကတော့ သုံးခုထက် ပိုမိုမမြင်နိုင်ခြင်းပင် ဖြစ်သည်။ တစ်ခုတည်းသောမြင်ကွင်းမျိုးကို ရရှိမည်ဆိုပါက ကျွန်တော်တို့သည် ကမ္ဘာကြီးရဲ့အသေးဆုံး အမှုန်ကိုတောင်မှာ မြင်နိုင်သူဖြစ်ပါလိမ့်မည်။ ဒါမှမဟုတ် နှစ်ခုပဲ မြင်နိုင်တယ်ဆိုရင်တော့ အရာအားလုံးသည် လုံးဝန်းသောမျဉ်းလိုင်းကြီးကဲ့သို့ ဖြစ်နေပါလိမ့်မည်။ သုံးဘက်မြင်သောအရာဝတ္ထုတစ်ခုသည် ကျွန်တော်တို့ရဲ့ မြင်နိုင်စွမ်းအခြေအနေတစ်ခုကို ဖြတ်သန်းသွားတယ်ဆိုပါက ကျွန်တော်တို့ရဲ့ မြင်နိုင်စွမ်းအားသည် နှစ်ဖက်မြင် အခြေအနေတစ်ခုကို မြင်စေနိုင်လေသည်။ အကြောင်းမှာ အဲ့ဒီအရာများသည် ကန့်သတ်ထားသော အခြေအနေ မြင်ကွင်းဖြစ်တာကြောင့်ပင် ဖြစ်သည်။
အလားတူစွာပဲ ကျွန်တော်တို့သည် သုံးဘက်မြင်သောအခြေအနေတစ်ခုကို တစ်ခါတစ်ရံကျော်လွန်ပြီး မြင်မိတယ်ဆိုရင်တော့ နားလည်ရခက်တဲ့ သရဲများ ၊ တစ္ဆေများ နှင့် ၀ိညာဉ်ဘုံသားများကို မြင်တွေ့ရမည်ဖြစ်သည်.။ ထို့ကြောင့် လူသားများတွင် သုံးဘက်မြင်သော အမြင်ဓာတ်ရှိနေခြင်း ဖြစ်ပြီး သုံးဘက်မြင်ထက် ပိုသည်ဖြစ်စေ လျော့သည်ဖြစ်စေ သာမန်လူတစ်ယောက်အတွက် ကြောက်စရာကောင်းသောအခြေအနေမျိုး ဖြစ်ပေါ်လာစေနိုင်သောကြောင့် ဖြစ်ပေသည်။ အဆောင်များသည် မမြင်ရသော မြင်ကွင်းများ နှင့် လက်ရှိဖြစ်ပေါ်နေသည့်အကြောင်းအရာများကို ပြောင်းကူးတံတားအဖြစ် အကူအညီပေးနိုင်လေသည်။

ဒါကြောင့် ကျွန်တော်တို့ မျဉ်းကြောင်းတွေ စက်ဝိုင်းတွေကို ဆွဲပြီးအသုံးပြုတဲ့ပညာရပ်တစ်ခုအပေါ်မှာ သင်္ကေတများသည် ဓာတ်ကြီးများ၏တည်ရှိမှုကို ဖော်ဆောင်ပေးနိုင်သည်။ စာရွက်တစ်ရွက်ပေါ်မှာ ဆွဲလိုက်သော ကျွန်တော်တို့အသုံးပြုသည် အဆောင်သည် အခြားအမြင်ဓာတ်များကို တိုးပွားစေရန်အတွက်သော်လည်းကောင်း အမြင်များ မြင်နိုင်စေရန် အခြေအနေမျိုး ဖြစ်ပေါ်စေသည်။ တကယ်လောကကြီးမှာတော့ အဲ့ဒီလိုမျိုး စကားနဲ့ပြောသလို မလွယ်ကူပါဘူး။ နာမည်က သင်္ကေတစ်ခုဖြစ်တယ်ဆိုတာလေးကို အပေါ်မှာ ပြောခဲ့တာ မှတ်မိတယ်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသက်ကြီးလာတဲ့အခါ သင်္ကေတဆိုတာရော မပြောင်းလဲနိုင်ဘူးလား ????




chinese symbol,chinese calligraphy,chinese religion,Buddhism,Taoism, increase energy,black magic,white magic, magic spell, protection, talisman amuletကျွန်တော်တို့ရော ကျွန်တော်တို့ရဲ့ကမ္ဘာကြီးရော အမြဲတမ်းပြောင်းလဲနေဆဲပါပဲ။ တောက်ဆရာများကတော့ အခြေအနေတွေ အဆက်မပြတ်ပြောင်းလဲနေသောနေရာ လို့ ဆိုပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မည်သည့်အခြင်းအရာများတွင် သင်္ကေတများကို ကိုယ်စားပြုနေသလဲ ??? မင်းဖြေချင်သလို ဖြေလိုက်ပါ။ စွမ်းအားဆိုတာက မိမိကိုယ်တွင်းတွင်ရှိသော မိမိရဲ့စိတ်ကို ဆိုလိုခြင်းပင် ဖြစ်သည်။ တရုတ်ဒဿနသည်လည်း မိမိတို့ရဲ့အတွင်းစိတ်ကို အခြေခံထားသည် တန်ခိုးသည်လည်းပဲ အတွင်းစိတ်ဖြစ်သည်ဟု လက်ခံထားသည်။  ဒါကြောင့်မို့ အဆောင်လက်ဖွဲ့များကို လုပ်ဆောင်ခြင်းသည် မိမိတို့ရဲ့အတွင်းစိတ်စွမ်းအင်များကို အာရုံပြုမိအောင် နှင့် လက်ရှိတည်ရှိနေမှုကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်အောင်  နည်းလမ်းတစ်ခုဖြစ်ပေသည်။ သို့သော်လည်း များပြားလှသော လူဦးရေများသည် အဆောင်လက်ဖွဲ့များ၏ အနည်းငယ်သော သက်ရောက်မှုသာ တွေ့ကြသည်။ နက်ရှိုင်းသောသက်ရောက်မှုမျိုးကို တွေ့ကြုံဖို့ဆိုတာ ခက်ခဲလှပါသည်။ အဲ့ဒါဘာလို့လဲ ??? ဘာလို့လဲဆိုတော့ ဆောင်ယူသူ ပုဂ္ဂိုလ်များရဲ့ဝိညာဉ်ပိုင်းဆိုင်ရာစွမ်းအားများ မတိုးတက်သောကြောင့် ဖြစ်ပေသည်။


အကယ်၍ အဆောင်များကို ဖြူစင်သောနှလုံးသားတစ်စုံ နှင့် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရေးဆွဲမည်ဆိုပါက အစောင့်များနှင့် ၀ိညာဉ်များသည် သင်ပြောသမျှကို ကြားပါလိမ့်မည်။ သင်ပြောတဲ့တောင်းဆိုမှုအတွက် သူတို့လက်ခံပါလိမ့်မည်။ ပြီးတော့ ကူညီပါလိမ့်မည်။ ဒါပေမယ့် လူတိုင်း အဲ့လိုဖြစ်မယ်လို့ အာမမခံနိုင်ပါဘူး.။ လူတိုင်း အဲ့ဒီစိတ်နဲ့ ရေးတဲ့ရှားလာသောကြောင့် ဖြစ်ပေသည်။ မိမိတို့ရဲ့ ကံတရားများ နှင့် ကုသိုလ်ကောင်းမှုများသည်လည်းပဲ အဆောင်များလုပ်ဆောင်ရာတွင် အများကြီး အကျုံးဝင်ပါသည်။ မိမိမှာ ကောင်းမွန်သောကံတရားမရှိဘူးဆိုရင်တော့ မိမိက အကူညီခံရမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် ကုသိုလ်လုပ်ဆောင်ပေးရမှာပါ.။ ထို့ကြောင့်မို့ မိမိတို့ အဆောင်မပြုလုပ်ခင်မှာ ကုသိုလ်ကောင်းမှုများကို ပြုလုပ်ဖို့ အရေးကြီးပါသည်။

ဗုဒ္ဓတရားတော်ကို သေချာလိုက်နာသော ဗုဒ္ဓဘာသာဝင်များ နှင့် တောက်ဆရာကြီးရဲ့အကျင့်အကြံများ ရရှိထားသည့် မျိုးရိုးပါလာသည့်သူများ အဆောင်ပြုလုပ်ပေးမည်ဆိုပါက အဆောင်များသည် ပြည့်ဝသောအစွမ်းသတ္တိများစွာ ပါဝင်ပါလိမ့်မည်။ မျိုးရိုးဆိုတာက စကားဝှက်တစ်ခုနဲ့ ဆင်တူပါသည် ဒါမှမဟုတ် ကောင်းမွန်သောအခြေအနေမျိုးဖြစ်စေဖို့အတွက် လုပ်ဆောင်ရန် အခွင့်အရေးရရှိသူလို့လည်း ခေါ်လို့ရပါသည်။ အဲ့ဒီလိုဆရာမျိုးတွေဆိုရင်တော့ သူတို့ရဲ့ကုသိုလ် နဲ့ သူတို့ရဲ့ ကံတရားများ ကောင်းမွန်မှုများကြောင့် သူတို့စီရင်လိုက်သော အဆောင်များသည် အရမ်းအစွမ်းထက်မှုရှိခြင်း ဖြစ်ပါသည်။


မိုးကြယ်စင်


(တရုတ်အဆောင်များပြုလုပ်နည်းအား နောက်အပတ်တွင် ဖော်ပြပေးပါမည်။)
Tag : chinese, Tao
0 Komentar untuk "တရုတ်တောက်ဝါဒ အဆောင်များကို မည်ကဲ့သို့ အလုပ်လုပ်သနည်း. (How Tao Talismans Work)"

MM-Search. Powered by Blogger.
Back To Top