.

အရောင်စွမ်းအင်အသုံးချအချစ်ကိုအရယူနည်း

အချစ်ကိုရယူနည်းပေါင်းများစွာရှိတဲ့နေရာမှာ ဒီတစ်ခေါက်တော့ အရောင်စွမ်းအင်အသုံးချနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ -
(၁) ပန်းနုရောင်ကတ်ထူပြား
(၂) အဖြူရောင်ကတ်ထူပြား
(၃) အနက်ရောင်ကတ်ထူပြား
(၄) ဖယောင်းတိုင်တစ်ချောင်း
(၅) သော်ကပန်းများ
         လိုအပ်မှာဖြစ်ပါတယ်။
          ပထမဆုံး မိမိကြိတ်ချစ်နေရသူရဲ့ချွေးတစ်စက်ကို အဖြူရောင်ကတ်ထူပြားပေါ်မှာတင်ပါ။ ထို့နောက် မိမိကြိတ်ချစ်နေသူ၏နဖူးပြင်ကိုနမ်းနေသည်ဟု အာရုံပြုကာ ပန်းနုရောင်ကတ်ထူပြားကို နူးညံ့ညင်သာစွာနမ်းရှိုက်လိုက်ပြီးနောက် အဖြူရောင်ကတ်ပြားကိုအခြေမှာထားကာ အနက်ရောင်ကတ်ပြားကို အလယ်မှာထားပြီး ပန်းနုရောင်ကတ်ပြားကို အပေါ်ဆုံးမှာထားကာ သော်ကပန်းကို ပတ်ပတ်လည်ခြံရံကာ ဖယောင်းတိုင်ကို ကတ်ထူပြားသုံးခုထပ်ထားသည့်အပေါ်တွင် တင်ထွန်းကာ ဖယောင်းတိုင်ကို မျက်တောင်မခတ်ဘဲ စေ့စေ့ကြည့်ပြီး မိမိနှလုံးသားကိုဆုပ်ကိုင်ကာ "အော်ကာဆုခွဲဘီးလိယိတ်" ဟု (၇)ခေါက်ရွတ်ဆိုပေးရမှာဖြစ်ပြီး ဖယောင်းတိုင်ငြိမ်းသည်အထိ ဖယောင်းတိုင်အနီးမှာ မိမိချစ်ရသူကို အာရုံပြုထားရမှာပဲဖြစ်ပါတယ်။
         ဒီနည်းရဲ့ထူးခြားချက်ကတော့ ယောက်ျားလေးမှမိန်းကလေး၊ မိန်းကလေးမှယောက်ျားလေး၊ ယောက်ျားလေးမှယောက်ျားလေး၊ မိန်းကလေးမှမိန်းကလေးချင်းချစ်သူများ အားလုံးအသုံးပြုနိုင်ခြင်းပါ။
        တစ်ပတ်အတွင်းအကျိုးထူးတဲ့ အရှေ့တိုင်းမိုင်ယန်လချင်းနည်းလမ်းလေးဖြစ်လို့ အသုံးပြုအောင်မြင်ကာ ချစ်ရသူထံမှအချစ်ကိုရနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။



ကာရှိုင်း (ကြယ်စင်ချစ်သူ)
KCB Center
Tag : love

Related Post:

0 Komentar untuk "အရောင်စွမ်းအင်အသုံးချအချစ်ကိုအရယူနည်း"

MM-Search. Powered by Blogger.
Back To Top