.

တောက်အစီအရင်များအား လုပ်ပုံလုပ်နည်းအဆင့်ဆင့်

Writing the talisman is only half the equation. To make the talisman work requires the intervention of spirits to bless and empower the symbols.
လုပ်ပုံလုပ်နည်းကိုသာ မသိဘူးဆိုရင်တော့ ဘာမှန်းမသိတဲ့ သင်္ကေတတွေကို စာရွက်တစ်ရွက်မှာ ရေးဆွဲပြီး ဟိုကပ်ထား ဒီကပ်ထားသလိုပဲ ဖြစ်နေပီးတော့ အဲ့ဒီကပ်ထားသောစာရွက်သည်လည်း အစွမ်းထက်မြက်သော အဆောင်များ ဖြစ်လိမ့်မည်မဟုတ်ပါ။ တောက်ါအဆောင်များ နှင့် အစီအရင်များသည် လုပ်ပုံလုပ်နည်း ထုံးစံလေးတွေ ရှိပါသည်။ အဆောင်လက်ဖွဲ့တွေ အစီအရင်တွေ မလုပ်ဆောင်ခင် ၊ လုပ်ဆောင်ပုံအတွက် စိတ်ကိုရှင်းရှင်းမထားရသေးခင်မှာ အရင်ဆုံးတစ်ကိုယ်လုံးကို သေချာသန့်စင်အောင် ပြုလုပ်ထားသင့်ပါသည်။ ခေါင်းမှစပြီး ခြေထောက်အထိ ရေချိုးပါကလည်း ရေချိုးပါ။ 

ရေမချိုးနိုင်ပါလည်း သန့်စင်သောအ၀တ်သန့်လေးဖြင့် တိုက်ချွတ်ဆေးကြောပေးပါ။ ထို့နောက် မိမိတို့ အစီအရင်ပြုလုပ်ရာ ဘုံကျောင်းအတွင်း သို့ မိမိတို့ရဲ့သီးသန့်နေရာအတွင်း မွှေးပျံ့လှသောအမွှေးတိုင်များကို ထွန်းညှိထားရပါမည်။ အစီအရင်ဖြင့် သက်ဆိုင်သော အစောင့်အရှောက်များကိုလည်း ပင့်ဖိတ်ရပါအုန်းမည်။ ထို့ကြောင့် မိမိပြုလုပ်ရာနေရာသို့ မည်သည်လူများ မ၀င်လှဖို့ အရေးကြီးလှပါသည်။


အောက်ပါအချက်အလက်များကို အစီအရင်အောင်မြင်ဖို့အတွက် အစီအရင်မလုပ်ရသေးခင်မှာ သိထားရပါမည်။  

၁။ စာလုံးတွေကို မှန်ကန်မှုရှိအောင်အတွက် သေသေချာချာရေးဆွဲရပါမည်။ ဥပမာ - နေ ၊ လ ၊ ကြယ် ၊ ၀ိညာဉ်များ ၊ နတ်များနှင့်သက်ဆိုင်သော ရောစပ်မှုများသည် အစက်တစ်စက်လေးမျှကွာခြားရုံဖြင့် အစီအရင်ကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် မိမိတို့ရေးဆွဲသော အစီအရင်တွေ ပါဝင်သော သင်္ကေတများ နှင့် စာများကို သေချာဂရုပြုပြီး ရေးဆွဲရပါမည်။

၂။  အစီအရင်တွင်ပါဝင်သော ၀ိညာဉ်ပိုင်းဆိုင်ရာ အားများကိုတော့ သေသေချာချာကြီး တလေးတစားရှိရပါမည်။

၃။ မိမိတို့အစီအရင်ပြုလုပ်ရာနေရာသည် တိတ်ဆိတ်ပြီး သန့်ရှင်းမှုရှိနေရမည်။

၎။ အစီအရင်ဖို့ ဆုံးဖြတ်လိုက်တဲ့နေ့တွင် အရက်လုံးဝမသောက်သုံးရပါမည်။ Sex ကိစ္စလည်း ရှိမနေရပါဘူး။ ကုန်ကုန်ပြောရရင်တော့ တစ်ကိုယ်တော်အာသာဖြေခြင်းမျိုးတောင် မပြုလုပ်ထားရပါဘူး။ သန့်ရှင်းစင်ကြယ်နေရပါမည်။

၅။ အချို့အစီအရင်များတွင် အသားစားပြီး လုပ်ရသောအစီအရင်များရှိခြင်းကြောင့် အစီအရင်များကို သေသေချာချာ သိနေဖို့ လိုအပ်ပါသည်။ အချို့အစီအရင်များတွင်လည်း အသားများကို ကပ်ရသောအစီအရင်များလည်း ရှိကြပါသည်။ ဒါကိုတော့ အစီအရင် အနု ၊ အလတ် ၊ အကြမ်း သေချာသိမှ ရပါလိမ့်မည်။

၆။ အစီအရင်လုပ်ဖို့အတွက် သေချာလည်း ပြင်ဆင်ပြီးပီ အဆင့်သင်ဖြစ်နေပီဆိုရင်တော့ မိမိရဲ့စိတ်ထဲမှာ အပြုသဘောဆောင်တဲ့ စိတ်ကောင်းများကို မွေးမြူပြီးတော့ စိတ်ကြည်ကြည်လင်လင် ရှိနေရပါမည်။ စိတ်တည်ငြိမ်မှုရရှိအောင် ပြုလုပ်ထားရမည်သဘောပဲ ဖြစ်ပါသည်။ 

အခြားလိုအပ်သည့်လုပ်ဆောင်များလည်းရှိပါသေးသည်။ ၄င်းတို့မှာ -

၁။ အစီအရင်တွေသုံးစွဲမည်ရေကို သန့်စင်ရပါမည်။ ရေခွက်ကို မန်းသောမန္တရားတစ်ပုဒ်ဖြင့် မန်းရပါမည်။
တောက်ဝါဒကို စတင်မိတ်ဆက်ပေးခဲ့သူ Founder ကြီးဖြစ်သော လောက်ဇူကို ပင့်ဖိတ်တဲ့ မန္တန်တစ်ပုဒ် ရွတ်ဆိုရပါသည်။ " တောက်ပညာကို မိတ်ဆက်ပေးခဲ့သော လောက်ဇူအရှင်အမြတ်ခင်ဗျာ ကျွန်တော်ပြုလုပ်သောအရာရာတိုင်း အောင်မြင်စေဖို့အတွက် ကောင်းချီးမင်္ဂလာများဖြင့် ပြည့်နှက်နေအောင် ကြံဆောင်ပေးပါ။ "

၂။ ထို့နောက် မှင်ကို သေချာသန့်စင်ပါ။ အနက်ရောင်မှင် သို့ အနီရောင်မှင်သာ သုံးရပါမည်။ ကျန်သည့် မည်သည့်အရောင်မှ မသုံးရပါ။ " နာနတ်ပင်တို့ရဲ့သံအမတ်ဖြစ်သော အစောင့်အရှောက်များ အခုလုပ်ကိုင်နေသော အဆောင်အား တန်ခိုးအစွမ်းထက်မြက်ပြီး အောင်မြင်မှုရှိသောအဆောင်တစ်ခုဖြစ်လာစေရန်အတွက် ကူညီပေးပါ "

၃။ စုတ်တံကို သေချာသန့်စင်ပါ။ " ဒီစုတ်တံသည် အရာအားလုံးအေးအေးချမ်းချမ်းအဆုံးသတ်ဖို့အတွက် ကျွန်ုပ်လက်ရှိလုပ်ကိုင်နေသော ရည်ရွယ်ချက်ပြည့်စေဖို့အတွက် အဖြူရောင်ဓာတ်သဘောများဖြင့် ပြည့်နေသော မမြင်ရသောဝိညာဉ်ပိုင်းဆိုင်ရာတန်ခိုးများဖြင့် ပြည့်နှက်နေသည် "

၎။ စာရွက်ကိုလည်း သန့်စင်ပီး ဆုတောင်းမှုပြုလုပ်ပေးရပါသည်။ (၇)လက်မအရှည်ရှိသော အ၀ါရောင်စက္ကူသာ အသုံးပြုရပါသည်။ 
" တန်ခိုးကြီးသော မြောက်ပိုင်းဘုရင်ခင်ဗျာ အခုအဆောင်ပြုလုပ်မည့်စာရွက်အား ၀ိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးတော်များ နှင့် ထိုတန်ခိုးတော်အား မိုးကြိုး နှင့် လျှပ်စီးအသွင်ပြောင်းလဲပြီး မိုင်တစ်သောင်းအကွာဝေးသို့ လွှင့်ပျံသွားစေနိုင်သည့်အစွမ်းများ ပြည့်နှက်စေရန် ကူညီပေးပါ။ "

၅။ အထက်ပါအတိုင်း ဆုတောင်းခြင်းမန္တန်များ နှင့် ပင့်ဖိတ်ခြင်းမန္တန်များကို ရွတ်ဆိုပီးပါက အစီအရင်ပြုလုပ်မည့်နေရာတွင် ဖယောင်းတိုင် နှစ်တိုင် သို့ သုံးတိုင် ထွန်းညှိထားပါ။ ဖယောင်းတိုင်သည် အစီအရင်ပြုလုပ်ရာနေရာသို့ ဓာတ်တန်ခိုးများကို ဆွဲဆောင်နိုင်ဖို့အတွက်ပင် ဖြစ်ပါသည်။





အဆောင်လက်ဖွဲ့တစ်ခု မပြီးဆုံးခင်မှာ ပါဝါအပြည့်ပါသောလက်ဖြင့် ဆုပ်ကိုင်ထားသော စုတ်တံအဖြစ် တွေးတောရပါမည်။ စုတ်တံတော့ စုတ်တံပါပဲ။ ဒါပေမယ့် ၀ုန်းကနဲ ချက်ချင်းဓားလက်နက် တစ်ချောင်းကဲ့သို့ ပြောင်းသွားလောက်နေပီ ထင်နေသည်အထိ တွေးတောယူရပါမည်။ ဒါကို အာရုံစူးစိုက်ခြင်း အာရုံညွှန်ခြင်းပင် ဖြစ်သည်။ မိမိပတ်ဝန်းကျင်ကိုလည်း အစောင့်အရှောက်များ စောင့်ရှောက်လျက်ရှိပီးတော့ သူတို့က အနီးအနားရှိ မကောင်းသောဝိညာဉ်ဆိုးများကို နှင်ထုတ်ပေးလျက်ရှိနေသည်ကိုလည်း အာရုံစိုက်ရပါမည်။ အဆောင်လက်ဖွဲ့စီရင်ပီးသွားပါက အဆောင်ကို မွှေးပျံ့သောအရည်များကို ပတ်ဖျန်းပေးခြင်း နှင့် ဆုတောင်းမင်္ဂလာ ပြုခြင်း အမွှေးနံ့ပါသော ဖယောင်းတိုင်များ ယူဆောင်လာပီး ဒီအဆောင်အား အားဖြည့်ပေးဖို့ ဆုတောင်းပါ။ နှလုံးသားမှာ သန့်ရှင်းစင်ကြယ်နေပီဆိုရင်တော့ ဘာပဲလုပ်လုပ် လောကစောင့်နတ်များက သိနိုင်တာပဲဖြစ်ပြီးတော့ အကူအညီ အထောက်အပံ့ပေးပါလိမ့်မည်။ 




မိုးကြယ်စင်




Tag : tailsman, Tao
0 Komentar untuk "တောက်အစီအရင်များအား လုပ်ပုံလုပ်နည်းအဆင့်ဆင့်"

MM-Search. Powered by Blogger.
Back To Top