.

ငွေဝင်အောင် အလုပ်အဆင်ပြေအောင် အစီအရင်လုပ်မယ်..။

 Emot Emoc Yenol (အီမော့ အီမို့ ရယ်နိုရယ်)
 
ဒီ ဂါထာကို အရင်က ဖုန်းဘေလ်ဖြည့်ပေးသော မန္တန်ရွတ်ဖတ်သလိုပဲ စားပွဲတစ်ခုရှေ့မှာ ထိုင်ပါမယ်..။
ဖယောင်းတိုင်းအစီမ်းနှစ်တိုင်ရယ်..။
အဖြူတစ်တိုင် လိုပါမယ်..။
အဖြူတစ်တိုင်ကို အလယ်မှာ ထားပြီး အစီမ်းနှစ်တိုင်ကို ဘယ် ညာမှာ ထားပါမယ်။
အလယ်အဖြူတိုင်မှာ သံချွန်ကလေးနဲ့ Destroy Empty ဆိုတာကို ရေးခြစ်ရပါ့မယ်..။
သံချွန်နဲ့ မရေးချင်က စက္ကူအဖြူပေါ်မှာ ရေးပြီး ဖယောင်းတိုင်မှာ ကော်ဖြင့်ကပ်ပြီး အသုံးပြုချင်လည်း ရပါတယ်။
အမွှေးတိုင်ကို တရုတ်အမွှေးတိုင်ကြီးတစ်တိုင် သုံးပါ့မယ်.။
 မိမိထိုင်တဲ့အောက်မှာ ဖျာတစ်ချပ်ခင်းပြီး ထိုင်တာဖြစ်ဖြစ် ၊ စောင်ပါးလေးခင်းပြီး ထိုင်တာဖြစ်ဖြစ် တစ်ခုခုကို ခင်းပြီး ထိုင်ရပါ့မယ်..။
 မိမိသည် အခင်းပေါ်ထိုင်နေသည်ဟု မတွေးပဲ ငွေပုံပေါ် ထိုင်နေသည်ဟု အစီအရင်စလုပ်ကတည်းက တွေးရပါမည်။
 ဖြစ်နိုင်ရင် ဒေါ်လာပုံတွေပါတဲ့ အခင်းလေးခင်းပြီး ထိုင်ရင် အဆင်ပြေပါလိမ့်မယ်.။
လိုအပ်တဲ့ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီ ဆိုပါက အစီအရင်စလို့ ရပါပြီ။
 အစီအရင်လုပ်မဲ့အချိန်အတွင်းမှာ ဒေါသထွက်နေတာ ဖြစ်ဖြစ် ၀မ်းနည်းပြီး မျက်ရည်ကျထားတာလို့ဆိုရင် မလုပ်ပါနဲ့အုန်း.။ ခဏလောက် အပန်းဖြေပြီး နားနေလိုက်ပါအုန်း..။
အစီအရင်စမည်ဆိုပါက မိမိ၏ပါးစပ်မှ အီမော့ အီမို့ ရယ်နိုရယ် ဆိုပြီး ရွတ်နေရပါမယ်.။
မိမိ၏စိတ်သည်လည်း ငွေပုံပေါ်မှာ ထိုင်နေပြီး ကောင်းကင်ကနေ ငွေမိုး ဒေါ်လာမိုးတွေ ရွာကျလာသည်ဟု စိတ်ထဲမှာ တွေးပြီး ရွတ်နေရပါမယ်..။
 ဖြစ်နိုင်ရင် မိုးမှောင်နေတဲ့အချိန်မှာ မလုပ်သင့်ပါဘူး.။
 ညဘက်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး...။
ညဘက်မိုးမှောင်နေချိန်တော့ မရွေးသင့်ပါဘူး.။
 အချိန်အနေအထားကတော့ အမွှေးတိုင်အနံ့မရတော့တဲ့အချိန်အထိ ဖြစ်ပါတယ်..။
မိမိအစီအရင်လုပ်နေချိန်မှာ အနားမှာ ဆူညံနေလို့ မရပါဘူး..။
 အေးဆေးငြိမ်သက်သော အချိန်ဖြစ်ရပါမယ်..။
အကယ်၍ အစီအရင်ပြီးပါက မိမိပိုက်ဆံလိုသည့်အခါ အီမော့ အီမို့ ရယ်နိုရယ် ကို ရွတ်ဆိုရပါမည်။
 ဖြစ်နိုင်ရင် ဖယောင်းတိုင်အစိမ်းကို မီးထွန်းထားရင် ပိုကောင်းပါသည်။
 ဖုန်းဘေလ်ဝင်သောမန္တန်လိုပဲ အသုံးချလို့ ရပါသည်။
 အစီအရင်လုပ်ပုံ လုပ်နည်းကွာသွားတာလွဲလို့ပါ။
ဖြစ်နိုင်ရင် မိမိသည် A4 စာရွက်များကို ငွေစက္ကူအနေအထားညှပ်ပြီး အပေါ်ဆုံးတွင် တစ်ထောင်တန်တစ်ရွက် အောက်ဆုံးတွင်တစ်ထောင်တန်တစ်ရွက်ထားပြီး ငွေမိုးရွာပြီဆိုပြီး မိမိအစီအရင်လုပ်တဲ့နေရာမှာ ကြဲချရပါမည်။
 တစ်ထောင်တန်နှစ်ရွက်ကို ဘုရားမှာ ဆွမ်းတော်ကပ်ရပါမည်။
နောက်တစ်ပိုင်းဖြစ်သော အလုပ်အဆင်ပြေအောင်လုပ်နည်းကိုတော့ နောက်ပိုင်းတင်ပေးမည် ဖြစ်ပါသည်။ အားလုံးအဆင်ပြေကြပါစေ..။ 
 
ဒီအစီအရင်သည် မည်သည်ကျမ်းစာ မည်သည်ဘလော့မှ ကူးချထားခြင်းမဟုတ်ဘဲ မိမိ၏အသိသညာထဲကို ၀င်ရောက်လာသော ပညာရပ်ဖြစ်တာကြောင့် မိမိမန္တန်အား အကျိုးပျက်ပြားစေမည့် အပြုအမူမျိုး ၊ စော်ကားလာပါက စော်ကားလာသူသည် စော်ကားပြီးနေ့မှစပြီး ရက်ပိုင်းခြောက်ဆယ်တိတိ ငွေကြေးနှင့်ပတ်သက်သော စိတ်ညစ်မှုများ တွေ့ကြုံခံစားရပါစေ။ မိမိသည် သူတစ်ပါးများအား စေတနာထားပြီး ဒီနည်းလမ်းတင်ခဲ့သည် အမှန်တရားကြောင့် မိမိစာအား စော်ကားသူသည် ငွေကြေးကင်းမဲ့ကျိန်စာကို ရက်ပေါင်းခြောက်ဆယ်တိတိ ခံစားရပါစေသတည်း.။
 
မိုးကြယ်စင်
Tag : spell
0 Komentar untuk "ငွေဝင်အောင် အလုပ်အဆင်ပြေအောင် အစီအရင်လုပ်မယ်..။"

MM-Search. Powered by Blogger.
Back To Top