.

ဖုန်းဘေလ်ဖြည့်ပေးတတ်သော Ritual (ခ) Spell

အခု ခေတ်ကာလသည် လူတိုင်းဖုန်းကိုင်နိုင်တဲ့ အခြေအနေဖြစ်ပါသည်။ အချို့သူတွေအတွက် ဖုန်းတော့ရှိသည် သို့သော် ဖုန်းဘေလ်မရှိတဲ့အခါ မိမိရဲ့ဖုန်းကို ဖုန်းလက်ခံဖို့ပဲ သုံးလာကြပါတယ်.။ မိမိမှာလည်း ဖုန်းဘေလ်ဖြည့်ဖို့အတွက် ပိုက်ဆံကမလောက် ဖုန်းဆက်ဖို့အခြေအနေကလည်း ကြီးတဲ့အခါမှာ ဖုန်းဘေလ်သည် အရမ်းကို အရေးကြီးလာပါသည်။ ထိုအခါ ဒီမန္တန်လေးက သင့်ကို ဖုန်းဘေလ် ဖြည့်ပေးပါလိမ့်မည်။ ဒီ မန္တန်ကို နှစ်ပတ်တစ်ခါ ၊ တစ်လတစ်ခါ နှင့် အကျဉ်းအကြပ်ထဲမှာ ရောက်နေချိန်မှာ ရွတ်ဆိုသင့်ပါသည်။

ပထမဦးစွာ စားပွဲခုံတစ်ခု (တင်ပယ်ပေါ့) ပေါ်မှာ ဖယောင်းတိုင်သုံးတိုင်နှင့် အမွှေးတိုင် တစ်ချောင်းထွန်းပါ။ စားပွဲခုံရှေ့တွင် ထိုင်ပြီး

" မြေကြီးပေါ်တွင် ထိုင်နေသော မိမိခန္ဓာကိုယ်ပေါ်ကို ကောင်းကင်မှ ငွေဖြည့်ကဒ်များ ကျလာသည်” ဟု အာရုံပြုနေရပါမည်။ ဘယ်လောက်အချိန်အထိဆိုတာကတော့ ဖယောင်းတိုင်ကုန်သရွေ့ (သို့) အမွှေးတိုင်ကုန်သရွှေ့ အထိ အာရုံပြုရမှာ ဖြစ်ပါတယ်။

အာရုံပြုပြီးပါက

Libemilf

ကို ရွတ်ဆိုရမှာ ဖြစ်ပါတယ်။ အကြိမ်ရေကတော့ မိမိတို့ စိတ်ကြိုက်ရွတ်ပါ..။ ကန့်သတ်မထားပါဘူး။ အချိန်မရွေး နေရာမရွေးရွတ်ဆိုနိုင်ပါတယ်။ တင်ပယ်ပေါ်က ဖယောင်းတိုင်အစီအရင်ကတော့ တစ်ကြိမ်ပဲ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဆင်ပြေပါက

Libemilf (လက်ဘီးမီလ်ဖ်) ကို ရွတ် စိတ်ထဲမှာ

" မြေကြီးပေါ်တွင် ထိုင်နေသော မိမိခန္ဓာကိုယ်ပေါ်ကို ကောင်းကင်မှ ငွေဖြည့်ကဒ်များ ကျလာသည်” ဒါကို
တွေးပြီး ရွတ်မယ်ဆိုပါက မကြာခင်မှာ လိုအပ်နေသော ငွေဖြည့်ကဒ်များသည် ကဒ်အဖြစ်သော်လည်းကောင်း ပိုက်ဆံအဖြစ်နဲ့သော်လည်းကောင်း ၀င်ရောက်လာပါလိမ့်မည်။ သို့သော် ပိုက်ဆံဖြင့် ၀င်ရောက်လာပါက ငွေဖြည့်ဖို့အတွက်ပဲ သုံးရပါလိမ့်မည်။

ဒီအစီအရင်ကြောင့် ကျွန်ုပ်ထံ နှစ်ယောက်ဆက်သွယ်ပြီး ဖုန်းဘေလ်ပေးသူလာကြောင်း ၊ ဖုန်းဘေလ်ဖြည့်ဖို့ အဖေက ပေးကြောင်း စသော ၀မ်းသာစကားများကို ကြားရခြင်းဖြစ်သောကြောင့် ဒီနည်းကို တင်ပြရခြင်း ဖြစ်ပါတယ်။
ယုံကြည်စွာ ဆောင်ရွက်စေချင်ပါတယ်။
 
မိုးကြယ်စင်
Tag : spell

Related Post:

0 Komentar untuk "ဖုန်းဘေလ်ဖြည့်ပေးတတ်သော Ritual (ခ) Spell"

MM-Search. Powered by Blogger.
Back To Top