.

လီနိုမန်ဆိုသည်မှာ........။

လီနိုမန် (Lenormand) ဆိုသည်မှာ တားရော့လိုမျိုး ကံကြမ္မာဟောလို့ ရတဲ့ ဖဲချပ်ပါပဲ။ နေ့စဉ်တွေ့ကြုံနေတဲ့ နမိတ်ပုံတွေပါဝင်တဲ့ ဖဲချပ် ၃၆ ချပ်ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံက နည်းဖြစ်ပြီး လီနိုမန်ဖဲထုပ်အများစုမှာပါဝင်တဲ့ ပန်းချီပုံတွေသည် ပြင်သစ်ရဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေပါတယ်။ လီနီုမန် ဆိုတာ ပြင်သစ်နိုင်ငံမှာ (၁၇၇၂ ကနေ ၁၈၄၃အထိ) နာမည်ကျော်ကြားခဲ့တဲ့ နိမိတ်ဖတ် ဆရာမ Marie Anne Lenormand ကို အစွဲပြုပြီး ပေးထားတဲ့ ဖဲထုပ်ဖြစ်ပါတယ်။ သူမဟာ လီနိုမန်ရဲ့ မိခင်ဖြစ်ပါတယ်။ နပိုလီယန်ဘုရင်ရဲ့ လက်ထက် ပြင်သစ်မှာ သူမဟာ အကျော်ကြားဆုံး Cartomancer ကတ်ပြားတွေနဲ့ ကံကြမ္မာ ဟောတဲ့လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးစွဲနေကြတဲ့ လီနိုမန်ကဒ် (ဆရာကြီးမင်းသိင်္ခရဲ့ ကဒ်ပဲ တွေ့ရပါသေးတယ်) သည် ထိုဆရာမကြီး သုံးစွဲခဲ့တဲ့ ကဒ်တွေလို့ ပြောကြပေမယ့် သူမသေဆုံးပြီး နောက်ပိုင်းမှာ သူမရဲ့နာမည်ကို အသုံးပြုပြီး အခြားလူများက ဖန်တီးခဲ့ကြတယ်လို့လည်း အချို့စာတွေမှာ တွေ့ရှိရပါတယ်။



ဆရာမင်းသိင်္ခရဲ့ လီနိုမန်ဟောနည်း စာအုပ်ရဲ့ အမှာစာလေးမှာတော့ ကတ်တွေရဲ့ သမိုင်းကြောင်းလေးကို ပြောပြထားပါတယ်။ လီနိုမန်လို့ အမည်သမပြုခံထားရတဲ့ မိန်းမကြီးဟာ ဈေးထဲမှာ ပန်းရောင်းတယ်လို့ ဆိုပါတယ်။ သူမရဲ့ ပန်းဆိုင်နားမှာ အမဲသားလာရောင်းတဲ့ ကောင်လေးနဲ့ သူမနဲ့ ဈေးရောင်းရင်းနဲ့ နောက်ကြစကြရင်းနဲ့ ခင်မင်သွားပါတယ်။ နောက်တော့  ပြင်သစ်အစိုးရကအဒေါ်ကြီးလီနိုမန် နိုင်ငံရေးမှုနဲ့ မသင်္ကာလို့ ဖမ်းပြီး ထောင်ချပလိုက်တယ်။ ထောင်က လွတ်လာတဲ့အခါ သူမရဲ့ ဈေးထဲက ပန်းဆိုင်နေရာကို တခြားသူတွေ ယူသွားပါတယ်။ ဒီတော့ သူမမှာ အလုပ်မရှိဖြစ်နေတော့ သူမရဲ့ မိတ်ဆွေ အမဲသားသည်လေးက ကတ်ပြားအလွတ်မှာ ပုံတွေဆွဲ ဖြတ်တောက်ပြီး... သင်္ဘောပုံ ကျရင်ဖြင့် ခရီးသွားရမယ်၊ လက်စွပ်ပုံကျရင် စေ့စပ်ရမယ်...” စသဖြင့် အဟောတွေကို သင်ပေးတယ်။ ဒီလိုနဲ့ ကဒ်တွေကို အသုံးပြုပြီး နိမိတ်ဖတ်ရင်းနဲ့ တဖြည်းဖြည်းနဲ့ နာမည်ကျော်ပြီး ပြင်သစ်ဘုရင် နပိုလီိယန်ကတောင် ခေါ်ပြီး အကြံဉာဏ် တောင်းခံရပါတယ်။






သူမသေပြီးနောက်ပိုင်း သူမရဲ့ ခေါင်းအုံးထဲကနေ စာအုပ်နဲ့ ဖဲထုပ်ကို သူမရဲ့ ဆွေမျိုးသားချင်းတွေက တွေ့ပြီး ကတ်တွေကို ရိုက်နှိပ်ရောင်းချခဲ့တယ်။ ဒါက ဆရာမင်းသိင်္ခစာအုပ်ထဲက ဇာတ်လမ်းလေးပါ။

လီနိုမန်မှာ တားရော့ကဒ်တွေလို မိုင်နာတွေ၊ မေဂျာကတ်တွေ မရှိပါဘူး။ လီနော်မန် ဖဲတစ်ထုပ်မှာ ကတ်ပြား ၃၆ ချပ်တည်း ရှိပါတယ်။ လူမှုနေ့စဉ်ဘဝမှာ တွေ့မြင်နိုင်တဲ့ လက်စွပ်၊ စာအိတ်၊ ကျောက်ဆူး စတဲ့... နိမိတ်သဏ္ဍာန် ၃၆ ခုကို အခြေခံပြီး ဖန်တီးထားတာပါ။ ဟောပုံဟောနည်း၊ လေ့လာနည်း စတာတွေကတော့ တားရော့နဲ့ အတော်လေးဆင်ပါတယ်။

လီနိုမန်ကဒ်တွေကို လေ့လာတော့မယ်ဆိုရင်

(၁) ကဒ်ဝယ်ရပါမယ်။
(၂) ကဒ်ကို သန့်ရှင်းရေးတွေ ဘာတွေလုပ်ရပါမယ်။ တားရော့ကဒ်ကို စတင်အသုံးပြုတော့မည့်အချိန်မှာ ပြုလုပ်တဲ့လုပ်ငန်းဆောင်တာတွေနဲ့ လီနိုမန်ကို အသက်သွင်းပါ။
(၃) စာအုပ်ဝယ်ဖတ်မည်ဆိုပါက ဆရာမင်းသိင်္ခရဲ့လီနိုမန်ကဒ်ဟောနည်းဆိုတဲ့ စာအုပ်ကို ၀ယ်ပြီး အဲဒီမှာ ဘယ်လိုဟောပြောထားလဲဆိုတာ လေ့လာထားပါ။

ကဒ်တစ်ချပ်ချင်းစီရဲ့အဟောများ

01 The Rider (မြင်းစီးသမား) -- သတင်းစကား၊ လှုပ်ရှားတက်ကြွခြင်း

02 The Clover (လေးညှင်းပန်း) -- ကံကောင်းခြင်း၊ အခွင့်အလမ်း

03 The Ship (သင်္ဘော) -- အပြောင်းအလဲ၊ ခရီးသွားခြင်း

04 The House (အိမ်) -- အိမ်ကိစ္စ၊ မိသားစု ကိစ္စ

05 The Tree (သစ်ပင်) -- ကျန်းမာရေး၊ အရင်းအမြစ်

06 The Clouds (မိုးတိမ်) -- ရှုပ်ထွေးခြင်း၊ မရှင်းလင်းခြင်း

07 The Snake (မြွေ) -- အလိမ်အညာမိခြင်း၊ ဒုက္ခရောက်ခြင်း၊ စိတ်ပျက်ရခြင်း

08 The Coffin (ခေါင်းတလား) -- အဆုံးသတ်ခြင်း၊ အကြီးအကျယ် ပြောင်းလဲခြင်း၊ ၀မ်းနည်းရခြင်း

09 The Bouquet (ပန်းစည်း) -- ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း၊ လက်ဆောင်၊ ကမ်းလှမ်းမှု ရရှိခြင်း

10 The Scythe (တံစဉ်) -- ထိခိုက်ဒဏ်ရာ ရခြင်း၊ ဒုက္ခရောက်ခြင်း၊ ရုတ်တရက် ပြတ်ဆဲခြင်း

11 The Whip (ကြာပွတ်) -- အငြင်းပွားခြင်း၊ သဘောမတူခြင်း၊ စိတ်ညစ်ရခြင်း

12 The Birds (ငှက် ၂ကောင်) -- ယာယီဆုံးရှုံး၊ စိတ်ပျက်မှု၊ စုံတွဲ၊ အမွှာ၊ အပြန်အလှန်လဲလှယ်မှု

13 The Child (ကလေးငယ်) -- ငယ်ရွယ်နုပျိုခြင်း၊ အခြေအနေသစ် အစပျိုးခြင်း

14 The Fox (မြေခွေး) -- မရိုးဖြောင့်ခြင်း၊ ကောက်ကျစ် စဉ်းလဲခြင်း၊ လူပေါ်လူဇော်လုပ်တတ်ခြင်း

15 The Bear (၀က်ဝံ) -- ခွန်အားကြီးခြင်း၊ ငွေကြေး၊ စည်းစိမ်ရှိခြင်း

16 The Star (ကြယ်) -- အောင်မြင်မှု၊ ဂုဏ်သတင်း၊ စိတ်ချမ်းသာမှု

17 The Storks (၀န်ပိုငှက်) -- အပြောင်းအလဲ၊ ရွေ့လျားမှု

18 The Dog (ခွေး) -- ယုံကြည်စိတ်ချရသော မိတ်ဆွေ၊ သူငယ်ချင်းကောင်း

19 The Tower (မျှော်စင်) -- အစိုးရ၊ ရုံးဌာန၊ ထိပ်ပိုင်းဆိုင်ရာ၊ အထီးကျန်ဆန်ခြင်း

20 The Garden (ပန်းခြံ) -- လူအများနှင့် ပတ်သက်ခြင်း၊ ပြင်ပဆိုင်ရာ

21 The Mountain (တောင်) -- အခက်အခဲ၊ အတားအဆီး

22 The Crossroads (လမ်းဆုံလမ်းခွ) -- ဆုံးဖြတ်ချက်ချရန်၊ ရွေးခြယ်ရန် အနေအထား၊ အခွင့်လမ်းများစွာ

23 The Mice (ကြွက်) -- ဆုံးရှုံးမှု၊ ၀မ်းနည်း ပူပန်ရမှု

24 The Heart (နှလုံးသား) -- ချစ်ခြင်း၊ စိတ်ခံစားမှု

25 The Ring (လက်စွပ်) -- သဘောတူ၊ စေ့စပ်ခြင်း၊ စာချုပ်ခြင်း

26 The Book (စာအုပ်) -- လျှို့ဝှက်သောအရာ၊ သင်ယူမှု၊ အသိပညာ၊ အတတ်ပညာ၊

27 The Letter (စာအိတ်) -- အီးမေးလ်၊ စာ၊ သတင်းစသည့် အဆက်အသွယ်များ

28 The Man (ယောက်ျား) -- အမျိုးသား ကိုယ်စားပြုကတ်

29 The Woman (မိန်းမ) -- အမျိုးသမီး ကိုယ်စားပြုကတ်

30 The Lily (နှင်းပန်း) -- ကျေနပ်ခြင်း၊ အဆင်ပြေချောမွေ့ခြင်း

31 The Sun (နေမင်း) -- အောင်မြင်၊ ပျော်ရွှင်ခြင်း

32 The Moon (လစန္ဒာ) -- ခံစားမှု၊ အိပ်မက်၊ စိတ်အခြေအနေ

33 The Key (သော့တံ) -- အဖြေရခြင်း၊ သေချာခြင်း၊ ပွင့်လင်းခြင်း

34 The Fish (ငါး) -- ငွေကြေး၊ စီးပွားရေး၊ ပြေလည်မှု၊ လည်ပတ်စီးဆင်းမှု

35 The Anchor (ကျောက်ဆူး) -- အခြေတည် ခိုင်မြဲမှု၊ တည်တံ့သော အလုပ်အကိုင်

36 The Cross (လက်ဝါးကတ်တိုင်) -- စိတ်ဖိစီးမှု၊ ကံတရား၏ စမ်းသပ်ခံရခြင်း၊

အထက်က လီနော်မန် ၃၆ ကတ်ရဲ့ အဓိပ္ပာယ်ကို အခြေခံသိရှိထားဖို့ လိုပါတယ်။ အဓိပ္ပာယ်တွေကို ကြက်တူရွေးစာအံသလို ကျက်နေတာထက် ကတ်ပြားတွေကို ကြည့် အဓိပ္ပာယ်ကို စဉ်းစား၊ ရင်ထဲက ပုံဖော်ခြင်းက ပိုပြီး မြန်ဆန်ထိရောက်မှု ရှိမယ် ထင်ပါတယ်။

ကတ်ပြားတွေ ကိုယ်နဲ့ ရင်းနှီးဖို့ အလွယ်ကူဆုံးနဲ့ လက်တွေ့အကျဆုံး နည်းလမ်း တစ်ခုရှိပါတယ်။ အဲဒါကတော့ Card of the day လို့ခေါ်တဲ့ နေ့တစ်နေ့တာ ကိုယ်စားပြု ကတ်ကို ဆွဲပြီး လေ့လာခြင်းပဲ ဖြစ်ပါတယ်။ မနက်စောစော သင် အလုပ်၊ စသည်မသွားခင် (သို့မဟုတ်) အိပ်ရာထထခြင်း ဖဲထုပ်ကို မွှေပြီး ကတ်ပြားတစ်ခုကို ဆွဲထုတ်ကြည့်ခြင်းပါပဲ။ ဆွဲထုတ်လှန်ကြည့်ပြီး လက်တန်းကျလာတဲ့ ကတ်ကို မှတ်သားထားခြင်းပါ။ အဲဒီကတ်ဟာ သင်ဖြတ်သန်းမယ့် အဆိုပါ တစ်နေ့တာမှာ ဖြစ်ပျက်လာမှာတွေကို ကိုယ်စားပြုတဲ့ကတ်ပါပဲ။

တချို့ကျတော့ အဲဒီလို မနက်ဆွဲတဲ့ကတ်ကို လှန်မကြည့်ဘဲ ဒီတိုင်း မှောက်ထားပြီး ပဟေဠိသဖွယ် အဖြေထုတ်ပါတယ်။ တစ်နေကုန် သွားချင်ရာသွား၊ လုပ်ချင်ရာလုပ်ပြီး ညနေ အိပ်ရာဝင်ခါနီးအချိန်မှ မှောက်ထားတဲ့ကတ်ကို လှန်ကြည့်ပြီး တစ်နေ့တာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ကတ်ပြားရဲ့ အဓိပ္ပာယ်တွေနဲ့အတူ ပြန်လည် သုံးသပ်ခြင်းပါ။ ဒီနည်းလည်း တော်တော်လေး ထိရောက်ပါတယ်။ ဒါပေမယ့် ဒီနည်းကို လေ့ကျင့်မယ်ဆိုရင်တော့ ကတ်ပြားထုပ်ကို သင်နဲ့အတူ အပြင်ကို သယ်မသွားနိုင်ပဲ အိမ်မှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။

လီနော်မန် ကတ်မှာ လူရုပ်ပုံပါတာ 28 - Man နဲ့ 29 - Lady ဆိုတာကို တွေ့ရပါမယ်။ အဲဒီတော့ လီနော်မန်ဟာ တားရော့၊ သာမန်ဖဲထုပ်တွေနဲ့ ယှဉ်မယ်ဆိုရင် လူရုပ်တွေ နည်းနေတာကို တွေ့ရပါမယ်။ ဒါ မဟုတ်ပါဘူး။ လီနော်မန်ကတ် ၃၆ ကတ်ဟာ သာမန်ကစားတဲ့ ဖဲထုပ် ၃၆ ချပ်နဲ့ ကိုယ်စားပြုထားတာ ရှိပါတယ်။ အဲဒါကို Blue Owl, French Cartomancy, Petit Lenormand စတဲ့ လီနော်မန်ကတ်တွေမှာ တွေ့နိုင်ပါလိမ့်မယ်။

သာမန် ဖဲထုပ်မှာ (ဂျိုကာမပါ) စုစုပေါင်း ၅၂ ချပ် ရှိပါတယ်။ အဲဒီထဲက နံပါတ် ၂ ကနေ ၅ အထိ ၁၆ ချပ်ကို ဖယ်လိုက်မယ်ဆိုရင် ကျန်တဲ့ ဖဲချပ် ၃၆ ချပ် (၁ ဖဲ လေးစုံ၊ ၆ မှ ၁၀ အထိ လေးစုံ၊ ဂျက်၊ ကွင်း၊ ကင်း ၄ စုံ) ကို လီနော်မန် ဖဲချပ်တွေနဲ့ ကိုယ်စားပြုထားပါတယ်။ ဒီအောက်က ပုံမှာ ကြည့်ပါ။

(Petit Lenormand Cartomancy Deck)

အဲဒီထဲက လူရုပ်ပုံ ပါတဲ့ လီနော်မန် ကတ်တွေကို ခွဲထုတ်လိုက်မယ် ဆိုရင်...

  • 04) The House - King Hearts
  • 05) The Tree - King of Clubs
  • 07) The Snake - Queen Clubs
  • 09) The Bouquet - Queen Spades
  • 10) The Scythe - Jack Diamonds
  • 11) The Whip - Jack of Clubs
  • 13) The Child - Jack of Spades
  • 17) The Storks - Queen Hearts
  • 22) The Crossroad - Queen Diamonds
  • 24) The Heart - Jack Hearts
  • 30) The Lily - King Spades
  • 35) The Fish - King Diamonds

လီနော်မန်ကတ်က စုစုပေါင်း ၃၆ ကတ်တည်း ရှိတဲ့အတွက် လူရုပ်ပုံပါတဲ့ ကတ်တတွေဟာ ၃ ပုံ ၁ ပုံ ရှိတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ အဲဒီကတ်တွေ အားလုံးကို အဓိပ္ပာယ် ကောက်တဲ့အခါ တခါတရံမှာ လူတစ်ယောက်ယောက် အနေဖြင့် ယူဆနိုင်ပါတယ်။ အမြဲတမ်း မဟုတ်ပါဘူး။ နမူနာပြောရမယ် ဆိုရင်... တချို့စာဖိုမှူးတွေ ဟင်းချက်တဲ့အခါ ငရုတ်သီးကို စပ်ဖို့ အသုံးချတာ မဟုတ်ဘဲ၊ ဟင်းကို ပူတယ်ဆိုတဲ့ အရသာမျိုး ထွက်ချင်တဲ့အခါ အသုံးချသလိုမျိုးပါ။ အဲဒီတော့ အခြေအနေကို လိုက်ပြီး ဘယ်နေရာမှာဖြင့် လူလို့ အဓိပ္ပာယ် ကောက်သင့်တယ် ဆိုတာက သင့်ရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်ပါတယ်။

အဲလို ကောက်ယူတဲ့အခါ အနောက်တိုင်း ရှေးရိုးစဉ်လာ ဖဲဗေဒင် အယူတွေအတိုင်း ယူဆကြတာ များပါတယ်။ Jack ဆိုရင် လူငယ်ပိုင်းလို့ ယူဆပြီး King, Queen ကို လူကြီးပိုင်းအဖြစ် ယူဆပါတယ်။ အနီရောင် ကတ်တွေဖြစ်တဲ့ Heart, Diamond တွေကို ဆံပင် အနီ၊ ရွှေရောင် စသည်ဖြင့် ယူဆကြပြီး အမဲရောင် ကတ်တွေ (Club, Spade) တွေကိုတော့ ဆံပင်အနက် အသားညိုညို စသဖြင့် ယူဆကြပါတယ်။

အဲဒီ လူရုပ်ကတ်တွေကို သိပြီးသွားရင် Significator Card လို့ ခေါ်တဲ့ ကိုယ်စားပြု ကတ်တွေ အကြောင်း ပြောပါမယ်။ ဒီနေရာမှာ ပြောချင်တာက အထက်က ၁၂ ချပ်ဟာ ကိုယ်စားပြု ကတ်မဟုတ်ဘူး ဆိုတာကိုပါ။ သူတို့ကို အဓိပ္ပာယ် ကောက်တဲ့အခါမှာ ရံဖန်ရံခါ လူအဖြစ် အဓိပ္ပာယ် ကောက်ယူနိုင်တယ် ဆိုတာကို ပြောပြတာပါ။ လူကို ကိုယ်စားပြုတဲ့ ကတ်တွေ မဟုတ်ပါဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်း သိထားရပါမယ်။

အခု ကိုယ်စားပြု ကတ်တွေ အကြောင်း ပြောပါမယ်။ နေ့စဉ် အရေးကိစ္စတွေနဲ့ ပတ်သက်တဲ့ ကိုယ်စားပြု ကတ်တွေကတော့...

  • 02 The Clover - ငွေကြေး၊ ကံကောင်းခြင်း
  • 03 The Ship - ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး
  • 04 The House - အိမ်ကိစ္စ
  • 05 The Tree - ကျန်းမာရေး
  • 09 The Bouquet - ကမ်းလှမ်းခြင်း၊ လျှောက်ထားခြင်း
  • 15 The Bear - ငွေကြေး၊ အမွေ
  • 19 The Tower - တရားရေးရာ၊ ဥပဒေဆိုင်ရာ
  • 24 The Heart - နှလုံးသားရေးရာ
  • 25 The Ring - စာချုပ်၊ စာတန်းဆိုင်ရာ
  • 26 The Book - ပညာရေး၊ ဂမ္ဘီရကိစ္စ
  • 27 The Letter - စာ၊ အီးမေးလ် စသည်
  • 30 The Lily - မိသားစု ရေးရာ
  • 34 The Fish - ငွေကြေး၊ စီးပွားရေး
  • 35 The Anchor - အလုပ်အကိုင်၊ အသက်မွေးမှု

လူကို ကိုယ်စားပြုတဲ့ ကတ်တွေကတော့ ဒီအတိုင်းပါ။

  • 13 The Child - လူငယ်၊ ကလေး
  • 15 The Bear - လူကြီး (ဒုတိယ အရွယ်)
  • 18 The Dog - သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ
  • 28 The Man - ယောက်ျား
  • 29 The Woman - မိန်းမ
  • 30 The Lily - လူကြီး (တတိယ အရွယ်)


သာမန် လူလတ်ပိုင်း အနေနဲ့ Man, Lady ကတ်တွေကို ရွေးပြီး အသက်ငယ်တယ်လို့ ယူဆရင်ဖြင့် Child ဆိုတဲ့ ကလေးကတ်ကို ရွေးပါမယ်။ အဲဒီမှာ ယောက်ျား မိန်းမ စသည်ဖြင့် ခွဲခြားမှု မရှိပါဘူး။ အသက်ကြီးပြီး သန်မာ ဖြတ်လတ်နေဆဲဆိုရင် Bear ကတ်ပြားကို ကိုယ်စားပြု ယူပြီး၊ အိမ်တွင်းအောင်းတဲ့ အသက်ကြီးတဲ့လူဆိုရင် Lily ဆိုတဲ့ နှင်းပန်း ကတ်ပြားကို ကိုယ်စားပြု ယူပါမယ်။ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ စတာတွေကို Dog ကတ်ပြားနဲ့ ကိုယ်စားပြုပြီး အဲဒီမှာလည်း လိင်ခွဲခြားမှု မရှိပါဘူး။

ကိုယ်စားပြု ကတ်တွေကို ဘယ်လို အသုံးချမယ်ဆိုတာ နမူနာအနေနဲ့ Regula Elizabeth Fiechter ရဲ့ Runway Layout (ပြေးလမ်း ဖြန့်ကျက်ပုံ) နဲ့ ရှင်းပြချင်ပါတယ်။ တကယ်လို့ သင်ဟာ ဆုံးဖြတ်ချက် တစ်ခုခု၊ ဒါမှမဟုတ် ကိစ္စတစ်ခုခုကို လုပ်ဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် ဘယ်လို လုပ်သင့်တယ်၊ လုပ်ရမယ် ဆိုတာကို မသိဘူးဖြစ်နေပြီး လီနော်မန်ကတ်တွေနဲ့ အဖြေရှာကြည့်မယ် ဆိုရင်... ဒီ “ပြေးလမ်း ဖြန့်ကျက်ပုံ” ကို အသုံးပြုပြီး အကြံဉာဏ် ရယူနိုင်ပါတယ်။

ပထမဆုံး ဖြန့်ကျက်ပုံရဲ့ ဘယ်ဘက်မှာ လူကိုယ်စားပြု ကတ်တစ်ခုခုကို ချရပါမယ်။ ပြီးတဲ့အခါ အဲဒီကတ်ရဲ့ ညာဘက် ခပ်လှမ်းလှမ်းမှာ တစ်တန်းတည်းနေရာမှာ သင်အကြံတောင်းခံချင်တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ ကိုယ်စားပြုကတ်ကို ချရပါမယ်။ ပြီးတဲ့နောက် အနည်းဆုံး ၃ ချပ်ကနေ အများဆုံး ၇ ချပ်အထိ ကတ်တွေကို ဘယ်ကနေ ညာသို့ ဖြန့်ခင်းပြီး လေ့လာရပါမယ်။


ကိုယ်စားပြု ကတ်၂ခု ကြားမှာ ပထမဆုံး ၃ ချပ် အရင် ချကြည့်ပါ။ အဲဒီကနေ အဓိပ္ပာယ် ကောက်ကြည့်ပါ။ ကတ်တွေက အဖြေကို ရှင်းရှင်းလင်းလင်း ပြဆိုနေပြီဆိုရင် နောက်ထပ် ကတ်တွေ ထပ်ပြီးချဖို့ မလိုတော့ပါဘူး။ တကယ်လို့ အဖြေက မရှင်းလင်းဘူးဆိုရင် နောက်ထပ် ၄ ချပ် အထိ ထပ်ဆွဲပြီး ကြည့်လို့ပါတယ်။ စုစုပေါင်း ၇ ချပ်ထက်တော့ မကျော်ရပါဘူးလို့ ဆိုထားပါတယ်။ အဲဒီမှာ ကျလာတဲ့ ကတ်တွေကနေ သင့်ရဲ့ ကိစ္စကို ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာ သင် အကြံဉာဏ် ရယူနိုင်ပါမယ်။

ကိုယ်စားပြု ကတ်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ထပ်ပြောချင်ပါတယ်။ ရှေးရိုး အစဉ်အလာအရ Man ကတ်က ယောက်ျားကို ကိုယ်စားပြုပြီး၊ Lady ကတ်က မိန်းမကို ကိုယ်စားပြုတာပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ Third Sex Group (တတိယ လိင်အုပ်စု) လို့ခေါ်တဲ့ Gay တွေ Lesbian တွေဟာ တော်တော်လေး အင်အားကြီးထွားနေပါတယ်။

ကျွန်တော် အခု ရောက်နေတဲ့ နိုင်ငံမှာ အဲဒီလို လူတွေဟာ တစ်ဝက်နီးပါး ရှိပါတယ်။ သူတို့တွေ လာတွက်ခိုင်းတဲ့အခါမှာ တော်တော်လေး စိတ်ရှုပ်ရသလို ပညာလည်း ရပါတယ်။ ပုံမှန်အရဆိုရင် ကျွန်တော်နဲ့ ကျွန်တော့် ချစ်သူအကြောင်းကို တွက်တဲ့အခါ ကျွန်တော့် နေရာမှာ ယောက်ျားပုံကတ် Man ကို ကိုယ်စားပြု ထားရပြီး ကျွန်တော့်ချစ်သူနေရာမှာ မိန်းမပုံ Lady ကို ထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့တွေအတွက်ကျတော့ အဲလို မဟုတ်ပါဘူး... အဲဒီတော့ သူတို့ရဲ့ ချစ်သူကို ကိုယ်စားပြုတဲ့ ကတ်ကို ကျွန်တော်က ခွေးပုံ Dog ကတ်ပြားရွေးချယ်လိုက်တာ များပါတယ်။


လာမေးတဲ့သူကို ကိုယ်စားပြုတဲ့ကတ် ဆွဲတဲ့အခါ အရင်တုန်းက  ဇီဝဗေဒ ခွဲခြားခြင်းအရ အဖို၊ အမကို ခွဲပြီး အဲဒီလူကို အထီးလို့ ယူဆရင် အထီးဆိုပြီး ကိုယ့်ဘာသာ ကိုယ်စားပြု ကတ်ကို ရွေးပါတယ်။ အဲဒီလို ရွေးပြီး ဟောတဲ့အခါ သိပ် မတိုက်ဆိုင်တာကို တွေ့ရပါတယ်။

လီနိုမန်နှင့်ဆယ့်နှစ်ရာသီခွင်

လီနော်မန်ကတ် တစ်ထုပ်မှာ စုစုပေါင်း ၃၆ ကတ် ရှိတဲ့အတွက် ၁၂ ရာသီခွင်နဲ့ ဆက်စပ်ရတာက သိပ်အခက်အခဲ မရှိပါဘူး။ ဒီနေရာမှာ တစ်ခု ပြောချင်တာက ကျွန်တော်ဟာ နက္ခတ်ဗေဒင်တွေကို ကျွမ်းကျင်တဲ့သူ မဟုတ်တာကြောင့် နက္ခတ်သဘောတရားတွေကို အသေးစိတ် ပြောပြသွားမှာ မဟုတ်ပါဘူး။ လီနော်မန်ကတ်တွေနဲ့ ဆက်စပ်မှုကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။

လီနော်မန် ၃၆ ကတ်နဲ့ နက္ခတ်သင်္ကေတတွေကို ဆက်စပ်တဲ့နေရာမှာ နည်းစနစ်တွေ အမျိုးမျိုး ရှိနိုင်ပါလိမ့်မယ်။ ဒီမှာတော့ဖြင့် အလွယ်ဆုံးဖြစ်တဲ့ Faces (သို့) Decans တွေနဲ့ ဆက်စပ်တာကို ပြောပြချင်ပါတယ်။ နေ့တစ်နေ့ကို အချိန်ပိုင်းတဲ့ စနစ်အရ Decans ၃၆ ခု ပိုင်းနိုင်ပါတယ်။ Decans တွေကို မြန်မာလိုတော့ တြိစက္ကလို့ ခေါ်ပါတယ်။ ရာသီတစ်ခုကို သုံးပိုင်းပိုင်းတာပါ။ လီနော်မန် ကတ် ၃၆ ချပ်ကို အဆိုပါ ၃၆ ခုနဲ့ ဆက်စပ်လိုက်နိုင်တဲ့အတွက် သိပ်အခက်အခဲ ရှိလှမှာ မဟုတ်ပါဘူး။

Decans တွေကို ရှေးအကျဆုံးအဖြစ် အီဂျစ်လူမျိုးတွေက အသုံးပြုခဲ့တယ်လို့ 10th Dynasty (2100 BCE) လောက်က ခေါင်းတလား တစ်ခုရဲ့ အဖုံးမှာ တွေ့ရပါတယ်။ အဲဒီမှာ Decans တစ်ခုစီကို ၁၀ ရက်သတ်မှတ်ထားပြီး Decan ၃၆ ခုအရ တစ်နှစ်မှာ (၃၆ x ၁၀) ရက်ပေါင်း ၃၆၀ အဖြစ် အီဂျစ် ပြက္ခဒိန်ကို သတ်မှတ်ပါတယ်။ Solar System အရ နေသွားပြက္ခဒိန်ကတော့ ၃၆၅ ရက်ရှိတဲ့အတွက် ကွာဟချက်တော့ ရှိပါလိမ့်မယ်။

စက်ဝိုင်းတစ်ပတ်မှာ ၃၆၀ ဒဂရီ ရှိတဲ့အတွက် Decans တစ်ခုဟာ ၁၀ ဒီဂရီ ပိုင်ဆိုင်ပါတယ်။ ဒါကြောင့် ၁၂ ရာသီခွင်ရဲ့ သင်္ကေတ တစ်ခုစီမှာ Decans ၃ ခုစီရှိပါလိမ့်မယ်။ ဒီအောက်က Table of Faces/ Decans မှာ ရာသီခွင်တွေနဲ့ Decan အလိုက် ဆိုင်ရာ ဂြိုဟ်ခွင်တွေ ဆက်စပ်ပုံကို ဖော်ပြထားပါတယ်။


First
Decan ruler
(0- 10.999°)
ပထမအံသာ
Second
Decan ruler
(11- 20.999°)
ဒုတိယအံသာ
Third
Decan ruler
(21- 29.999°)
တတိယအံသာ
Aries - မိဿ
Mars
Sun
Venus
Taurus - ပြိဿ
Mercury
Moon
Saturn
Gemini - မေထုန်
Jupiter
Mars
Sun
Cancer - ကရကဋ်
Venus
Mercury
Moon
Leo - သိဟ်
Saturn
Jupiter
Mars
Virgo - ကန်
Sun
Venus
Mercury
Libra - တူ
Moon
Saturn
Jupiter
Scorpio - ဗြိစ္ဆာ
Mars
Sun
Venus
Sagittarius - ဓနု
Mercury
Moon
Saturn
Capricorn - မကာရ
Jupiter
Mars
Sun
Aquarius - ကုမ်
Venus
Mercury
Moon
Pisces - မိန်
Saturn
Jupiter
Mars


အဲဒီမှာ သွားတဲ့ ပုံသဏ္ဍာန်က ဂြိုဟ်ခွင် ၇ ခုကို အစီအစဉ်အတိုင်း Saturn, Jupiter, Mars, Sun, Venus, Mercury, Moon ဆိုပြီး ထပ်ကျော့နေတာ ဖြစ်ပါတယ်။ ဒါဆိုရင်ဖြင့် လီနော်မန် ကတ်တွေနဲ့ အလွယ်တကူ ဆက်စပ်နှိုင်းယှဉ်လို့ ရသွားပါပြီ။ Decans ၃၆ ခုအရ နှစ်တစ်နှစ်ကို အသေးစိတ်ပိုင်းနိုင်တဲ့အတွက် ဘယ်နေ့ဘယ်အချိန် ကာလဆိုတာကို လီနော်မန်နဲ့ အကြမ်းဖျင်း ဟောကြားနိုင်ပါလိမ့်မယ်။

ဒီအောက်က 36 Decans ဇယားဟာ Paul Christian ရဲ့ The History and Practice of Magic ကနေ ထုတ်နှုတ်ထားတာပါ။


The Thirty-Six Decans
ဂြိုဟ်ခွင်
ရာသီခွင် ဒီဂရီ
နေ့ရက်
လီနော်မန် ကတ်
Mars
Aries 1-10
March 21 - March 30
09) Bouquet
Sun
Aries 11-20
March 3 - April 9
10) Scythe
Venus
Aries 21-30
April 10 - April 19
11) Whip
Mercury
Taurus 1-10
Apr 20 - Apr 29
12) Birds
Moon
Taurus 11-20
Apr 30 - May 9
13) Child
Saturn
Taurus 21-30
May 10 - May 19
14) Fox
Jupiter
Gemini 1-1O
May 20 - May 29
15) Bear
Mars
Gemini 11-20
May 30 - June 8
16) Stars
Sun
Gemini 21-30
June 9 - June l8
17) Stork
Venus
Cancer 1-10
June 19 - July 3 July
18) Dog
Mercury
Cancer 11-20
July 4 - July 13
19) Tower
Moon
Cancer 21-30
July 14 - July 23
20) Garden
Saturn
Leo 1-10
July 24 - Aug 2
21) Mountain
Jupiter
Leo 11-2O
Aug 3 - Aug 12
22) Crossroads
Mars
Leo 21-30
Aug 13 - Aug 22
23) Mouse
Sun
Virgo 1-10
Aug 23 - 1 Sep
24) Heart
Venus
Virgo 11-30
Sep 2 - Sep ll
25) Ring
Mercury
Virgo 21-30
Sep 12 - Sep 21
26) Book
Moon
Libra 1-10
Sep 22 - Oct 1
27) Letter
Saturn
Oct 2-Oct 11
Libra 11 - 20
28) Man
Jupiter
Libra 21-30
Oct 12 - Oct 21
29) Lady
Mars
Scorpio 1-10
Oct 22 - Oct 31
30) Lily
Sun
Scorpio 11-20
Nov 1 - Nov 10
31) Sun
Venus
Scorpio 31-30
Nov 11 - Nov 20
32) Moon
Mercury
Sagittarius 1-10
Nov 21 - Nov 30
33) Key
Moon
Sagittarius 11-20
Dec 1 - Dec 10
34) Fish
Saturn
Sagittarius 21-30
Dec 11 - Dec 20
35) Anchor
Jupiter
Capricorn 1-10
Dec 21 - Dec 30
36) Cross
Mars
Capricorn 11-30
Dec 31 - Jan 9
01) Rider
Sun
Capricorn 31-30
Jan 10 - Jan 19
02) Clover
Venus
Aquarius 1-10
Jan 20 - Jan 29
03) Ship
Mercury
Aquarius 11-30
Jan 30 - Feb 8
04) House
Moon
Aquarius 21-30
Feb 9 - Feb 18
05) Tree
Saturn
Pisces 1-10
Feb 19 - Feb 28 & 29
06) Clouds
Jupiter
Pisces 11-20
Mar 1 - Mar 10
07) Snake
Mars
Pisces 21-30
Mar 11 - Mar 20
08) Coffin

ကတ်တွေနဲ့ နှိုင်းယှဉ်တဲ့နေရာမှာ Aries (မိဿ) ရာသီရဲ့ ပထမ အံသာကို နံပါတ် (၉) ကတ်ဖြစ်တဲ့ Bouquet ကနေပြီး စတင် ဆက်စပ်ထားပါတယ်။ ဘာကြောင့် ဒီလို ယူဆတယ်ဆိုတာကိုတော့ မသိပါဘူး။ ဒီနည်းစနစ်ကို လီနော်မန် နိမိတ်ဖတ် ဆရာမဖြစ်တဲ့ Chanah က သူမရဲ့ ဆိုက်ဒ်မှာ ပြောပြထားတာပါ။ သူမ တီထွင်ထားတာ မဟုတ်ဘဲ သူမရဲ့ မိတ်ဆွေ ဖြစ်တဲ့ Dr. Richard Farr က အသုံးပြုတာလို့လည်း ဆိုပါတယ်။

Astrological Lenormand ဆိုပြီး လီနော်မန် ဖဲထုပ်ရှိပါတယ်။ ကတ်ပြားထောင့်တွေမှာ နက္ခတ်သင်္ကေတတွေကို ဖော်ပြထားပါတယ်။ ကျွန်တော်မကြာခဏသုံးတဲ့ Mystical Lenormand မှာလည်း ကတ်ပြားထောင့်မှာ နက္ခတ်သင်္ကေတတွေ ပါပါတယ်။ ဒါပေမယ့် ယှဉ်တွဲဆက်စပ်တဲ့ နေရာမှာ အထက်က ကျွန်တော်ပြောပြသွားသလိုမျိုး မဟုတ်ပါဘူး။ အဆိုပါ ဖဲထုပ် ၂ ထုပ်ကလည်း အချင်းချင်း ယူဆထားပုံ မတူပါဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နည်းလမ်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ လီနော်မန်နဲ့ နက္ခတ်တွေရဲ့ ဆက်စပ်မှုကို သိရှိပြီ ဖြစ်တဲ့အတွက် ကတ်တွေနဲ့ ဟောကြားတဲ့နေရာမှာ ပိုမိုပြီး အသေးစိတ်ကျတဲ့ သဘောတရားတွေကို နှိုင်းယှဉ်တွဲစပ် ဟောကြားလာနိုင်မယ်လို့ ထင်ပါတယ်။ Decans ၃၆ ခုအရ နှစ်တစ်နှစ်ကို အသေးစိတ်ပိုင်းနိုင်တဲ့အတွက် ပထမဆုံး အဆင့်အနေနဲ့ ဘယ်လ ဘယ်ရက် ဆိုတာကို လီနော်မန်နဲ့ အသေးစိတ် ဟောကြားနိုင်ပါလိမ့်မယ်။
Tag : cards
0 Komentar untuk "လီနိုမန်ဆိုသည်မှာ........။"

MM-Search. Powered by Blogger.
Back To Top