.

ဆဲလစ်တို့ရဲ့အချစ်နတ်ဘုရားငယ်လေး အိန်းဂတ် (Aengus)

Aengus (Oíngus, Óengus-အိုင်ယာလန်ဘာသာစကား) - အိန်းဂတ်သည် ဆဲလ်တစ် နှင့် အဲရစ်တို့၏ အချစ်နတ်ဘုရားငယ်လေးဖြစ်ပြီး သူ့ကို ငယ်ရွယ်နုပျိမှုတို့ရဲ့နတ်ဘုရားလို့လည်း တင်စားကြသည်။ အရမ်းချစ်စရာကောင်းပြီး နတ်မိမယ်တိုင်းလိုလိုတိုင်း အိန်းဂတ်နတ်ဘုရားလေးကို မျှော်လင့်ကြသည်။ သူရဲ့ခေါင်းအပေါ်တွင် လှပလှသောငှက်လေးလေးကောင်က အမြဲတမ်းလိုက်ပါနေတတ်သည်။ ကျုးပစ်နှင့် တာဝန်အတူတူလို့ ဖြစ်ပြီး စကြာဝဠာလုံးဆိုင်ရာ ချစ်ခြင်းတရားစီရင်ရေးအဖွဲ့ကြီးရဲ့ နတ်သူငယ်လေးတစ်ပါးဆိုပေမယ့်လည်း ကမ္ဘာမှာရော ဆဲလ်တစ်မှာရော အချစ်နတ်ဘုရားလို့ ဆိုသမှတ်ပြုကြပါတယ်။ ချစ်ခြင်းတရားအပြည့်ဖြင့် မိမိချစ်သောသူအား နမ်းရှိုက်လိုက်ပါက အိန်းဂတ်နတ်ဘုရားက သင်တို့ထံသို့ ချစ်ခြင်းတရား၏မွန်မြတ်သောကံကောင်းမှုများကို ယူဆောင်လာပေးတတ်ပါသည်။ သူသည် ဆဲလ်တစ်နတ်ဒေ၀တာလောကကြီးမှာ မရှိမဖြစ် အရေးကြီးသော နတ်ဘုရားတစ်ပါးဖြစ်သူ Dagda နှင့် မြစ်စောင့်မယ်တော်ဖြစ်သော Boann တို့ရဲ့ သားပဲ ဖြစ်ပါတယ်။


တစ်ခါတုန်းက အိန်းဂတ်သည် ချစ်စရာကောင်းလှသော ရေသူမလေးတစ်ယောက်အား ချစ်ကြိုက်မိခဲ့ပြီး အချစ်နာကျခဲ့ဘူးလေသည်။ သူရဲ့အမေဖြစ်သူ မြစ်စောင့်မယ်တော် Boann ကို ရင်ဖွင့်ပြီး အိုင်ယာလန်တစ်ကျွန်းလုံးနှင့် ရေရှိရာနေရာများကို အမေဖြစ်သူ မြစ်စောင့်မယ်တော်က ရှာဖွေခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး.။ နှစ်ပေါင်းအချိန်ပေါင်းများစွာ ရှာဖွေခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဘယ်လိုမှ ရှာမတွေ့ခဲ့သည်အတွက် ခမည်းတော်ဖြစ်သူ Dagda က စံမြန်းရာ နန်းတော်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်း ရေသူမလေးကို လိုက်လံမရှာဖွေတော့ချေ။ သို့ပေမယ့် အိန်းဂတ်ကတော့ လွမ်းတသသဖြင့်သာ အချိန်ကုန်နေပေမယ့်လည်း ရေသူမလေးသတင်းကိုတော့ ဆက်လက်၍ ရှာဖွေနေဆဲပါပဲ။

နောက်ဆုံးမှာတော့ ခမည်းတော် Dagda ကြီးရဲ့ အိမ်နီးချင်းကျွန်းတစ်ခုဖြစ်သော မြူစတာကျွန်းမှာ အနီရောင်ဒါနတပ်ဘုရင်ကြီးမှ နောက်ဆုံးတော့ ရေသူမလေးရဲ့နေရပ်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။
အိန်းဂတ်သည် နဂါးခံတွင်းပေါက်ရေအိုင်ကို သွားရောက်ခဲ့ပြီး အဲ့ဒီရေအိုင်တွင် ရွှေရောင်လက်ကောင်များကို ၀တ်ဆင်ထားသော ရေသူမလေးပေါင်း 150 ကို တွေ့ရှိခဲ့သည်။ အဲ့ဒီ 150 ရှိသော ရေသူမလေးတွေထဲမှာ အိန်းဂတ်တကယ်ချစ်ကြိုက်ခဲ့သော ရေသူမလေး Caer (ဆီယာ)ကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိခဲ့သည်။ ရေသူမလေးဆီယာသည်လည်း ရေအောက်ဒါနတပ်တိုင်းပြည်ကြီးကို အစိုးရသော Ethal နှင့် Anubal တို့ရဲ့သမီးလေးဖြစ်ပြီး Dananns of Connact ရေအောက်ဒါနတပ်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးတစ်ပါး ဖြစ်သည်။ တစ်နှစ်လုံးအတွင်းမှာ ရေသူမလေးတွေက နိုဝင်ဘာလတစ်လထဲသာ လူသားအသွင်ဖြစ်ပြီး ကျန်သည့်အချိန်ကာလများတွင် ရေသူမအသွင်ဖြင့် နေထိုင်ရလေသည်။ ထို့ကြောင့် လူသားအသွင်ဖြစ်သော နိုဝင်ဘာလတစ်ရက်နေ့ရောက်တိုင်း Dananns of Connact ရေအောက်ဒါနတပ်တိုင်းပြည်ကြီးကို သွားပြီး နေထိုင်ခဲ့တယ်။

သူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ပြီး သီချင်းလေးပေါင်းမြောက်မြားစွာကို ရေးစပ်သီဆိုကြတယ်။ သူတို့ရဲ့သီချင်းတစ်ခါဆိုရင် သုံးရက်နဲ့တစ်ညကြာပါတယ်။ အိုင်ယာလန်တွင်ရှိသော လူတွေလူတွေက နိုဝင်ဘာအချိန်ဆိုရင် ပင်လယ်ဘက်ခြမ်းမှ သီချင်းသံများ ပြန့်လွှင့်လာတယ်လို့ ဆိုကြပါတယ်။

မိုးကြယ်စင်
0 Komentar untuk "ဆဲလစ်တို့ရဲ့အချစ်နတ်ဘုရားငယ်လေး အိန်းဂတ် (Aengus)"

MM-Search. Powered by Blogger.
Back To Top